သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

EU နဲ့ ကနေဒါ မြန်မာအပေါ် ဒဏ်ခတ်မှု အမေရိကန်ကြိုဆို


EU နဲ့ ကနေဒါ မြန်မာအပေါ် ဒဏ်ခတ်မှု အမေရိကန်ကြိုဆို ( State Department)

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်ပြီး ဥရောပသမဂ္ဂ (EU) နဲ့ ကနေဒါနိုင်ငံတွေက မြန်မာလုံခြုံရေး အရာရှိတွေအပေါ် ပြစ်ဒဏ်ခတ် အရေးယူလိုက်တဲ့အပေါ် အမေရိကန်က ကြိုဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ထဲ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးတွေကို ကြီးကြပ်ခဲ့ရသူတွေအဖြစ် မြန်မာစစ်တ်၊ နယ်ခြားစောင့်နဲ့ ရဲတပ်ဖွဲ့က အရာရှိကြီး ၇ ဦးကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း မနေ့တုန်းက EU နဲ့ ကနေဒါနိုင်ငံတို့က ကြေညာခဲ့တဲ့ လုပ်ရပ်ကို အားပေးထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Heather Nauert က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ လူမျိုးစုအလိုက် ရှင်းလင်းတဲ့ လုပ်ရပ်တွေ၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေ အပါအ၀င် တိုင်းရင်းသား ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအပေါ် အရေးယူနိုင်အောင်လည်း မဟာမိတ်တွေနဲ့ လက်တွဲကြိုးပမ်းနေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

EU နဲ့ ကနေဒါနိုင်ငံတွေက အရေးယူလိုက်တဲ့ စာရင်းမှာပါဝင်သူတဦးဖြစ်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့သူ ဗိုလ်ချုပ် မောင်မောင်စိုးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာပဲ အမေရိကန်ကလည်း အရေးယူ ဒဏ်ခတ်ထားကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို နောက်ထပ် ပစ်မှတ်ထားဒဏ်ခတ်နိုင်ဖို့လည်း တိုင်ပင်ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG