သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တနသၤာရီ ဝန္ႀကီးခ်ဳပ္ကို ပုဒ္မ (၅၀၅-ခ) နဲ႔ တရားစဲြ


တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္ (ဓါတ္ပံု-Tanintharyi Region)

(Zawgyi/Unicode)

တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္ကို ပုဒ္မ (၅၀၅-ခ)နဲ႔ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း တရားစဲြဆို လိုက္ပါတယ္။ တနသၤာရီတုိင္းေဒသႀကီး လႊတ္ေတာ္အတြက္ ေရြးေကာက္ခံထားရတဲ့ ကိုယ္စားလွယ္ေတြကေတာ့ တိုင္းေဒသဆိုင္ရာ CRPH ကို ဖဲြ႔စည္းလိုက္ၿပီး ၊ CRPH (ဗဟုိ)ရဲ႕ လမ္းညႊန္မႈအတိုင္း ဆက္လုပ္နေၾကာင္း အရပ္သားအစိုးရလက္ထက္ တုိင္းေဒသႀကီးအစိုးရအဖဲြ႔ဝင္ ဝန္ႀကီးတဦးက ေျပာတဲ့အေၾကာင္းကိုေတာ့ ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

CDM လႈပ္ရွားမႈမွာ ပါဝင္တဲ့ ဝန္ထမ္းေတြကို အားေပးအားေျမွာက္ လုပ္တယ္ဆိုတဲ့ စြပ္စဲြခ်က္နဲ႔ တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္ကို ပုဒ္မ (၅၀၅-ခ)နဲ႔ အာဏာသိမ္း အဖြဲ႔အစည္းက တရားစဲြဆိုလိုက္တာျဖစ္တယ္လို႔ NLD အစိုးရလက္ထက္ တနသၤာရီတုိင္းအစိုးရအဖြဲ႔ စီမံဘ႑ာဝန္ႀကီးျဖစ္သူ ေဒၚရီရီခ်ဳိက VOA ကို ေျပာပါတယ္။

" တရားစဲြလိုက္တဲ့ ရက္ကေတာ့ ၂၂ ရက္ မတိုင္ခင္ေန႔မွာ ၅၀၅ ခ နဲ႔ တရားစဲြတယ္လို႔ သိလိုက္ရတယ္။ က်မတို႔ သိထားသေလာက္ သူက ၊ အရပ္သားအစိုးရ အာဏာ ျပန္မရခင္မွာ ဝန္ထမ္းေတြကို အားလပ္ရက္အျဖစ္ ခြင့္ျပဳတယ္ဆိုတဲ့စာကို ဝန္ႀကီးခ်ဳပ္တေယာက္အေနနဲ႔ ထုတ္တာမို႔လို႔ ေပ့ါေနာ္။ အဲဒါေၾကာင့္ သူ႔ကို တရားစဲြတယ္လို႔ က်မက အဲဒီလုိ နားလည္လိုက္တယ္။"

ကိုဉာဏ္ဝင္းေအာင္ ။ ။ အခုဆိုရင္ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ (CRPH)ကုိ ဗဟုိအဆင့္မွာ ဖဲြ႔ထားသလို၊ တခ်ဳိ႕ေဒသေတြမွာဆိုရင္လည္း တိုင္းနဲ႔ျပည္နယ္အလိုက္ CRPH အခြဲေတြ ဖဲြ႔ထားတာ ေတြ႔ရေတာ့ တနသၤာရီတုိင္းလႊတ္ေတာ္မွာေရာ CRPH ကို ဖဲြ႔စည္းထားပါသလား ။

ေဒၚရီရီခ်ဳိ ။ ။ ဟုတ္ကဲ့ က်မတို႔လည္း တနသၤာရီတုိင္းလႊတ္ေတာ္ရဲ႕ ကိုယ္စားျပဳေကာ္မတီ CRPH ကို ဖဲြ႔ထားၿပီးပါၿပီ ။ က်မတို႔ကေတာ့ အဓိက ဒီ CRPH နဲ႔ ခ်ိတ္ဆက္ထားၿပီးေတာ့ သူတို႔က ထုတ္ျပန္လိုက္တဲ့ ညႊန္ၾကားခ်က္ေတြ အားလုံးကို က်မတို႔ တုိင္းCRPH ကလည္း စာျပန္ထုတ္ၿပီးေတာ့ သူ႔ရဲ႕လုပ္ငန္းစဥ္ေတြအတိုင္း အားလုံးကို ပူးေပါင္း လုပ္ေဆာင္ေနပါတယ္။

ကိုဉာဏ္ဝင္းေအာင္ ။ ။ CRPH ေကာ္မတီရဲ႕ မၾကာေသးခင္က ညႊန္ၾကားခ်က္ တခုထဲမွာ ၾကားကာလ အုပ္ခ်ဳပ္ေရးအဖြဲ႔ ေတြကို ရပ္ေက်းေတြမွာ ဖဲြ႔စည္းၾကဖို႔ ညႊန္ၾကားထားတာ ေတြ႔ရပါတယ္။ တနသၤာရီတုိင္းမွာေရာ အဲဒီလို စဖဲြ႕ ေနပါၿပီလား ။

ေဒၚရီရီခ်ဳိ ။ ။ " ဟုတ္ကဲ့ တနသၤာရီတုိင္းလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ အေနနဲ႔လည္း ဒီညႊန္ၾကားခ်က္ကို ထုတ္ထားၿပီးပါၿပီ။ ထုတ္ထားေတာ့ အဲဒီထဲမွာပါတဲ့ အခ်က္အလက္အတိုင္း ၊ ျပည္သူ႔အုပ္ခ်ဳပ္ေရး ဆိုေတာ့ကာ ျပည္သူက တကယ့္ကို အားကိုးလက္ခံတဲ့ သူေတြရယ္၊ ရပ္မိရပ္ဖေတြရယ္ ၁၁ ေယာက္ပါဝင္တဲ့အဖဲြ႔ ေတြကို တနသၤာရီတိုင္း လႊတ္ေတာ္က စာမထုတ္ခင္ကတည္းက အဲဒီကိစၥမွာ တက္ၾကြေနတာကို က်မတို႔သိရပါေတာ့ ခုဆိုရင္ ဖဲြ႔စည္းေနၾကၿပီလို႔ ယုံၾကည္ပါတယ္။"

ကိုဉာဏ္ဝင္းေအာင္ ။ ။ အာဏာသိမ္းယူထားတဲ့ အုပ္ခ်ဳပ္သူေတြဟာ အခုဆိုရင္ CDM လႈပ္ရွားမႈကို လုိက္ၿပီး ႏွိမ္နင္းေနတာေတြ႔ ေန ရပါတယ္။ တနသၤာရီတိုင္းမွာ CDM လႈပ္ရွားမႈ အေျခအေန ဘယ္လိုရွိပါသလဲ။

ေဒၚရီရီခ်ဳိ ။ ။ " အားလုံးသိတဲ့အတုိင္းပဲ ဥပမာ ေဆာက္လုပ္ေရးတို႔ဘာတို႔ဆိုရင္ တႏိုင္ငံလုံး CDM လုပ္ေနၾကတယ္။ ေဆးေလာကနဲ႔ပတ္သက္ရင္ ဆရာဝန္ေတြ က်န္းမာေရးဝန္ထမ္းေတြေရာ ၊ ၿပီးေတာ့ ဆရာဆရာမ ေတြေပါ့ ပညာေရးဝန္ထမ္းေတြလည္း လုပ္ေနၾကတယ္။ ေနာက္ၿပီး စည္ပင္ဝန္ထမ္းေတြဆိုလည္း အားလုံးလိုလို လုပ္ပါတယ္။ ေထြအုပ္ဌာနက်ေတာ့လည္း ရပ္ေက်းနဲ႔ စာေရးအဆင့္ေလာက္ပဲ CDM လုပ္တာေတြ႔ရတယ္။ တိုင္းအဆင့္ ခရိုင္အဆင့္ေတြ က်န္ေနပါေသးတယ္။ ၿခဳံၾကည့္ရင္ တနသၤာရီတုိင္းမွာ အနည္းဆုံး ၆၀% ေလာက္ CDM လုပ္ေနၾကတယ္လို႔ ေျပာလို႔ ရပါတယ္။ ျပည္သူလူထုရဲ႕ ဒီမုိကေရစီ ရလိုမႈ ၊ သူတို႔ရဲ႕ လြတ္လပ္ခြင့္ ရလိုမႈေတြဟာ အလြန္ပဲ ျပင္းထန္လြန္းတဲ့အတြက္ ျပည္သူ႔ဆႏၵ ျပည့္ဝလာမယ္လိုပ က်မ အျပည့္အဝ ယုံၾကည္ပါတယ္။"

NLD အရပ္သားအစိုးရလက္ထက္ တနသၤာရီတုိင္းအစိုးရအဖြဲ႔ဝင္ ေဆာက္လုပ္ေရးနဲ႔ လွ်ပ္စစ္ဝန္ႀကီးကိုေရာ ၊ စိုက္ပ်ဳိးေမြးျမဴေရး ဝန္ႀကီးကိုပါ စစ္တပ္ရဲ႕ အာဏာသိမ္းေကာင္စီက (၅၀၅- ခ)နဲ႔ တရားစဲြထားၿပီး ၊ ဖမ္းဝရမ္းထုတ္ထားတဲ့အတြက္ ေရွာင္တိမ္းေနၾကေၾကာင္း သိရပါတယ္။

တနသၤာရီတုိင္းအတြင္းမွာ အဓိကအားျဖင့္ အစိုးရ႐ုံးအဖြဲ႕ရွိရာ ထားဝယ္ၿမဳိ႕အပါဝင္ ျမိတ္ၿမဳိ႕နဲ႔ အျခားၿမဳိ႕ေတြမွာပါ ကေလးကေန သက္ႀကီးရြယ္အိုအထိ ေန႔စဥ္ရက္ဆက္ ျပည္သူေတြ လမ္းေပၚထြက္ ဆႏၵျပေနၾကၿပီး ၊ CRPH က ခန္႔အပ္လုိက္တဲ့ ကုလသမဂၢဆိုင္ရာ ကိုယ္စားလွယ္နဲ႔ ႏိုင္ငံတကာ ဆက္ဆံေရးကိုယ္စားလွယ္တို႔ကို ေထာက္ခံေၾကာင္း ၊ ဆႏၵထုတ္ေဖၚ ေနတာေတြကို လူမႈကြန္ယက္ သတင္းေတြမွာ ေတြ႔ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

တနင်္သာရီ ဝန်ကြီးချုပ်ကို ပုဒ်မ (၅၀၅-ခ) နဲ့ တရားစွဲ

(Unicode)

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ပုဒ်မ (၅၀၅-ခ)နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရားစွဲဆို လိုက်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အတွက် ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေကတော့ တိုင်းဒေသဆိုင်ရာ CRPH ကို ဖွဲ့စည်းလိုက်ပြီး ၊ CRPH (ဗဟို)ရဲ့ လမ်းညွှန်မှုအတိုင်း ဆက်လုပ်နကြောင်း အရပ်သားအစိုးရလက်ထက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက ပြောတဲ့အကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို အားပေးအားမြှောက် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို ပုဒ်မ (၅၀၅-ခ)နဲ့ အာဏာသိမ်း အဖွဲ့အစည်းက တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ NLD အစိုးရလက်ထက် တနင်္သာရီတိုင်းအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီးဖြစ်သူ ဒေါ်ရီရီချိုက VOA ကို ပြောပါတယ်။

" တရားစွဲလိုက်တဲ့ ရက်ကတော့ ၂၂ ရက် မတိုင်ခင်နေ့မှာ ၅၀၅ ခ နဲ့ တရားစွဲတယ်လို့ သိလိုက်ရတယ်။ ကျမတို့ သိထားသလောက် သူက ၊ အရပ်သားအစိုးရ အာဏာ ပြန်မရခင်မှာ ဝန်ထမ်းတွေကို အားလပ်ရက်အဖြစ် ခွင့်ပြုတယ်ဆိုတဲ့စာကို ဝန်ကြီးချုပ်တယောက်အနေနဲ့ ထုတ်တာမို့လို့ ပေ့ါနော်။ အဲဒါကြောင့် သူ့ကို တရားစွဲတယ်လို့ ကျမက အဲဒီလို နားလည်လိုက်တယ်။"

ကိုဉာဏ်ဝင်းအောင် ။ ။ အခုဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)ကို ဗဟိုအဆင့်မှာ ဖွဲ့ထားသလို၊ တချို့ဒေသတွေမှာဆိုရင်လည်း တိုင်းနဲ့ပြည်နယ်အလိုက် CRPH အခွဲတွေ ဖွဲ့ထားတာ တွေ့ရတော့ တနင်္သာရီတိုင်းလွှတ်တော်မှာရော CRPH ကို ဖွဲ့စည်းထားပါသလား ။

ဒေါ်ရီရီချို ။ ။ ဟုတ်ကဲ့ ကျမတို့လည်း တနင်္သာရီတိုင်းလွှတ်တော်ရဲ့ ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့ထားပြီးပါပြီ ။ ကျမတို့ကတော့ အဓိက ဒီ CRPH နဲ့ ချိတ်ဆက်ထားပြီးတော့ သူတို့က ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်တွေ အားလုံးကို ကျမတို့ တိုင်းCRPH ကလည်း စာပြန်ထုတ်ပြီးတော့ သူ့ရဲ့လုပ်ငန်းစဉ်တွေအတိုင်း အားလုံးကို ပူးပေါင်း လုပ်ဆောင်နေပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ CRPH ကော်မတီရဲ့ မကြာသေးခင်က ညွှန်ကြားချက် တခုထဲမှာ ကြားကာလ အုပ်ချုပ်ရေးအဖွဲ့ တွေကို ရပ်ကျေးတွေမှာ ဖွဲ့စည်းကြဖို့ ညွှန်ကြားထားတာ တွေ့ရပါတယ်။ တနင်္သာရီတိုင်းမှာရော အဲဒီလို စဖွဲ့ နေပါပြီလား ။

ဒေါ်ရီရီချို ။ ။ " ဟုတ်ကဲ့ တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ အနေနဲ့လည်း ဒီညွှန်ကြားချက်ကို ထုတ်ထားပြီးပါပြီ။ ထုတ်ထားတော့ အဲဒီထဲမှာပါတဲ့ အချက်အလက်အတိုင်း ၊ ပြည်သူ့အုပ်ချုပ်ရေး ဆိုတော့ကာ ပြည်သူက တကယ့်ကို အားကိုးလက်ခံတဲ့ သူတွေရယ်၊ ရပ်မိရပ်ဖတွေရယ် ၁၁ ယောက်ပါဝင်တဲ့အဖွဲ့ တွေကို တနင်္သာရီတိုင်း လွှတ်တော်က စာမထုတ်ခင်ကတည်းက အဲဒီကိစ္စမှာ တက်ကြွနေတာကို ကျမတို့သိရပါတော့ ခုဆိုရင် ဖွဲ့စည်းနေကြပြီလို့ ယုံကြည်ပါတယ်။"

ကိုဉာဏ်ဝင်းအောင် ။ ။ အာဏာသိမ်းယူထားတဲ့ အုပ်ချုပ်သူတွေဟာ အခုဆိုရင် CDM လှုပ်ရှားမှုကို လိုက်ပြီး နှိမ်နင်းနေတာတွေ့ နေ ရပါတယ်။ တနင်္သာရီတိုင်းမှာ CDM လှုပ်ရှားမှု အခြေအနေ ဘယ်လိုရှိပါသလဲ။

ဒေါ်ရီရီချို ။ ။ " အားလုံးသိတဲ့အတိုင်းပဲ ဥပမာ ဆောက်လုပ်ရေးတို့ဘာတို့ဆိုရင် တနိုင်ငံလုံး CDM လုပ်နေကြတယ်။ ဆေးလောကနဲ့ပတ်သက်ရင် ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေရော ၊ ပြီးတော့ ဆရာဆရာမ တွေပေါ့ ပညာရေးဝန်ထမ်းတွေလည်း လုပ်နေကြတယ်။ နောက်ပြီး စည်ပင်ဝန်ထမ်းတွေဆိုလည်း အားလုံးလိုလို လုပ်ပါတယ်။ ထွေအုပ်ဌာနကျတော့လည်း ရပ်ကျေးနဲ့ စာရေးအဆင့်လောက်ပဲ CDM လုပ်တာတွေ့ရတယ်။ တိုင်းအဆင့် ခရိုင်အဆင့်တွေ ကျန်နေပါသေးတယ်။ ခြုံကြည့်ရင် တနင်္သာရီတိုင်းမှာ အနည်းဆုံး ၆၀% လောက် CDM လုပ်နေကြတယ်လို့ ပြောလို့ ရပါတယ်။ ပြည်သူလူထုရဲ့ ဒီမိုကရေစီ ရလိုမှု ၊ သူတို့ရဲ့ လွတ်လပ်ခွင့် ရလိုမှုတွေဟာ အလွန်ပဲ ပြင်းထန်လွန်းတဲ့အတွက် ပြည်သူ့ဆန္ဒ ပြည့်ဝလာမယ်လိုပ ကျမ အပြည့်အဝ ယုံကြည်ပါတယ်။"

NLD အရပ်သားအစိုးရလက်ထက် တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေးနဲ့ လျှပ်စစ်ဝန်ကြီးကိုရော ၊ စိုက်ပျိုးမွေးမြူရေး ဝန်ကြီးကိုပါ စစ်တပ်ရဲ့ အာဏာသိမ်းကောင်စီက (၅၀၅- ခ)နဲ့ တရားစွဲထားပြီး ၊ ဖမ်းဝရမ်းထုတ်ထားတဲ့အတွက် ရှောင်တိမ်းနေကြကြောင်း သိရပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ အဓိကအားဖြင့် အစိုးရရုံးအဖွဲ့ရှိရာ ထားဝယ်မြို့အပါဝင် မြိတ်မြို့နဲ့ အခြားမြို့တွေမှာပါ ကလေးကနေ သက်ကြီးရွယ်အိုအထိ နေ့စဉ်ရက်ဆက် ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြနေကြပြီး ၊ CRPH က ခန့်အပ်လိုက်တဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်နဲ့ နိုင်ငံတကာ ဆက်ဆံရေးကိုယ်စားလှယ်တို့ကို ထောက်ခံကြောင်း ၊ ဆန္ဒထုတ်ဖေါ် နေတာတွေကို လူမှုကွန်ယက် သတင်းတွေမှာ တွေ့နေရပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG