သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ကြန္ျမူနစ္ပါတီနဲ႔ ေတြ႔ဆံုပြဲ NLD အပါအဝင္ ေလးပါတီတက္ေရာက္


အာရွနိုင္ငံေရးပါတီမ်ား online အစည္းအ၀ေး (ဓာတ္ပံု - online screenshot)

(Zawgyi/Unicode)

တ႐ုတ္ကြန္ျမဴနစ္ပါတီက ႀကီးမႉးက်င္းပတဲ့ အာရွႏိုင္ငံေရးပါတီမ်ားေတြ႔ဆုံပြဲကို အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ အပါအဝင္ ျပည္တြင္းက ႏိုင္ငံေရးပါတီ ၄ ခု တက္ေရာက္ခဲ့ပါတယ္။ ျပည္တြင္းႏိုင္ငံေရး အရႈပ္အေထြး အရွိန္ျမင့္လာခ်ိန္ ျပည္တြင္းက ႏိုင္ငံေရးပါတီႀကီးေတြနဲ႔ တ႐ုတ္အစိုးရေတြ႕ဆုံမႈဟာ သူ႔ရဲ႕ အက်ိဳးေမွ်ာ္ လုပ္ရပ္တခုသာ ျဖစ္တယ္လို႔ ႏိုင္ငံေရးေလ့လာသူေတြက ျမင္ပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို ကိုရန္ႏုိင္က ေျပာျပပါမယ္။

တ႐ုတ္ကြန္ျမဴနစ္ပါတီက ဖိတ္ၾကားက်င္းပတဲ့ “ႏိုင္ငံေရးပါတီမ်ား ေပါင္းစည္းစြမ္းအားႏွင့္ စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးဆီသို႔” ဆိုတဲ့ စက္တင္ဘာ ၉ ရက္ကလုပ္တဲ့ အြန္လိုင္းေတြ႕ဆုံပြဲတရပ္ကို အာရွႏိုင္ငံေပါင္း ၁၆ ႏိုင္ငံက ႏိုင္ငံေရး ပါတီေပါင္း ၄၀ တက္ေရာက္ခဲ့တာပါ။ ဒီပြဲကို ျပည္တြင္းႏိုင္ငံေရးပါတီေတြထဲက အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ၊ ျပည္ခိုင္ၿဖိဳး USDP ပါတီ၊ ရခိုင္အမ်ိဳးသားပါတီ ANP နဲ႔ လီဆူအမ်ိဳးသား ဖြံ႕ၿဖိဳးေရးပါတီတို႔ ဖိတ္ၾကားခံရၿပီး ပါတီအားလံုး တက္ခဲ့ၾကပါတယ္။

ဒီေတြ႕ဆုံပြဲကို တ႐ုတ္ကြန္ျမဴနစ္ပါတီက အုပ္စုႏွစ္စုခြဲၿပီး ႏိုင္ငံေရးပါတီေတြကို သီးျခား ခြဲေတြ႕ခဲ့တာပါ။ အုပ္စု (A) မွာ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ လီဆူ အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီတုိ႔ပါၿပီး အုပ္စု (B) မွာေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD နဲ႔ ရခိုင္အမ်ိဳးသားပါတီ ANP တုိ႔ ပါပါတယ္။

အုပ္စု (A) ေဆြးေႏြးပြဲမွာ ပါတီအခ်င္းခ်င္း ဆက္ဆံေရးေကာင္းလာဖို႔၊ ကိုဗစ္ေရာဂါတိုက္ဖ်က္ေရး၊ လံုၿခံဳေရး၊ စီးပြားေရး ဆက္ဆံေရးအေၾကာင္းအရာေတြအျပင္ ဆင္းရဲမြဲေတမႈ ေလွ်ာ့ခ်ေရးကိစၥေတြ၊ ဒါေတြကို အဓိကထား ေဆြးေႏြးခဲ့တယ္လို႔ ေဆြးေႏြးပြဲကိုတက္ခဲ့တဲ့ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ဗဟိုလူငယ္ေရးရာေကာ္မတီက ဒုတိယဌာနမွဴး ေဒါက္တာသန႔္ေဇာ္လြင္က ဗြီအိုေအကို ေျပာပါတယ္။ NLD ပါတီ၊ ရခိုင္အမ်ဳိးသားပါတီနဲ႔ လီဆူပါတီတို႔နဲ႔အတူ ဖိတ္ၾကားခံရတာနဲ႔ပတ္သက္လို႔ သူ႔အျမင္ကို ခုလိုေျပာပါတယ္။

“ဒါကေတာ့ ဒီပါတီႀကီးအေနနဲ႔ကလည္း CPC က သူက ႏွစ္ ၁၀၀ ရွိသြားၿပီဆိုေတာ့ သူတို႔ႏိုင္ငံေရးနယ္ပယ္မွာေတာ့ ကြၽမ္းပါတယ္၊ က်ေနာ္တို႔ကေတာ့ က်ေနာ္တို႔ပါတီရဲ႕ တဘက္က ၿပိဳင္ဘက္ပါတီက က်ေတာ့လည္း လူတိုင္းသိထားတဲ့ နာမည္ႀကီးပါတီေတြပဲေလ၊ အဲဒီေတာ့ မပါမျဖစ္ေပါ့ေနာ္။ က်န္တဲ့ဟာကေတာ့ သူတို႔ ဒါ ႏိုင္ငံေရးကစားမႈတခုေတာ့ က်န္တဲ့ပါတီႏွစ္ခုကေတာ့ ထည့္တယ္လို႔ ယူဆတာေပါ့ေလ။ တျခားႏိုင္ငံေတြကေတာ့ အစုံပဲ စကၤာပူရွိတယ္၊ နီေပါလ္ရွိတယ္၊ အင္ဒိုနီးရွားရွိတယ္၊ မေလးရွားရွိတယ္၊ ထိုင္းရွိတယ္။”

အုပ္စု B မွာေတာ့ တ႐ုတ္ကြန္ျမဴနစ္ပါတီနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရးကိစၥေတြ အသားေပးေဆြးေႏြးခဲ့ပါတယ္။ ဒီအုပ္စုေဆြးေႏြးပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီဘက္က စမ္းေခ်ာင္းၿမိဳ႕နယ္ အလုပ္အမႈေဆာင္အဖြဲ႕ ဒုဥကၠ႒ ဦးဘိုဘိုဦး တက္ေရာက္ပါတယ္။ တ႐ုတ္ကြန္ျမဴနစ္ပါတီနဲ႔ အာ႐ွႏိုင္ငံေရးပါတီေတြရဲ႕ အြန္လိုင္းေဆြးေႏြးပြဲ လုပ္ၿပီးတဲ့အခါမွာ ကိုဗစ္တိုက္ဖ်က္ေရးဖိုရမ္နဲ႔ Generation- Z Leadership Forum ကိုလည္း NLD ပါတီက ဆက္ၿပီး တက္ခဲ့တယ္လို႔ ဦးဘိုဘိုဦးက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာပါ။

NLD ပါတီရဲ႕သေဘာထားရဖို႔ ပါတီရဲ႕ ဗဟိုေကာ္မတီဝင္ျဖစ္တဲ့ ဦးေအာင္ၾကည္ၫြန႔္ကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့လည္း လက္ရွိအခ်ိန္နဲ႔ ေျခအေနေတြေၾကာင့္ဆိုၿပီး ေျဖၾကားဖို႔ ျငင္းဆိုခဲ့ပါတယ္။

NLD ပါတီနဲ႔အတူ အုပ္စု B မွာ ပါဝင္ေဆြးေႏြးခဲ့တဲ့ ရခိုင္အမ်ိဳးသားပါတီရဲ႕ မူဝါဒေရးရာေကာ္မတီဝင္ ဦးထြန္းေအာင္ေက်ာ္ကေတာ့ တ႐ုတ္ဘက္က အခ်က္ ၃ ခ်က္ကို အဓိကထားၿပီး ေဆြးေႏြးသြားတယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။ အာ႐ွႏိုင္ငံေရးပါတီေတြအေနနဲ႔ ကိုဗစ္ေရာဂါတိုက္ဖ်က္ေရး၊ ႏိုင္ငံေရးနဲ႔ လူငယ္ေရးရာကိစၥေတြအတြက္ တ႐ုတ္ကြန္ျမဴနစ္ပါတီအေနနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ တ႐ုတ္ဘက္က ေဆြးေႏြးခဲ့ေၾကာင္း ေျပာပါတယ္။

“က်ေနာ္တို႔ လြတ္လပ္ေရးရတဲ့ အႏွစ္ ၇၀ မွာ ေတာ္ေတာ္ႀကီးကို ဆိုး႐ြားတဲ့ အေျခအေနျဖစ္ေနၿပီ။ အင္မတန္လည္း ဝမ္းနည္းစရာေကာင္းတယ္၊ အင္မတန္လည္း စိတ္ပ်က္စရာေကာင္းတယ္။ အဲဒီေတာ့ ဒီကိစၥက ၿငိမ္းခ်မ္းစြာ ေဆြးေႏြးျခင္းျဖင့္လည္း ဒီကိစၥေတြကို အဆုံးသတ္ႏိုင္မယ္၊ အဲဒါေၾကာင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီက ေၾကညာထားတာလည္း က်ေနာ္တို႔ ေတြ႕ပါတယ္၊ ျမန္မာႏိုင္ငံမွာပါဝင္တဲ့ အဖြဲ႕ေတြအေနနဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေတြ႕ဆုံေဆြးေႏြးၿပီး ေျဖရွင္းၾကဖို႔၊ အဲဒါေၾကာင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီက က်ေနာ္တို႔ ျမန္မာႏိုင္ငံအပါအဝင္ေပါ့ ႏိုင္ငံေရးပါတီေတြကို ေခၚၿပီးေတာ့ ဒီနည္းနဲ ႔ႏိုင္ငံ၊ သူတို႔ႏိုင္ငံ တိုးတက္ဖို႔လည္း ပါမွာေပါ့ေလ။”

တ႐ုတ္ႏိုင္ငံေရးပါတီနဲ႔ ျမန္မာအပါအဝင္ အာ႐ွႏိုင္ငံေတြက ႏိုင္ငံေရးပါတီေတြ ေဆြးေႏြးပြဲမလုပ္ခင္ ၂ ရက္ စက္တင္ဘာ ၇ ရက္ေန႔က စစ္အာဏာ႐ွင္အေပၚ ခုခံတြန္းလွစ္စစ္ စတင္ေနၿပီလို႔ ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG) က ေၾကညာခဲ့ပါတယ္။ ဒီလိုေၾကညာခဲ့တဲ့အေပၚ ျပည္တြင္းေရးကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေျဖ႐ွင္းၾကဖုိ႔လိုလားတဲ့ တ႐ုတ္အစိုးရဲ႕သေဘာထားကို တ႐ုတ္ျပည္တြင္းသတင္းေတြမွာ ေဖာ္ျပခဲ့ၾကပါတယ္။

ျမန္မာျပည္တြင္းမွာ ႏိုင္ငံေရးအေျခအေနေတြ မတည္မၿငိမ္ျဖစ္ေနေပမဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ျမန္မာအစိုးရနဲ႔ ကတိကဝတ္ျပဳထားတဲ့ သူ႔ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဆက္ၿပီး အေကာင္အထည္ေဖာ္သြားဖို႔ ရည္႐ြယ္ထားပံုရပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရတဦးျဖစ္တဲ့ ဝမ္ဝင္ပင္းက ျမန္မာႏိုင္ငံအေျခအေန အျမန္ဆုံးတည္ၿငိမ္ေစဖို႔ ဒီမိုကေရစီကူးေျပာင္းေရးကို ျပန္ၿပီးလုပ္ဖို႔လိုတယ္လို႔ စက္တင္ဘာ ၈ ရက္မွာလုပ္တဲ့ ပုံမွန္အစည္းအေဝးတခုမွာ ေျပာဆိုခဲ့ေၾကာင္း China Media Group သတင္းက ေရးသားခဲ့ပါတယ္။

ျမန္မာ့ႏိုင္ငံေရးမွာ သက္တမ္းအရင့္ဆုံး ႏိုင္ငံေရးအဖြဲ႕အစည္းတခုျဖစ္တဲ့ ဗမာျပည္ကြန္ျမဴနစ္ပါတီရဲ႕ ေျပာခြင့္ရျဖစ္သလို တ႐ုတ္ျပည္ေရးရာ ကြၽမ္းက်င္ႏွံ႔စပ္သူလည္းျဖစ္တဲ့ ရဲေဘာ္ဖိုးသံေခ်ာင္းကေတာ့ ၾကာသပေတးေန႔က ေတြ႕ဆုံပြဲဟာ တ႐ုတ္ျပည္ရဲ႕ အက်ိဳးေမွ်ာ္ လုပ္ရပ္တခုသာျဖစ္ေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

“တ႐ုတ္ျပည္ကေတာ့ အခုအစည္းအေဝးကို လုပ္လိုက္တာဟာ သူတို႔တိုင္းျပည္ အက်ိဳးစီးပြားအတြက္ လုပ္လိုက္တာပဲေလ။ သူတို႔အတြက္ အက်ိဳးရွိမယ့္ သူတို႔ ေထာက္ခံမႈလိုခ်င္တဲ့ ပါတီေတြကို စည္း႐ုံးဖို႔ ႀကိဳးစားတာပဲ။ NLD ဆိုလည္း ဗမာျပည္မွာ ဘာပဲေျပာေျပာ အင္အားအႀကီးဆုံးပါတီ၊ ရခိုင္ျပည္ဆိုရင္လည္း တ႐ုတ္ျပည္က အဲဒီဘက္မွာ သူတို႔အက်ိဳးစီးပြားေတြ အမ်ားႀကီးရွိတာကိုး။ အဲဒီေတာ့ ရခိုင္ပါတီကို။ အဲဒီလိုလုပ္တဲ့ ပြဲလို႔ ထင္ပါတယ္။”

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴကေန တ႐ုတ္ႏိုင္ငံအထိ သဘာဝဓါတ္ေငြ႔ပိုက္လုိင္းေတြ သြယ္တန္း အသံုးျပဳေနသလို ရထားလမ္းေတြလည္း တ႐ုတ္က ေဖာက္လုပ္ေပးထားပါတယ္။

ႏိုင္ငံေရးေလ့လာသူနဲ ျမန္မာ့ႏိုင္ငံေရးကြၽမ္းက်င္သူျဖစ္တဲ့ ဦးရဲထြန္း (သီေပါ) ကေတာ့ NLD လို လူထုေထာက္ခံမႈ အမ်ားႀကီးရွိေနတဲ့ ပါတီတရပ္ကို စစ္ေကာင္စီဘက္က ဖ်က္သိမ္းပစ္မွာကို တ႐ုတ္အစိုးရက မလိုလားသလို NLD မပါတဲ့ ျမန္မာ့ႏိုင္ငံေရး အနာဂတ္ကလည္း တည္ၿငိမ္မႈ မရွိႏိုင္ဘူးလို႔ ဗြီအိုေအကို ေျပာပါတယ္။ ျမန္မာႏိုင္ငံက ႏို္င္ငံေရးပါတီ ၄ ခုအပါအဝင္ အာ႐ွႏိုင္ငံေရးပါတီေတြနဲ႔ တ႐ုတ္ကြန္ျမဴနစ္ပါတီတို႔ရဲ့ အြန္လိုင္းေဆြးေႏြးပြဲကို အာရွႏိုင္ငံေပါင္း ၁၆ ႏိုင္ငံက ပါတီကိုယ္စားလွယ္ေပါင္း အေယာက္ ၄၀၀ တက္ေရာက္ခဲ့ၾကပါတယ္။

........................................................................................

တရုတ်ကွန်မြူနစ်ပါတီနဲ့ တွေ့ဆုံပွဲ NLD အပါအဝင် လေးပါတီတက်ရောက်

(Unicode)

တရုတ်ကွန်မြူနစ်ပါတီက ကြီးမှူးကျင်းပတဲ့ အာရှနိုင်ငံရေးပါတီများတွေ့ဆုံပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အပါအဝင် ပြည်တွင်းက နိုင်ငံရေးပါတီ ၄ ခု တက်ရောက်ခဲ့ပါတယ်။ ပြည်တွင်းနိုင်ငံရေး အရှုပ်အထွေး အရှိန်မြင့်လာချိန် ပြည်တွင်းက နိုင်ငံရေးပါတီကြီးတွေနဲ့ တရုတ်အစိုးရတွေ့ဆုံမှုဟာ သူ့ရဲ့ အကျိုးမျှော် လုပ်ရပ်တခုသာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက မြင်ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုရန်နိုင်က ပြောပြပါမယ်။

တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားကျင်းပတဲ့ “နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ဆိုတဲ့ စက်တင်ဘာ ၉ ရက်ကလုပ်တဲ့ အွန်လိုင်းတွေ့ဆုံပွဲတရပ်ကို အာရှနိုင်ငံပေါင်း ၁၆ နိုင်ငံက နိုင်ငံရေး ပါတီပေါင်း ၄၀ တက်ရောက်ခဲ့တာပါ။ ဒီပွဲကို ပြည်တွင်းနိုင်ငံရေးပါတီတွေထဲက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ပြည်ခိုင်ဖြိုး USDP ပါတီ၊ ရခိုင်အမျိုးသားပါတီ ANP နဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးရေးပါတီတို့ ဖိတ်ကြားခံရပြီး ပါတီအားလုံး တက်ခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲကို တရုတ်ကွန်မြူနစ်ပါတီက အုပ်စုနှစ်စုခွဲပြီး နိုင်ငံရေးပါတီတွေကို သီးခြား ခွဲတွေ့ခဲ့တာပါ။ အုပ်စု (A) မှာ ပြည်ခိုင်ဖြိုးပါတီနဲ့ လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ပါပြီး အုပ်စု (B) မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရခိုင်အမျိုးသားပါတီ ANP တို့ ပါပါတယ်။

အုပ်စု (A) ဆွေးနွေးပွဲမှာ ပါတီအချင်းချင်း ဆက်ဆံရေးကောင်းလာဖို့၊ ကိုဗစ်ရောဂါတိုက်ဖျက်ရေး၊ လုံခြုံရေး၊ စီးပွားရေး ဆက်ဆံရေးအကြောင်းအရာတွေအပြင် ဆင်းရဲမွဲတေမှု လျှော့ချရေးကိစ္စတွေ၊ ဒါတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲကိုတက်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုလူငယ်ရေးရာကော်မတီက ဒုတိယဌာနမှူး ဒေါက်တာသန့်ဇော်လွင်က ဗွီအိုအေကို ပြောပါတယ်။ NLD ပါတီ၊ ရခိုင်အမျိုးသားပါတီနဲ့ လီဆူပါတီတို့နဲ့အတူ ဖိတ်ကြားခံရတာနဲ့ပတ်သက်လို့ သူ့အမြင်ကို ခုလိုပြောပါတယ်။

“ဒါကတော့ ဒီပါတီကြီးအနေနဲ့ကလည်း CPC က သူက နှစ် ၁၀၀ ရှိသွားပြီဆိုတော့ သူတို့နိုင်ငံရေးနယ်ပယ်မှာတော့ ကျွမ်းပါတယ်၊ ကျနော်တို့ကတော့ ကျနော်တို့ပါတီရဲ့ တဘက်က ပြိုင်ဘက်ပါတီက ကျတော့လည်း လူတိုင်းသိထားတဲ့ နာမည်ကြီးပါတီတွေပဲလေ၊ အဲဒီတော့ မပါမဖြစ်ပေါ့နော်။ ကျန်တဲ့ဟာကတော့ သူတို့ ဒါ နိုင်ငံရေးကစားမှုတခုတော့ ကျန်တဲ့ပါတီနှစ်ခုကတော့ ထည့်တယ်လို့ ယူဆတာပေါ့လေ။ တခြားနိုင်ငံတွေကတော့ အစုံပဲ စင်္ကာပူရှိတယ်၊ နီပေါလ်ရှိတယ်၊ အင်ဒိုနီးရှားရှိတယ်၊ မလေးရှားရှိတယ်၊ ထိုင်းရှိတယ်။”

အုပ်စု B မှာတော့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ အသားပေးဆွေးနွေးခဲ့ပါတယ်။ ဒီအုပ်စုဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘက်က စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးဘိုဘိုဦး တက်ရောက်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ အာရှနိုင်ငံရေးပါတီတွေရဲ့ အွန်လိုင်းဆွေးနွေးပွဲ လုပ်ပြီးတဲ့အခါမှာ ကိုဗစ်တိုက်ဖျက်ရေးဖိုရမ်နဲ့ Generation- Z Leadership Forum ကိုလည်း NLD ပါတီက ဆက်ပြီး တက်ခဲ့တယ်လို့ ဦးဘိုဘိုဦးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

NLD ပါတီရဲ့သဘောထားရဖို့ ပါတီရဲ့ ဗဟိုကော်မတီဝင်ဖြစ်တဲ့ ဦးအောင်ကြည်ညွန့်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း လက်ရှိအချိန်နဲ့ ခြေအနေတွေကြောင့်ဆိုပြီး ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

NLD ပါတီနဲ့အတူ အုပ်စု B မှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာကော်မတီဝင် ဦးထွန်းအောင်ကျော်ကတော့ တရုတ်ဘက်က အချက် ၃ ချက်ကို အဓိကထားပြီး ဆွေးနွေးသွားတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ အာရှနိုင်ငံရေးပါတီတွေအနေနဲ့ ကိုဗစ်ရောဂါတိုက်ဖျက်ရေး၊ နိုင်ငံရေးနဲ့ လူငယ်ရေးရာကိစ္စတွေအတွက် တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်ဘက်က ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

“ကျနော်တို့ လွတ်လပ်ရေးရတဲ့ အနှစ် ၇၀ မှာ တော်တော်ကြီးကို ဆိုးရွားတဲ့ အခြေအနေဖြစ်နေပြီ။ အင်မတန်လည်း ဝမ်းနည်းစရာကောင်းတယ်၊ အင်မတန်လည်း စိတ်ပျက်စရာကောင်းတယ်။ အဲဒီတော့ ဒီကိစ္စက ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းဖြင့်လည်း ဒီကိစ္စတွေကို အဆုံးသတ်နိုင်မယ်၊ အဲဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီက ကြေညာထားတာလည်း ကျနော်တို့ တွေ့ပါတယ်၊ မြန်မာနိုင်ငံမှာပါဝင်တဲ့ အဖွဲ့တွေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းကြဖို့၊ အဲဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီက ကျနော်တို့ မြန်မာနိုင်ငံအပါအဝင်ပေါ့ နိုင်ငံရေးပါတီတွေကို ခေါ်ပြီးတော့ ဒီနည်းနဲ့နိုင်ငံ၊ သူတို့နိုင်ငံ တိုးတက်ဖို့လည်း ပါမှာပေါ့လေ။”

တရုတ်နိုင်ငံရေးပါတီနဲ့ မြန်မာအပါအဝင် အာရှနိုင်ငံတွေက နိုင်ငံရေးပါတီတွေ ဆွေးနွေးပွဲမလုပ်ခင် ၂ ရက် စက်တင်ဘာ ၇ ရက်နေ့က စစ်အာဏာရှင်အပေါ် ခုခံတွန်းလှစ်စစ် စတင်နေပြီလို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာခဲ့ပါတယ်။ ဒီလိုကြေညာခဲ့တဲ့အပေါ် ပြည်တွင်းရေးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့လိုလားတဲ့ တရုတ်အစိုးရဲ့သဘောထားကို တရုတ်ပြည်တွင်းသတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

မြန်မာပြည်တွင်းမှာ နိုင်ငံရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်နေပေမဲ့ တရုတ်နိုင်ငံကတော့ မြန်မာအစိုးရနဲ့ ကတိကဝတ်ပြုထားတဲ့ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်ပြီး အကောင်အထည်ဖော်သွားဖို့ ရည်ရွယ်ထားပုံရပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရတဦးဖြစ်တဲ့ ဝမ်ဝင်ပင်းက မြန်မာနိုင်ငံအခြေအနေ အမြန်ဆုံးတည်ငြိမ်စေဖို့ ဒီမိုကရေစီကူးပြောင်းရေးကို ပြန်ပြီးလုပ်ဖို့လိုတယ်လို့ စက်တင်ဘာ ၈ ရက်မှာလုပ်တဲ့ ပုံမှန်အစည်းအဝေးတခုမှာ ပြောဆိုခဲ့ကြောင်း China Media Group သတင်းက ရေးသားခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ သက်တမ်းအရင့်ဆုံး နိုင်ငံရေးအဖွဲ့အစည်းတခုဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရဖြစ်သလို တရုတ်ပြည်ရေးရာ ကျွမ်းကျင်နှံ့စပ်သူလည်းဖြစ်တဲ့ ရဲဘော်ဖိုးသံချောင်းကတော့ ကြာသပတေးနေ့က တွေ့ဆုံပွဲဟာ တရုတ်ပြည်ရဲ့ အကျိုးမျှော် လုပ်ရပ်တခုသာဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

“တရုတ်ပြည်ကတော့ အခုအစည်းအဝေးကို လုပ်လိုက်တာဟာ သူတို့တိုင်းပြည် အကျိုးစီးပွားအတွက် လုပ်လိုက်တာပဲလေ။ သူတို့အတွက် အကျိုးရှိမယ့် သူတို့ ထောက်ခံမှုလိုချင်တဲ့ ပါတီတွေကို စည်းရုံးဖို့ ကြိုးစားတာပဲ။ NLD ဆိုလည်း ဗမာပြည်မှာ ဘာပဲပြောပြော အင်အားအကြီးဆုံးပါတီ၊ ရခိုင်ပြည်ဆိုရင်လည်း တရုတ်ပြည်က အဲဒီဘက်မှာ သူတို့အကျိုးစီးပွားတွေ အများကြီးရှိတာကိုး။ အဲဒီတော့ ရခိုင်ပါတီကို။ အဲဒီလိုလုပ်တဲ့ ပွဲလို့ ထင်ပါတယ်။”

ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံအထိ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေ သွယ်တန်း အသုံးပြုနေသလို ရထားလမ်းတွေလည်း တရုတ်က ဖောက်လုပ်ပေးထားပါတယ်။

နိုင်ငံရေးလေ့လာသူနဲ မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူဖြစ်တဲ့ ဦးရဲထွန်း (သီပေါ) ကတော့ NLD လို လူထုထောက်ခံမှု အများကြီးရှိနေတဲ့ ပါတီတရပ်ကို စစ်ကောင်စီဘက်က ဖျက်သိမ်းပစ်မှာကို တရုတ်အစိုးရက မလိုလားသလို NLD မပါတဲ့ မြန်မာ့နိုင်ငံရေး အနာဂတ်ကလည်း တည်ငြိမ်မှု မရှိနိုင်ဘူးလို့ ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၄ ခုအပါအဝင် အာရှနိုင်ငံရေးပါတီတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ရဲ့ အွန်လိုင်းဆွေးနွေးပွဲကို အာရှနိုင်ငံပေါင်း ၁၆ နိုင်ငံက ပါတီကိုယ်စားလှယ်ပေါင်း အယောက် ၄၀၀ တက်ရောက်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG