သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မန္းဝန္ႀကီးခ်ဳပ္ အမႈ ၃ မႈ အၿပီးသတ္ အမိန႔္ခ်ဖို႔ရွိေန


မႏၱေလးတုိင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္။ (မတ္ ၁၊ ၂၀၁၆)

(Zawgyi / Unicode)

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို စြဲဆိုထားတဲ့ အမႈ ၃ မႈကို မနက္ျဖန္ အၿပီးသတ္ အမိန႔္ခ်ဖို႔ ရွိေနတယ္လို႔ ေရွ႕ေနေတြက ေျပာပါတယ္။ ဒီ ေနာက္ဆုံးအမႈအေျခအေနနဲ႔ ပတ္သက္လို႔ ရန္ကုန္ကေပးပို႔ထားတဲ့သတင္းကို မျမသဇင္ေအာင္ ေျပာျပမွာပါ။

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို စြဲဆိုထားတဲ့ အမႈေတြထဲက အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႔ေဆာ္လုပ္ေဆာင္မႈလို႔ ေခၚတဲ့ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) အမႈနဲ႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ အမႈ ၂ မႈျဖစ္တဲ့ ပုဒ္မ ၂၅၊ ပုဒ္မ ၃၀ (က) အမႈ စတဲ့ အမႈ ၃ မႈကို မနက္ျဖန္မွာ အၿပီးသတ္ အမိန႔္ခ်မွတ္ဖို႔ ရွိေနတယ္လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္ေရွ႕ေန က ဗြီအိုေအကို ေျပာပါတယ္။

“အမႈအေျခအေနက က်မတို႔ ၅၀၅ (ခ) နဲ႔ သဘာဝေဘးနဲ႔ စြဲထားတဲ့ဟာက မနက္ျဖန္ အမိန႔္ခ်မွာ။ သဘာဝေဘးက ၂၅ နဲ႔ ၃၀၊ ၂ ခု။ အမိန႔္ကိုေတာ့ ေစာင့္ၾကည့္ရမွာေပါ့၊ မနက္ျဖန္ ညေနေလာက္မွ သိရၿပီေပါ့။”

ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း NLD ပါတီမွ ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ကို အေၾကာင္းျပဳၿပီး ပါတီထိပ္ပိုင္း တာဝန္ရွိသူအေနနဲ႔ ေဒါက္တာေဇာ္ျမင့္ေမာင္ကို ပုဒ္မ ၅၀၅ (ခ) နဲ႔ တရားစြဲခဲ့တာ ျဖစ္ပါတယ္။ ၂၀၂၁ ဇန္နဝါရီလက က်ဳံးၿမိဳ႕႐ိုးေဘး ျပဳလုပ္ခဲ့တဲ့ ကိုဗစ္-၁၉ ကာကြယ္ေရးဆိုင္ရာ တဦးႏွင့္တဦး အသိေပး၊ သတိေပး မိသားစုစီမံခ်က္ (Version 3) ဖြင့္ပြဲကိစၥမွာလည္း သဘာဝေဘးဥပေဒပုဒ္မ ၂၅ နဲ႔ေရာ ပုဒ္မ ၃၀ နဲ႔ပါ ၿငိစြန္းတယ္ဆိုၿပီး တရားစြဲဆိုထားတာပါ။

ဝန္ႀကီးခ်ဳပ္တာဝန္ ထမ္းေဆာင္စဥ္ ကာလအတြင္း ေဆးကုသစရိတ္နဲ႔ ပါတီ႐ုံး ေျမေနရာကိစၥ ေဆာင္ရြက္မႈေတြမွာ အဂတိလိုက္စားမႈ ရွိခဲ့တယ္ဆိုၿပီး အဂတိလိုက္စားမႈနဲ႔ ေရြးေကာက္ပြဲကာလ မေလ်ာ္ဩဇာသုံးၿပီး မဲအလြဲသုံးစားမႈ လုပ္တယ္ဆိုတဲ့ စြဲဆိုခ်က္ေတြကိုပါ ရင္ဆိုင္ေနရတာပါ။ လက္ရွိ အမႈၾကားနာ စစ္ေဆးေနတာနဲ႔ ပတ္သက္လုိ႔ ေရွ႕ေနက ခုလိုေျပာျပပါတယ္။

“က်န္တဲ့ ဒီအဂတိမႈေတြကေတာ့ တရားလိုျပသက္ေသေတြ စစ္တုန္းေပါ့။ ဆရာ့ကို ထပ္စြဲတဲ့ ေရြးေကာက္ပြဲအမႈေတြက အခု တရားလို Side ကို စစ္ၿပီးသြားၿပီ။ မေန႔က တရားလိုဘက္ကို စစစ္တာေပါ့။ ဟုတ္ကဲ့ ေရြးေကာက္ပြဲအမႈကို ေရြးေကာက္ပြဲ ဥပေဒေတြနဲ႔ မစြဲဘဲနဲ႔ ရာဇသတ္ႀကီး ဥပေဒေတြနဲ႔ စြဲတာေပါ့။ ရာဇသတ္ႀကီးပုဒ္မ ၁၃၀ ရယ္ ၁၇၀ (စ) ရယ္နဲ႔ စြဲတာ။ အေၾကာင္းအခ်င္းအရာကေတာ့ ေရြးေကာက္ပြဲ ကာလအတြင္း ျဖစ္တဲ့ အေၾကာင္းအခ်င္းရာေပါ့။ ဒါေပမယ့္ ေရြးေကာက္ပြဲဥပေဒနဲ႔ စြဲမရေတာ့ ရာဇသတ္ႀကီးနဲ႔ စြဲတာေပါ့။ ေရြးေကာက္ပြဲဥပေဒအရက ကာလစည္းကမ္း သတ္မွတ္ခ်က္က လြန္သြားၿပီေလ။”

ကင္ဆာေဝဒနာ ခံစားေနရသူ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး ေနာက္ပိုင္း ကိုဗစ္ေရာဂါကို ျပင္းျပင္းထန္ထန္ ခံစားခဲ့ရသူလည္း ျဖစ္ပါတယ္။ က်န္းမာေရးအေျခအေနအရ အာမခံရဖို႔ အႀကိမ္ႀကိမ္ ေလွ်ာက္ထားေပမယ့္ ပယ္ခ်ခံခဲ့ရၿပီး ေနာက္ထပ္ စြဲဆိုခ်က္ေတြ တခုၿပီးတခု ရင္ဆိုင္လာရတာပါ။

“ကင္ဆာသမားကေတာ့ ကင္ဆာအေနအထား အတိုင္းပဲေပါ့။ ပုံမွန္ပဲရွိတာေပါ့။ က်မတို႔ေတာ့ မေမွ်ာ္လင့္ပါဘူး။ ေပၚေပါက္ခ်က္ေတြ အရကေတာ့ ဆရာတို႔က ကင္းလြတ္ခ်က္ေတြ ရွိတယ္ေလ။ အစိုးရရဲ႕ တာဝန္ထမ္းေဆာင္ခ်ိန္ ကင္းလြတ္ခြင့္ေတြက ရွိၿပီးသားေလ။ ဆိုတဲ့အခါက်ေတာ့၊ ဒါေပမယ့္ တရား႐ုံးဘက္က ခ်မွတ္တဲ့ အမိန႔္ကိုပဲ က်မတို႔က နားေထာင္ရမွာေပါ့။ ဒီ သဘာဝေဘးမွာက က်မတို႔ ကာဆင္းကုအဖြဲ႔ေတြကို တရားစြဲလို႔ မရဘူးဆိုတာ ပုဒ္မ ၃၅ မွာ ျပ႒ာန္းထားၿပီးသားေလ။ လက္ရွိဝန္ႀကီးခ်ဳပ္ႀကီးက အဲဒီကာလမွာ ကာဆင္းကုအဖြဲ႔ရဲ႕ ဥကၠ႒ေလ။ ဥကၠ႒ေတြ အဖြဲ႔ဝင္ေတြကို အဲဒီဥပေဒနဲ႔ တရားစြဲလို႔မရဘူး။ ဒါေပမယ့္ လက္ရွိမွာေတာ့ အဲဥပေဒနဲ႔ တရားစြဲတယ္ဆိုေတာ့ အဲဒီလို ကင္းလြတ္ခြင့္ေတြက ဥပေဒမွာ ရွိထားၿပီးသားကို မနက္ျဖန္ ဘယ္လိုအမိန႔္ခ်မလဲ ဆိုတာပဲ ေစာင့္နားေထာင္ရမွာေပါ့။”

သူ႔အေပၚ စြဲဆိုထားတဲ့ ပုဒ္မေတြကို သူ မက်ဴးလြန္ခဲ့တာမို႔ အျပစ္မရွိေၾကာင္း ေဒါက္တာေဇာ္ျမင့္ေမာင္က တရားခြင္မွာ ထြက္ဆိုထားပါတယ္။ မနက္ျဖန္ အမိန႔္ခ်မယ့္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (ခ) ဟာ ျပစ္မႈထင္ရွားတယ္လို႔ တရား႐ုံးက ဆုံးျဖတ္ရင္ ေထာင္ဒဏ္ ၂ ႏွစ္အထိ ခ်မွတ္ႏိုင္ၿပီး သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ပုဒ္မ ၂၅ ဟာ ျပစ္မႈထင္ရွားတယ္လို႔ တရား႐ုံးက ဆုံးျဖတ္ရင္ ေထာင္ဒဏ္ ၂ ႏွစ္နဲ႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ပုဒ္မ ၃၀ (က) ဟာ ျပစ္မႈထင္ရွားတယ္လို႔ တရား႐ုံးက ဆုံးျဖတ္ရင္ ေထာင္ဒဏ္ ၃ ႏွစ္ထိ ခ်မွတ္ခံရႏုိင္ပါတယ္။ မနက္ျဖန္ အမိန႔္ခ်မယ့္ အမႈ ၃ မႈဟာ ေဒါက္တာေဇာ္ျမင့္ေမာင္ကို စြဲဆိုထားတဲ့ အမႈ ၁၀ မႈထဲကေန ပထမဆုံး စီရင္ခ်က္ခ်မယ့္ အမႈေတြ ျဖစ္ပါတယ္။

စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ NLD အစိုးရလက္ထက္က ဝန္ႀကီးခ်ဳပ္ေတြ ေတာ္ေတာ္မ်ားမ်ားကို ဖမ္းဆီးထိန္းသိမ္းၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႔ေဆာ္လုပ္ေဆာင္မႈ ဥပေဒ ၅၀၅ (ခ) နဲ႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ပုဒ္မေတြ တပ္ကာ တရားစြဲဆိုမႈေတြ လုပ္ခဲ့ပါတယ္။ ဒီထဲမွာ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ၊ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းတို႔ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (ခ)၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ပုဒ္မေတြနဲ႔ ေထာင္ဒဏ္ေတြ ခ်မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

မန်းဝန်ကြီးချုပ် အမှု ၃ မှု အပြီးသတ် အမိန့်ချဖို့ရှိနေ

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားတဲ့ အမှု ၃ မှုကို မနက်ဖြန် အပြီးသတ် အမိန့်ချဖို့ ရှိနေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ဒီ နောက်ဆုံးအမှုအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို မမြသဇင်အောင် ပြောပြမှာပါ။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားတဲ့ အမှုတွေထဲက အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှုလို့ ခေါ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အမှုနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမှု ၂ မှုဖြစ်တဲ့ ပုဒ်မ ၂၅၊ ပုဒ်မ ၃၀ (က) အမှု စတဲ့ အမှု ၃ မှုကို မနက်ဖြန်မှာ အပြီးသတ် အမိန့်ချမှတ်ဖို့ ရှိနေတယ်လို့ ဒေါက်တာဇော်မြင့်မောင်ရှေ့နေ က ဗွီအိုအေကို ပြောပါတယ်။

“အမှုအခြေအနေက ကျမတို့ ၅၀၅ (ခ) နဲ့ သဘာဝဘေးနဲ့ စွဲထားတဲ့ဟာက မနက်ဖြန် အမိန့်ချမှာ။ သဘာဝဘေးက ၂၅ နဲ့ ၃၀၊ ၂ ခု။ အမိန့်ကိုတော့ စောင့်ကြည့်ရမှာပေါ့၊ မနက်ဖြန် ညနေလောက်မှ သိရပြီပေါ့။”

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီမှ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို အကြောင်းပြုပြီး ပါတီထိပ်ပိုင်း တာဝန်ရှိသူအနေနဲ့ ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ဇန်နဝါရီလက ကျုံးမြို့ရိုးဘေး ပြုလုပ်ခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ တဦးနှင့်တဦး အသိပေး၊ သတိပေး မိသားစုစီမံချက် (Version 3) ဖွင့်ပွဲကိစ္စမှာလည်း သဘာဝဘေးဥပဒေပုဒ်မ ၂၅ နဲ့ရော ပုဒ်မ ၃၀ နဲ့ပါ ငြိစွန်းတယ်ဆိုပြီး တရားစွဲဆိုထားတာပါ။

ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ဆေးကုသစရိတ်နဲ့ ပါတီရုံး မြေနေရာကိစ္စ ဆောင်ရွက်မှုတွေမှာ အဂတိလိုက်စားမှု ရှိခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုနဲ့ ရွေးကောက်ပွဲကာလ မလျော်ဩဇာသုံးပြီး မဲအလွဲသုံးစားမှု လုပ်တယ်ဆိုတဲ့ စွဲဆိုချက်တွေကိုပါ ရင်ဆိုင်နေရတာပါ။ လက်ရှိ အမှုကြားနာ စစ်ဆေးနေတာနဲ့ ပတ်သက်လို့ ရှေ့နေက ခုလိုပြောပြပါတယ်။

“ကျန်တဲ့ ဒီအဂတိမှုတွေကတော့ တရားလိုပြသက်သေတွေ စစ်တုန်းပေါ့။ ဆရာ့ကို ထပ်စွဲတဲ့ ရွေးကောက်ပွဲအမှုတွေက အခု တရားလို Side ကို စစ်ပြီးသွားပြီ။ မနေ့က တရားလိုဘက်ကို စစစ်တာပေါ့။ ဟုတ်ကဲ့ ရွေးကောက်ပွဲအမှုကို ရွေးကောက်ပွဲ ဥပဒေတွေနဲ့ မစွဲဘဲနဲ့ ရာဇသတ်ကြီး ဥပဒေတွေနဲ့ စွဲတာပေါ့။ ရာဇသတ်ကြီးပုဒ်မ ၁၃၀ ရယ် ၁၇၀ (စ) ရယ်နဲ့ စွဲတာ။ အကြောင်းအချင်းအရာကတော့ ရွေးကောက်ပွဲ ကာလအတွင်း ဖြစ်တဲ့ အကြောင်းအချင်းရာပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲဥပဒေနဲ့ စွဲမရတော့ ရာဇသတ်ကြီးနဲ့ စွဲတာပေါ့။ ရွေးကောက်ပွဲဥပဒေအရက ကာလစည်းကမ်း သတ်မှတ်ချက်က လွန်သွားပြီလေ။”

ကင်ဆာဝေဒနာ ခံစားနေရသူ ဒေါက်တာဇော်မြင့်မောင်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး နောက်ပိုင်း ကိုဗစ်ရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသူလည်း ဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေအရ အာမခံရဖို့ အကြိမ်ကြိမ် လျှောက်ထားပေမယ့် ပယ်ချခံခဲ့ရပြီး နောက်ထပ် စွဲဆိုချက်တွေ တခုပြီးတခု ရင်ဆိုင်လာရတာပါ။

“ကင်ဆာသမားကတော့ ကင်ဆာအနေအထား အတိုင်းပဲပေါ့။ ပုံမှန်ပဲရှိတာပေါ့။ ကျမတို့တော့ မမျှော်လင့်ပါဘူး။ ပေါ်ပေါက်ချက်တွေ အရကတော့ ဆရာတို့က ကင်းလွတ်ချက်တွေ ရှိတယ်လေ။ အစိုးရရဲ့ တာဝန်ထမ်းဆောင်ချိန် ကင်းလွတ်ခွင့်တွေက ရှိပြီးသားလေ။ ဆိုတဲ့အခါကျတော့၊ ဒါပေမယ့် တရားရုံးဘက်က ချမှတ်တဲ့ အမိန့်ကိုပဲ ကျမတို့က နားထောင်ရမှာပေါ့။ ဒီ သဘာဝဘေးမှာက ကျမတို့ ကာဆင်းကုအဖွဲ့တွေကို တရားစွဲလို့ မရဘူးဆိုတာ ပုဒ်မ ၃၅ မှာ ပြဋ္ဌာန်းထားပြီးသားလေ။ လက်ရှိဝန်ကြီးချုပ်ကြီးက အဲဒီကာလမှာ ကာဆင်းကုအဖွဲ့ရဲ့ ဥက္ကဋ္ဌလေ။ ဥက္ကဋ္ဌတွေ အဖွဲ့ဝင်တွေကို အဲဒီဥပဒေနဲ့ တရားစွဲလို့မရဘူး။ ဒါပေမယ့် လက်ရှိမှာတော့ အဲဥပဒေနဲ့ တရားစွဲတယ်ဆိုတော့ အဲဒီလို ကင်းလွတ်ခွင့်တွေက ဥပဒေမှာ ရှိထားပြီးသားကို မနက်ဖြန် ဘယ်လိုအမိန့်ချမလဲ ဆိုတာပဲ စောင့်နားထောင်ရမှာပေါ့။”

သူ့အပေါ် စွဲဆိုထားတဲ့ ပုဒ်မတွေကို သူ မကျူးလွန်ခဲ့တာမို့ အပြစ်မရှိကြောင်း ဒေါက်တာဇော်မြင့်မောင်က တရားခွင်မှာ ထွက်ဆိုထားပါတယ်။ မနက်ဖြန် အမိန့်ချမယ့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဟာ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၂၅ ဟာ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် ၂ နှစ်နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၃၀ (က) ဟာ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်ခံရနိုင်ပါတယ်။ မနက်ဖြန် အမိန့်ချမယ့် အမှု ၃ မှုဟာ ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားတဲ့ အမှု ၁၀ မှုထဲကနေ ပထမဆုံး စီရင်ချက်ချမယ့် အမှုတွေ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် NLD အစိုးရလက်ထက်က ဝန်ကြီးချုပ်တွေ တော်တော်များများကို ဖမ်းဆီးထိန်းသိမ်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှု ဥပဒေ ၅၀၅ (ခ) နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မတွေ တပ်ကာ တရားစွဲဆိုမှုတွေ လုပ်ခဲ့ပါတယ်။ ဒီထဲမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။

XS
SM
MD
LG