သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးတရားစြဲခံေနရတဲ့ ဝန္ႀကီးခ်ဳပ္ေတြနဲ႔ ေရွ႕ေနေတြ၊ မိသားစုေတြ ေတြ႔ခြင့္မရ


မႏၱေလးတုိင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္(ဝဲ) နဲ႔ ရခုိင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပု (ယာ)။

(Zawgyi/Unicode)

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီး တရားစြဲခံေနရတဲ့ NLD ပါတီရဲ႕ တိုင္းနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြနဲ႔ ေခါင္းေဆာင္ပိုင္းတခ်ိဳ႕ကို စစ္ေကာင္စီက အဂတိအမႈေတြနဲ႔ ထပ္တုိးတရားစြဲထားပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ အမႈၾကားနာစစ္ေဆးမႈေတြကို ႏွစ္လၾကာ ရပ္ထားခဲ့ၿပီး ျပန္စစ္ဖို႔ျပင္ဆင္ေနေပမယ့္ သူတုိ႔ကို ေ႐ွ႕ေနေတြနဲ႔ ေတြ႔ခြင့္မေပးလို႔ အမႈအတြက္ ျပင္ဆင္ဖို႔ ခက္ခဲေနတယ္လို႔ ေရွ႕ေနေတြကေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ေနာက္ဆုံးသိထားတဲ့ အေျခအေနကို မခင္ျဖဴေထြးကေျပာျပပါမယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ၂ လၾကာရပ္ထားတဲ့ အမႈၾကားနာစစ္ေဆးမႈေတြ အခုျပန္စတင္ေနပါတယ္။ NLD ပါတီရဲ႕ တိုင္းနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြ အမႈေတြကိုလည္း ျပန္လည္စစ္ေဆးေတာ့မွာ ျဖစ္ေပမဲ့ တခ်ဳိ႕ေ႐ွ႕ေနေတြက သူတုိ႔ အမႈသည္နဲ႔ ေတြ႔ခြင့္ မရၾကေသးပါဘူး။

ကင္ဆာေရာဂါေဝဒနာ႐ွိၿပီး ေထာင္တြင္းမွာ ကိုဗစ္ကူးစက္ခံရလို႔ ေဆး႐ုံတက္ကုသခဲ့ရတဲ့ မႏၱေလးတုိင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို လာမယ့္ ၂၀ ရက္ေန႔ ႐ံုးထုတ္မယ္လို႔ ႐ုံးခ်ိန္းေပးထားေပမယ့္ တိတိက်က် ဘာမွာ မသိရေသးဘူးလို႔ သူ႔ေရွ႕ေန ေဒၚသဲႏုေဝက ေျပာပါတယ္။

"႐ုံးခ်ိန္းက ၂၀ ရက္ေန႔မွဆိုေတာ့ေလ ေထာင္က ဝင္ခြင့္ေပးမလား မေပးမလားမသိဘူး ေထာင္က ကိုဗစ္မို႔ အျပင္လူ လုံးဝအဝင္မခံဘူး။ အဲေန႔မွသိရမယ္ တရား႐ုံး ႐ုံးလုပ္ငန္းစဥ္ကေလ အဲက်မွဝင္ခြင့္ျပဳတယ္ဆိုမွ ေရွ႕ဆက္စစ္ရမွာေပါ့။ မျပဳရင္ေတာ့ တရား႐ုံးက ႐ုံးခ်ိန္းဘဲျပန္ေပးမွာေပါ့။ အဂတိကက်ေတာ့ တီဗီထဲေျပာတဲ့ အေၾကာင္းအရာသာသိရေသးတာ ဘယ္ႏွစ္မႈတက္လို႔ တိုင္းကိုဘယ္အေျခအေန တင္လဲမသိေသးဘူး။ ေတြ႕ ခြင့္ မရေတာ့ အေျခအေနမသိရဘူး။"

အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လုပ္ေဆာင္မႈ ပုဒ္ ၅၀၅ (ခ)၊ သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ၂၅/၃၀(က) တို႔နဲ႔ ေဒါက္တာေဇာ္ျမင့္ေမာင္ အစပိုင္းက တရားစြဲခံထားရၿပီး ေနာက္ပိုင္းမွာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၅ နဲ႔ပါ ထပ္တုိး တရားစဲြခံထားရပါတယ္။ သူ႔လိုပဲ အဂတိလိုက္စားမႈနဲ႔ ထပ္တိုးတရားစြဲခံထားရတဲ့ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳအမႈကိုလည္း ေ႐ွ႕သီတင္းပတ္ထဲမွာ ျပန္စဖုိ႔႐ွိပါတယ္။ ဒါေပမဲ့ ေဒါက္တာေအာင္မုိးညိဳနဲ႔ ေတ႔ြခြင့္မရတာ ၂ လေက်ာ္ၿပီလို႔ သူ႔ရဲ႕ ေရွ႕ေနဦးျမင့္ေအာင္က ေျပာပါတယ္။ မိသားစုနဲ႔လည္း ေတ႔ြခြင့္မရေသးပါဘူး။

"( ၅၀၅) နဲ႔ပတ္သက္လို႔ စစ္ေဆးမယ့္ အမႈေတြကို ၂၃ ၂၄ ကို ခ်ိန္းထားတယ္ မေကြးမွာစစ္တဲ့ အမႈေတြေပါ့ ဝန္ႀကီးခ်ဳပ္နဲ႔ ဝန္ႀကီးေတြကို အဂတိ အမႈ ၅၅ နဲ႔ စြဲတာကေတာ့ ၂၂ ရက္ေန႔ခ်ိန္းထားတယ္။ အဲဒ့ါ႐ုံး ပိတ္ရက္ကာလ ရမာန္ယူထားတဲ့ ရက္ေတြေပါ့။ အဆက္အသြယ္က လုံးလုံးကိုမရဘူးျဖစ္ေနတာ မိသားစုေကာ ေပါ့။ အရင္အမႈေတြက အခက္အခဲမရွိဘူးေျပာပါေတာ့ ေနာက္တင္တဲ့ အဂတိအမႈေတြဆို အမႈသည္နဲ႔လည္းမေတြ႕ရ အမႈလည္းမိတၱဴကူးမရေသး၊ ႐ုံးခ်ိန္းအမႈမစစ္ခင္ေျပာၾကဆိုၾက အဲအခ်ိန္ ေလာက္ဘဲ ဆိုတာကက်ေတာ့ အခက္အခဲေတာ့ရွိတာေပါ့။ ျဖစ္ေၾကာင္းကုန္စင္က အမႈသည္နဲ႔ေသခ်ာေတြ႕ၿပီးမွ သူ႔အမႈေတြ ကို ခုခံရတာကို အမႈသည္နဲ႔ ေအးေအးေဆးေဆးမေတြ႕ရေတာ့ က်ေနာ္တို႔မွာ အခက္အခဲေတြရွိတာေပါ့။"

ေဒါက္တာေအာင္မိုးညိဳကို ၅၀၅ -ခ အမႈအတြက္ မေကြးေထာင္အထူးတရား႐ုံးက အလုပ္ၾကမ္းနဲ႔ေထာင္ ၂ ႏွစ္ ျပစ္ဒဏ္ခ်ထားပါတယ္။ ဒီအတြက္ အယူခံဝင္မယ္လို႔ ေ႐ွ႕ေနကေျပာပါတယ္။

မႏၱေလးတိုင္းနဲ႔ မေကြးတုိင္းဝန္ႀကီးခ်ဳပ္ေတြအျပင္ NLD အစိုးရလက္ထက္က ဝန္ႀကီးခ်ဳပ္ေတာ္ေတာ္ မ်ားမ်ားကို ေထာင္ဒဏ္ ၁၅ ႏွစ္အထိခ်မွတ္ႏိုင္တဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ စစ္ေကာင္စီက အမႈဖြင့္ထားပါတယ္။ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ၊ စစ္ကိုင္းတိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္၊ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုတို႔လည္း အဂတိလိုက္စားမႈေတြနဲ႔ တရားစြဲခံထားၾကရပါတယ္။

စစ္တပ္အာဏာသိမ္းအၿပီး အဖမ္းခံရတဲ့ NLD ပါတီ ထိပ္ပိုင္းေခါင္းေဆာင္ေတြထဲက ပါတီသဘာပတိအဖြဲ႕ဝင္တဦးျဖစ္သူ ဦးဝင္းထိန္အမႈကိုေတာ့ မနက္ဖန္ စက္တင္ဘာ ၁၇ ရက္မွာစစ္ေဆးႏိုင္ဖို႔ ႐ုံးခ်ိန္းေပးထားေပမယ့္ စစ္ေဆးႏိုင္ျခင္းရွိမရွိဆိုတာ အတိအက် မေျပာႏိုင္ ေသးဘူးလို႔ သူ႔ေရွ႕ေန ကေျပာပါတယ္။

ႏွစ္ လေက်ာ္ၾကာ အမႈသည္နဲ႔ ေတြ႕ခြင့္မရေသးတာမို႔ အမႈအတြက္ ျပင္ဆင္ဖို႔ ေႏွာင့္ေႏွးေနရတဲ့အျပင္ အမႈသည္ က်န္းမာေရးကို ေတာင္ တိတိက်က်မသိရတဲ့ အျဖစ္နဲ႔ ႀကဳံေနရတာက အမႈသည္အခြင့္အေရးဆံုး႐ႈံးေနတာျဖစ္တယ္လို႔ေျပာပါတယ္။

"၁၆ ရက္ ၇ လ စြဲခ်က္တင္ၿပီးေနာက္ ႐ုံးေတြဆက္တိုက္ပိတ္ထဲကက်ေနာ္တို႔မေတြ႕ရဘူး။ မနက္ဖန္ေတာ့ ခ်ိန္းထားတယ္ေတြ႕ရမယ္ မေတြ႕ရတာမသိေသးဘူး။ သြားရမယ္ဆို စစ္ရမွာေပါ့ အန္ကယ္ထိန္ကို တရားခံအေနနဲ႔ စစစ္ရပါမယ္။ အခုလိုမေတြ႕ရတာက ရဲလက္စြဲအရတို႔ အက်ဥ္းေထာင္လက္စြဲအရတို႔ဆို ေတြ႕ကိုေတြ႕ရတယ္။ က်င့္ထုံးအရလည္းေတြ႕ရတယ္။ ဥပေဒမွာရွိၿပီးသား သူတို႔က ကိုဗစ္အေၾကာင္းျပခြင့္လဲ ရွိတယ္။ ေနာက္သူတို႔ႏိုင္ငံေရးအေျခအေနကိုလည္းအေၾကာင္းျပခြင့္ရွိတဲ့ အခါက်ေတာ့ သူတို႔ဘက္ကၾကည့္ ေတာ့ ဥပေဒေတြလို႔ေျပာမွာေလအာဏာရွိသူက ဥပေဒလိူ႔ေျပာတာမွာ ႏိုင္ငံသားအခြင့္အေရး လူ႔အခြင့္အေရး ေတြ ဆုံးရႈံးႏိုင္ေလာက္တဲ့ ျပည္သူအခက္အခဲေတြကေတာ့ တကယ့္ဥပေဒနဲ႔ အညီတခုမွခံစားခြင့္မရွိဘူးေပါ့"

ဦးဝင္းထိန္ကို အျမင့္ဆုံးျပစ္ဒဏ္ အႏွစ္ ၂၀ ထိ ခ်မွတ္ႏိုင္မယ့္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄ (က) နဲ႔ တရားစြဲထားပါတယ္။ ေဖေဖာ္ဝါရီ ၁ ရက္ ေန႔က စစ္အာဏာသိမ္းၿပီးေနာက္ အဖမ္းခံရသူေတြထဲမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ သမၼတနဲ႔ အစိုးရဝန္ႀကီးေတြအျပင္ ထင္ရွားတဲ့ႏိုင္ငံေရးသမားေတြ ၊ စာေရးဆရာေတြ၊ သတင္းမီဒီယာသမားေတြနဲ႔ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြ ပါဝင္ပါတယ္။
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ ဝန္ႀကီးခ်ဳပ္ေတြနဲ႔ အစိုးရ ဝန္ႀကီးေတြကို တျခားအမႈေတြအျပင္ အဂတိလိုက္စားမႈ အမႈေတြနဲ႔ စစ္ေကာင္စီက ထပ္တိုး အမႈဖြင့္တရားစြဲထားပါတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


ဖမ်းဆီးတရားစွဲခံနေရတဲ့ ဝန်ကြီးချုပ်တွေနဲ့ ရှေ့နေတွေ၊ မိသားစုတွေ တွေ့ခွင့်မရ

(Unicode)

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး တရားစွဲခံနေရတဲ့ NLD ပါတီရဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ခေါင်းဆောင်ပိုင်းတချို့ကို စစ်ကောင်စီက အဂတိအမှုတွေနဲ့ ထပ်တိုးတရားစွဲထားပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အမှုကြားနာစစ်ဆေးမှုတွေကို နှစ်လကြာ ရပ်ထားခဲ့ပြီး ပြန်စစ်ဖို့ပြင်ဆင်နေပေမယ့် သူတို့ကို ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးလို့ အမှုအတွက် ပြင်ဆင်ဖို့ ခက်ခဲနေတယ်လို့ ရှေ့နေတွေကပြောပါတယ်။ ရန်ကုန်ကလာတဲ့ နောက်ဆုံးသိထားတဲ့ အခြေအနေကို မခင်ဖြူထွေးကပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် ၂ လကြာရပ်ထားတဲ့ အမှုကြားနာစစ်ဆေးမှုတွေ အခုပြန်စတင်နေပါတယ်။ NLD ပါတီရဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ အမှုတွေကိုလည်း ပြန်လည်စစ်ဆေးတော့မှာ ဖြစ်ပေမဲ့ တချို့ရှေ့နေတွေက သူတို့ အမှုသည်နဲ့ တွေ့ခွင့် မရကြသေးပါဘူး။

ကင်ဆာရောဂါဝေဒနာရှိပြီး ထောင်တွင်းမှာ ကိုဗစ်ကူးစက်ခံရလို့ ဆေးရုံတက်ကုသခဲ့ရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို လာမယ့် ၂၀ ရက်နေ့ ရုံးထုတ်မယ်လို့ ရုံးချိန်းပေးထားပေမယ့် တိတိကျကျ ဘာမှာ မသိရသေးဘူးလို့ သူ့ရှေ့နေ ဒေါ်သဲနုဝေက ပြောပါတယ်။

"ရုံးချိန်းက ၂၀ ရက်နေ့မှဆိုတော့လေ ထောင်က ဝင်ခွင့်ပေးမလား မပေးမလားမသိဘူး ထောင်က ကိုဗစ်မို့ အပြင်လူ လုံးဝအဝင်မခံဘူး။ အဲနေ့မှသိရမယ် တရားရုံး ရုံးလုပ်ငန်းစဉ်ကလေ အဲကျမှဝင်ခွင့်ပြုတယ်ဆိုမှ ရှေ့ဆက်စစ်ရမှာပေါ့။ မပြုရင်တော့ တရားရုံးက ရုံးချိန်းဘဲပြန်ပေးမှာပေါ့။ အဂတိကကျတော့ တီဗီထဲပြောတဲ့ အကြောင်းအရာသာသိရသေးတာ ဘယ်နှစ်မှုတက်လို့ တိုင်းကိုဘယ်အခြေအနေ တင်လဲမသိသေးဘူး။ တွေ့ ခွင့် မရတော့ အခြေအနေမသိရဘူး။"

အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ပုဒ် ၅၀၅ (ခ)၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅/၃၀(က) တို့နဲ့ ဒေါက်တာဇော်မြင့်မောင် အစပိုင်းက တရားစွဲခံထားရပြီး နောက်ပိုင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ပါ ထပ်တိုး တရားစွဲခံထားရပါတယ်။ သူ့လိုပဲ အဂတိလိုက်စားမှုနဲ့ ထပ်တိုးတရားစွဲခံထားရတဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအမှုကိုလည်း ရှေ့သီတင်းပတ်ထဲမှာ ပြန်စဖို့ရှိပါတယ်။ ဒါပေမဲ့ ဒေါက်တာအောင်မိုးညိုနဲ့ တေ့ွခွင့်မရတာ ၂ လကျော်ပြီလို့ သူ့ရဲ့ ရှေ့နေဦးမြင့်အောင်က ပြောပါတယ်။ မိသားစုနဲ့လည်း တေ့ွခွင့်မရသေးပါဘူး။

"( ၅၀၅) နဲ့ပတ်သက်လို့ စစ်ဆေးမယ့် အမှုတွေကို ၂၃ ၂၄ ကို ချိန်းထားတယ် မကွေးမှာစစ်တဲ့ အမှုတွေပေါ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို အဂတိ အမှု ၅၅ နဲ့ စွဲတာကတော့ ၂၂ ရက်နေ့ချိန်းထားတယ်။ အဲဒ့ါရုံး ပိတ်ရက်ကာလ ရမာန်ယူထားတဲ့ ရက်တွေပေါ့။ အဆက်အသွယ်က လုံးလုံးကိုမရဘူးဖြစ်နေတာ မိသားစုကော ပေါ့။ အရင်အမှုတွေက အခက်အခဲမရှိဘူးပြောပါတော့ နောက်တင်တဲ့ အဂတိအမှုတွေဆို အမှုသည်နဲ့လည်းမတွေ့ရ အမှုလည်းမိတ္တူကူးမရသေး၊ ရုံးချိန်းအမှုမစစ်ခင်ပြောကြဆိုကြ အဲအချိန် လောက်ဘဲ ဆိုတာကကျတော့ အခက်အခဲတော့ရှိတာပေါ့။ ဖြစ်ကြောင်းကုန်စင်က အမှုသည်နဲ့သေချာတွေ့ပြီးမှ သူ့အမှုတွေ ကို ခုခံရတာကို အမှုသည်နဲ့ အေးအေးဆေးဆေးမတွေ့ရတော့ ကျနော်တို့မှာ အခက်အခဲတွေရှိတာပေါ့။"

ဒေါက်တာအောင်မိုးညိုကို ၅၀၅ -ခ အမှုအတွက် မကွေးထောင်အထူးတရားရုံးက အလုပ်ကြမ်းနဲ့ထောင် ၂ နှစ် ပြစ်ဒဏ်ချထားပါတယ်။ ဒီအတွက် အယူခံဝင်မယ်လို့ ရှေ့နေကပြောပါတယ်။

မန္တလေးတိုင်းနဲ့ မကွေးတိုင်းဝန်ကြီးချုပ်တွေအပြင် NLD အစိုးရလက်ထက်က ဝန်ကြီးချုပ်တော်တော် များများကို ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ စစ်ကောင်စီက အမှုဖွင့်ထားပါတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့လည်း အဂတိလိုက်စားမှုတွေနဲ့ တရားစွဲခံထားကြရပါတယ်။

စစ်တပ်အာဏာသိမ်းအပြီး အဖမ်းခံရတဲ့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေထဲက ပါတီသဘာပတိအဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းထိန်အမှုကိုတော့ မနက်ဖန် စက်တင်ဘာ ၁၇ ရက်မှာစစ်ဆေးနိုင်ဖို့ ရုံးချိန်းပေးထားပေမယ့် စစ်ဆေးနိုင်ခြင်းရှိမရှိဆိုတာ အတိအကျ မပြောနိုင် သေးဘူးလို့ သူ့ရှေ့နေ ကပြောပါတယ်။

နှစ် လကျော်ကြာ အမှုသည်နဲ့ တွေ့ခွင့်မရသေးတာမို့ အမှုအတွက် ပြင်ဆင်ဖို့ နှောင့်နှေးနေရတဲ့အပြင် အမှုသည် ကျန်းမာရေးကို တောင် တိတိကျကျမသိရတဲ့ အဖြစ်နဲ့ ကြုံနေရတာက အမှုသည်အခွင့်အရေးဆုံးရှုံးနေတာဖြစ်တယ်လို့ပြောပါတယ်။

"၁၆ ရက် ၇ လ စွဲချက်တင်ပြီးနောက် ရုံးတွေဆက်တိုက်ပိတ်ထဲကကျနော်တို့မတွေ့ရဘူး။ မနက်ဖန်တော့ ချိန်းထားတယ်တွေ့ရမယ် မတွေ့ရတာမသိသေးဘူး။ သွားရမယ်ဆို စစ်ရမှာပေါ့ အန်ကယ်ထိန်ကို တရားခံအနေနဲ့ စစစ်ရပါမယ်။ အခုလိုမတွေ့ရတာက ရဲလက်စွဲအရတို့ အကျဉ်းထောင်လက်စွဲအရတို့ဆို တွေ့ကိုတွေ့ရတယ်။ ကျင့်ထုံးအရလည်းတွေ့ရတယ်။ ဥပဒေမှာရှိပြီးသား သူတို့က ကိုဗစ်အကြောင်းပြခွင့်လဲ ရှိတယ်။ နောက်သူတို့နိုင်ငံရေးအခြေအနေကိုလည်းအကြောင်းပြခွင့်ရှိတဲ့ အခါကျတော့ သူတို့ဘက်ကကြည့် တော့ ဥပဒေတွေလို့ပြောမှာလေအာဏာရှိသူက ဥပဒေလိူ့ပြောတာမှာ နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေး တွေ ဆုံးရှုံးနိုင်လောက်တဲ့ ပြည်သူအခက်အခဲတွေကတော့ တကယ့်ဥပဒေနဲ့ အညီတခုမှခံစားခွင့်မရှိဘူးပေါ့"

ဦးဝင်းထိန်ကို အမြင့်ဆုံးပြစ်ဒဏ် အနှစ် ၂၀ ထိ ချမှတ်နိုင်မယ့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲထားပါတယ်။ ဖေဖော်ဝါရီ ၁ ရက် နေ့က စစ်အာဏာသိမ်းပြီးနောက် အဖမ်းခံရသူတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့ အစိုးရဝန်ကြီးတွေအပြင် ထင်ရှားတဲ့နိုင်ငံရေးသမားတွေ ၊ စာရေးဆရာတွေ၊ သတင်းမီဒီယာသမားတွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ပါဝင်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဝန်ကြီးချုပ်တွေနဲ့ အစိုးရ ဝန်ကြီးတွေကို တခြားအမှုတွေအပြင် အဂတိလိုက်စားမှု အမှုတွေနဲ့ စစ်ကောင်စီက ထပ်တိုး အမှုဖွင့်တရားစွဲထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG