သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ အဂတိမႈနဲ႔ တရားစြဲခံရ


ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ မႏၱေလးတိုင္း ၀န္ၾကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီး တရားစဲြခံေနရတဲ့ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ နဲ႔ စစ္ေကာင္စီက တရားစြဲပါတယ္။ မူလထဲက အမႈ ၂ ခုနဲ႔တရားစြဲထားတဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္ကို ေထာင္ဒဏ္ ၁၅ ႏွစ္အထိခ်မွတ္ႏိုင္တဲ့ အဂတိလိုက္စားမႈနဲ႔ အမႈတိုး တရားစဲြလိုက္တာပါ။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက ေျပာျပပါမယ္။

လက္႐ွိဖမ္းဆီးခံထားရတဲ့ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို ဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္စဥ္ကာလအတြင္း ေဆးကုသစရိတ္နဲ႔ ပါတီ႐ုံးေျမေနရာကိစၥေဆာင္႐ြက္မႈေတြမွာ အဂတိလိုက္စားမႈရွိခဲ့တယ္ဆိုၿပီး အဂတိလိုက္စားမႈနဲ႔ စစ္ေကာင္စီက ၁ မႈတိုး တရားစဲြလိုက္ပါတယ္။

မႏၱေလးတိုင္းထဲက စီးပြားေရးကုမၸဏီတခုက ေဆးကုသစရိတ္ဆိုၿပီး အေၾကာင္းျပေပးတဲ့ ေငြက်ပ္သိန္း ၆၅၀၊ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕ ေဆး႐ံုတခုမွာ ေဆးသြားကုစဥ္ စီးပြားေရးလုပ္ငန္း႐ွင္တေယာက္ေပးတဲ့ ေဒၚလာ ၁ သိန္း စတဲ့ ေငြေတြကို တံစိုးလက္ေဆာင္အျဖစ္ လက္ခံခဲ့တယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။ ေထာင္ဒဏ္ ၁၅ ႏွစ္အထိခ်မွတ္ႏိုင္တဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ နဲ႔ အမႈထပ္တုိးလိုက္တာကို စစ္ေကာင္စီသတင္းမွာ ေၾကညာမွ သိခဲ့ရတယ္လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚသဲစုေဝ က ဗြီအိုေအကို ေျပာပါတယ္။

"MRTV ကေန ေၾကျငာတာဘဲသိေသးတယ္။ ႐ုံးကိုအမႈဆြဲတင္တာမရွိေသးဘူး။ စြဲတာစြဲမွာေပါ့ေလ ေၾကျငာၿပီးရင္စြဲမွာေပါ့ေလ။ ဘာအေၾကာင္းအခ်င္းရာနဲ႔စြဲၿပီး အဂတိပုဒ္မဘယ္ေလာက္ဆိုတာမသိရေသးဘူး။ က်မတို႔က တရား႐ုံးေရာက္မွ ဒီအေၾကာင္းအခ်င္းရာကိုလိုက္ဖို႔ ပါဝါတင္ဖို႔ရယ္ ဒီအမႈတြဲကိုေတာင္းယူၾကည့္ခြင့္ရွိတာဆိုေတာ့ အမႈဆြဲတာက တရား႐ုံးမွာေရာက္မလာေသးဘဲ MRTV ကဘဲ ေၾကျငာလိုက္တာ။ အဲလိုဆိုေတာ့ စြဲတင္မွသာ ဘာအေၾကာင္းရာနဲ႔စြဲ၊ ဘယ္အခ်က္ဆိုတာေျပာႏိုင္မွာေပါ့ေနာ္။"

ေဒါက္တာေဇာ္ျမင့္ေမာင္ မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့စဥ္က မႏၲေလးတိုင္းအတြင္း စီမံကိန္း ဧရိယာနဲ႔ ဆက္စပ္လက္ယာေျမေတြကို အျခားနည္းသုံးစြဲခြင့္ ရဖို႔နဲ႔ စီမံကိန္းလုပ္ငန္းေတြ ဆက္ၿပီးလုပ္ကိုင္ႏိုင္ဖို႔အတြက္ ကုမၸဏီတခုဆီကေန ထိုင္းဘတ္ေငြ သုံးသိန္းကိုလည္း တံစုိးလက္ေဆာင္အျဖစ္ယူခဲ့တယ္လို႔ စစ္ေကာင္စီက စြပ္စြဲထားပါတယ္။

ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လုပ္ေဆာင္မႈ ပုဒ္ ၅၀၅ (ခ)၊ သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ၂၅/၃၀(က) တို႔နဲ႔လည္း တရားစြဲဆိုခံထားရပါတယ္။ နက္ျဖန္ ဇူလိုင္ ၉ ရက္ေန႔က်ရင္ ဒီအမႈေတြအတြက္ စြဲခ်က္တင္မတင္ ဆုံးျဖတ္ဖို႔ရွိတယ္လို႔ ေရွ႕ေနကေျပာပါတယ္။

"ဆရာေဇာ္က လက္ရွိက ၂ မႈ။ ၅၀၅-ခ နဲ႔ သဘာဝေဘးက ၂၅/၃၀(က) ေပါ့။ အဲ၂ မႈကိုရင္ဆိုင္ေနရတာ မနက္ဖန္ ၉ ရက္ေန႔ကို အဲဒီ၂ မႈကို စြဲခ်က္တင္ရန္သင့္မသင့္ကို တရား႐ံုးမွာအမိန႔္ခ်မယ္ ဆြဲခ်က္တင္ရင္ဆက္ရင္ဆိုင္ေပါ့။ မတင္ရင္လြတ္မွာေပါ့။ က်မတို႔ဆီကေလာ့ခ္ေဒါင္းခ်လိုက္ၿပီေလ။ မေန႔ကစတာ။ ေထာင္ကေန ဝင္ခြင့္ေပးလားမေပးလားဆိုတာ မနက္ဖန္မွသိရမွာ ဒီေန႔ကေတာ့မေပးဘူး။ က်မတို႔က ဗီဒီယို ကြန္ဖရန႔္နဲ႔ကအဆင္မေျပဘူး။ လက္မခံႏိုင္တာေျပာထားတယ္၊ အင္တာနက္ကမေကာင္းေတာ့ တဖက္တရားသူႀကီးေျပာတာ က်မတို႔မၾကားဘူး။ က်မတို႔အဲဒါနဲ႔ လက္မခံတာ ေျပာထားတယ္။ ႐ုံးခ်ိန္းပဲေပးမလား ေထာင္ထုတ္မလားမသိရေသးဘူး။"

စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ NLD အစိုးရလက္ထက္က ဝန္ႀကီးခ်ဳပ္ေတြ ေတာ္ေတာ္မ်ားမ်ားကို ေထာင္ဒဏ္ ၁၅ ႏွစ္အထိခ်မွတ္ႏိုင္တဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲထားပါတယ္။ အဲဒီထဲမွာ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳလည္းပါဝင္ပါတယ္။ ဒီအမႈေနာက္ဆံုး အေျခအေနနဲ႔ပတ္သက္လို႔ သူ႔ေ႐ွ႕ေန ဦးျမင့္ေအာင္က ဗီအိုေအကို ခုလိုေျပာပါတယ္။

"အဂတိလိုက္စားမႈဥပေဒ ၅၅ နဲ႔ဆြဲတာေလ တိုင္းေဒသႀကီးလႊတ္ေတာ္မွာ တရားစြဲတာ ေဒါက္တာေအာင္မိုးညိဳ က ၇ မႈ၊ ေနာက္ေဒါက္တာေအာင္မိုးညိဳ၊ ေဒါက္တာခင္ေမာင္ေအးတို႔၊ လႊတ္ေတာ္ဥကၠ႒ ဦးတာတို႔ ဝန္ႀကီးဦးတင္ႏြယ္ဦးတို႔ သူတို႔ ၄ ဦးကိုအမႉေပါင္း ၈ မႈနဲ႔ဆြဲတာေပါ့။ တရားလိုက ၂ ေယာက္ထဲ ခြဲဆြဲတာေပါ့ ။ ဦးသိန္းေဇာ္ဦးနဲ႔ ဦးမိုးေက်ာ္လြင္ ၂ ေယာက္က ခြဲဆြဲတာေပါ့။ မေန႔ကအမႈတင္တာ က်ေနာ္တို႔လည္း မိုးခ်ဳပ္မွသိရတာ။ သူတို႔ကို ၁၄ ရက္ေန႔ခ်ိန္းတယ္လို႔ၾကားပါတယ္။ က်ေနာ္တို႔ကေတြ႕ကိုမေတြ႕ရေသးဘူး စြပ္စြဲခံထားရတဲ့သူေတြနဲ႔ေပါ့ေထာင္ကလည္းပိတ္ထားေတာ့ေလ အမႈေတြေတာင္ျပန္ခ်ိန္းေနရေတာ့ေလ ပါဝါယူဖို႔မနက္ဖန္မွေထာင္ကိုပို႔ရမွာေပါ့ လူခ်င္းလဲေတြ႕ရမွာမဟုတ္ဘူး။ ပါဝါတင္အမႈစစ္ရတာ ဥပမာ ၁၄ ရက္ေန႔ပါဝါတင္အမႈစစ္ရရင္ အားႀကီးအခက္အခဲျဖစ္တယ္ ခုခံေရးလမ္းေၾကာင္းကဘယ္လိုမွအဆင္မေျပႏိုင္ပါဘူး။"

ေဒါက္တာေအာင္မိုးညိဳကို ၅၀၅ -ခ အမႈအတြက္ မေကြးေထာင္အထူးတရား႐ုံးက အလုပ္ၾကမ္းနဲ႔ေထာင္ ၂ ႏွစ္ျပစ္ဒဏ္ခ်ထားပါတယ္။ သူ႔အေပၚ သဘာဝေဘးဒဏ္ စီမံခန္႔ခြဲမႈဥပေဒပုဒ္မ ၂၅ နဲ႔လည္း တရားစြဲထားပါတယ္။ ဒီအမႈအတြက္ တရားလိုဘက္က သက္ေသအျဖစ္တင္သြင္းလာတဲ့ ဓါတ္ပုံေတြကို ေဒါက္တာေအာင္မိုးညိဳရဲ႕ ေရွ႕ေန႔အဖြဲ႕က ကန႔္ကြက္ထားတဲ့အေပၚ လာမယ့္အပတ္မွာ သက္ေသပစၥည္းကို လက္ခံမခံ အမိန႔္ခ်ဖို႔ရွိတယ္လို႔လည္း ေရွ႕ေနကေျပာပါတယ္။

ေနာက္ထပ္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၅ နဲ႔ တရားစြဲခံရတဲ့ ဝန္ႀကီးခ်ဳပ္ေတြကေတာ့ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ၊ စစ္ကိုင္းတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္၊ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုတို႔ ျဖစ္ပါတယ္။

စြဲဆိုထားတဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၅ ဆိုတာက ႏိုင္ငံေရးရာထူး လက္ရွိ ျဖစ္သူ ဒါမွမဟုတ္ ႏိုင္ငံေရးရာထူး ရရွိခဲ့သူတေယာက္ေယာက္ဟာ အဂတိ လိုက္စားမႈက်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားခဲ့တယ္လို႔ ဆုံးျဖတ္ရင္ အဲဒီလူကို ၁၅ ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ခ်မွတ္ႏိုင္သလို ေငြဒဏ္လည္းခ်မွတ္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

.............................................................................................

တိုက္႐ိုက္ လင့္ခ္


မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အဂတိမှုနဲ့ တရားစွဲခံရ

(Unicode)

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး တရားစွဲခံနေရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက တရားစွဲပါတယ်။ မူလထဲက အမှု ၂ ခုနဲ့တရားစွဲထားတဲ့ ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့ အဂတိလိုက်စားမှုနဲ့ အမှုတိုး တရားစွဲလိုက်တာပါ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

လက်ရှိဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဆေးကုသစရိတ်နဲ့ ပါတီရုံးမြေနေရာကိစ္စဆောင်ရွက်မှုတွေမှာ အဂတိလိုက်စားမှုရှိခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက ၁ မှုတိုး တရားစွဲလိုက်ပါတယ်။

မန္တလေးတိုင်းထဲက စီးပွားရေးကုမ္ပဏီတခုက ဆေးကုသစရိတ်ဆိုပြီး အကြောင်းပြပေးတဲ့ ငွေကျပ်သိန်း ၆၅၀၊ ထိုင်းနိုင်ငံဘန်ကောက်မြို့ ဆေးရုံတခုမှာ ဆေးသွားကုစဉ် စီးပွားရေးလုပ်ငန်းရှင်တယောက်ပေးတဲ့ ဒေါ်လာ ၁ သိန်း စတဲ့ ငွေတွေကို တံစိုးလက်ဆောင်အဖြစ် လက်ခံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်တိုးလိုက်တာကို စစ်ကောင်စီသတင်းမှာ ကြေညာမှ သိခဲ့ရတယ်လို့ ဒေါက်တာဇော်မြင့်မောင်ရဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်သဲစုဝေ က ဗွီအိုအေကို ပြောပါတယ်။

"MRTV ကနေ ကြေငြာတာဘဲသိသေးတယ်။ ရုံးကိုအမှုဆွဲတင်တာမရှိသေးဘူး။ စွဲတာစွဲမှာပေါ့လေ ကြေငြာပြီးရင်စွဲမှာပေါ့လေ။ ဘာအကြောင်းအချင်းရာနဲ့စွဲပြီး အဂတိပုဒ်မဘယ်လောက်ဆိုတာမသိရသေးဘူး။ ကျမတို့က တရားရုံးရောက်မှ ဒီအကြောင်းအချင်းရာကိုလိုက်ဖို့ ပါဝါတင်ဖို့ရယ် ဒီအမှုတွဲကိုတောင်းယူကြည့်ခွင့်ရှိတာဆိုတော့ အမှုဆွဲတာက တရားရုံးမှာရောက်မလာသေးဘဲ MRTV ကဘဲ ကြေငြာလိုက်တာ။ အဲလိုဆိုတော့ စွဲတင်မှသာ ဘာအကြောင်းရာနဲ့စွဲ၊ ဘယ်အချက်ဆိုတာပြောနိုင်မှာပေါ့နော်။"

ဒေါက်တာဇော်မြင့်မောင် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က မန္တလေးတိုင်းအတွင်း စီမံကိန်း ဧရိယာနဲ့ ဆက်စပ်လက်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့် ရဖို့နဲ့ စီမံကိန်းလုပ်ငန်းတွေ ဆက်ပြီးလုပ်ကိုင်နိုင်ဖို့အတွက် ကုမ္ပဏီတခုဆီကနေ ထိုင်းဘတ်ငွေ သုံးသိန်းကိုလည်း တံစိုးလက်ဆောင်အဖြစ်ယူခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ပုဒ် ၅၀၅ (ခ)၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅/၃၀(က) တို့နဲ့လည်း တရားစွဲဆိုခံထားရပါတယ်။ နက်ဖြန် ဇူလိုင် ၉ ရက်နေ့ကျရင် ဒီအမှုတွေအတွက် စွဲချက်တင်မတင် ဆုံးဖြတ်ဖို့ရှိတယ်လို့ ရှေ့နေကပြောပါတယ်။

"ဆရာဇော်က လက်ရှိက ၂ မှု။ ၅၀၅-ခ နဲ့ သဘာဝဘေးက ၂၅/၃၀(က) ပေါ့။ အဲ၂ မှုကိုရင်ဆိုင်နေရတာ မနက်ဖန် ၉ ရက်နေ့ကို အဲဒီ၂ မှုကို စွဲချက်တင်ရန်သင့်မသင့်ကို တရားရုံးမှာအမိန့်ချမယ် ဆွဲချက်တင်ရင်ဆက်ရင်ဆိုင်ပေါ့။ မတင်ရင်လွတ်မှာပေါ့။ ကျမတို့ဆီကလော့ခ်ဒေါင်းချလိုက်ပြီလေ။ မနေ့ကစတာ။ ထောင်ကနေ ဝင်ခွင့်ပေးလားမပေးလားဆိုတာ မနက်ဖန်မှသိရမှာ ဒီနေ့ကတော့မပေးဘူး။ ကျမတို့က ဗီဒီယို ကွန်ဖရန့်နဲ့ကအဆင်မပြေဘူး။ လက်မခံနိုင်တာပြောထားတယ်၊ အင်တာနက်ကမကောင်းတော့ တဖက်တရားသူကြီးပြောတာ ကျမတို့မကြားဘူး။ ကျမတို့အဲဒါနဲ့ လက်မခံတာ ပြောထားတယ်။ ရုံးချိန်းပဲပေးမလား ထောင်ထုတ်မလားမသိရသေးဘူး။"

စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် NLD အစိုးရလက်ထက်က ဝန်ကြီးချုပ်တွေ တော်တော်များများကို ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲထားပါတယ်။ အဲဒီထဲမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုလည်းပါဝင်ပါတယ်။ ဒီအမှုနောက်ဆုံး အခြေအနေနဲ့ပတ်သက်လို့ သူ့ရှေ့နေ ဦးမြင့်အောင်က ဗီအိုအေကို ခုလိုပြောပါတယ်။

"အဂတိလိုက်စားမှုဥပဒေ ၅၅ နဲ့ဆွဲတာလေ တိုင်းဒေသကြီးလွှတ်တော်မှာ တရားစွဲတာ ဒေါက်တာအောင်မိုးညို က ၇ မှု၊ နောက်ဒေါက်တာအောင်မိုးညို၊ ဒေါက်တာခင်မောင်အေးတို့၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့ ဝန်ကြီးဦးတင်နွယ်ဦးတို့ သူတို့ ၄ ဦးကိုအမှူပေါင်း ၈ မှုနဲ့ဆွဲတာပေါ့။ တရားလိုက ၂ ယောက်ထဲ ခွဲဆွဲတာပေါ့ ။ ဦးသိန်းဇော်ဦးနဲ့ ဦးမိုးကျော်လွင် ၂ ယောက်က ခွဲဆွဲတာပေါ့။ မနေ့ကအမှုတင်တာ ကျနော်တို့လည်း မိုးချုပ်မှသိရတာ။ သူတို့ကို ၁၄ ရက်နေ့ချိန်းတယ်လို့ကြားပါတယ်။ ကျနော်တို့ကတွေ့ကိုမတွေ့ရသေးဘူး စွပ်စွဲခံထားရတဲ့သူတွေနဲ့ပေါ့ထောင်ကလည်းပိတ်ထားတော့လေ အမှုတွေတောင်ပြန်ချိန်းနေရတော့လေ ပါဝါယူဖို့မနက်ဖန်မှထောင်ကိုပို့ရမှာပေါ့ လူချင်းလဲတွေ့ရမှာမဟုတ်ဘူး။ ပါဝါတင်အမှုစစ်ရတာ ဥပမာ ၁၄ ရက်နေ့ပါဝါတင်အမှုစစ်ရရင် အားကြီးအခက်အခဲဖြစ်တယ် ခုခံရေးလမ်းကြောင်းကဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။"

ဒေါက်တာအောင်မိုးညိုကို ၅၀၅ -ခ အမှုအတွက် မကွေးထောင်အထူးတရားရုံးက အလုပ်ကြမ်းနဲ့ထောင် ၂ နှစ်ပြစ်ဒဏ်ချထားပါတယ်။ သူ့အပေါ် သဘာဝဘေးဒဏ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့လည်း တရားစွဲထားပါတယ်။ ဒီအမှုအတွက် တရားလိုဘက်က သက်သေအဖြစ်တင်သွင်းလာတဲ့ ဓါတ်ပုံတွေကို ဒေါက်တာအောင်မိုးညိုရဲ့ ရှေ့နေ့အဖွဲ့က ကန့်ကွက်ထားတဲ့အပေါ် လာမယ့်အပတ်မှာ သက်သေပစ္စည်းကို လက်ခံမခံ အမိန့်ချဖို့ရှိတယ်လို့လည်း ရှေ့နေကပြောပါတယ်။

နောက်ထပ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲခံရတဲ့ ဝန်ကြီးချုပ်တွေကတော့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ ဖြစ်ပါတယ်။

စွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဆိုတာက နိုင်ငံရေးရာထူး လက်ရှိ ဖြစ်သူ ဒါမှမဟုတ် နိုင်ငံရေးရာထူး ရရှိခဲ့သူတယောက်ယောက်ဟာ အဂတိ လိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားခဲ့တယ်လို့ ဆုံးဖြတ်ရင် အဲဒီလူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်သလို ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG