သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ထောက်ခံတဲ့ ဆီးရီယားတပ်များ IS နောက်ဆုံးခြေကုတ် ထိုးစစ်ဆင်


ဆီးရီယားနိုင်ငံအရှေ့ခြမ်း IS စစ်သွေးကြွတွေထိန်းချုပ်ထားတဲ့ နောက်ဆုံးခြေကုတ်နေရာကို စစ်ဆင်ရှင်းလင်းဖို့ကြိုးစားရာမှာ အမေရိကန် နောက်ခံပေးထားတဲ့ ဆီးရီယားဒီမိုကရက်တစ်တပ်ဖွဲ့ SDF ဟာ IS စစ်သွေးကြွတွေနဲ့ အပြင်းအထန် တိုက်ပွဲတွေဖြစ်နေပါတယ်။ SDF တပ်ဖွဲ့တွေအနေနဲ့ စစ်သွေးကြွတွေထိန်းချုပ်အောက် နောက်ဆုံးကျန်နေတဲ့ ကျေးရွာကို ရှင်းလင်းဖို့အတွက် စတင်လုပ်ဆောင်နေပြီလို့ အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရသူ Mustafa Bali က တွစ်တာအကောင့်ကနေ ပြောဆိုပါတယ်။

SDF တပ်ဖွဲ့တွေဖက်က စတင်တိုက်ခိုက်ပြီး တိုက်ပွဲကြီးကြီးမားမား ရှိနေတယ်လို့ SDF တပ်မှုးတဦးက AFP သတင်းဌာနကို ပြောပါတယ်။ အီရတ်နယ်စပ်နဲ့ကပ်နေတဲ့ ၄ စတုရန်းကီလိုမီတာလောက်ပဲရှိတဲ့ Baghuz ဒေသမှာ တိုက်ပွဲတွေဖြစ်နေတာပါ။

အဲဒီမှာ အမေရိကန်ဦးဆောင်တဲ့ ညွှန်ပေါင်းတပ်ဖွဲ့တွေက လေကြောင်းပစ်ကူပေးတဲ့အောက်မှာ SDF တပ်ဖွဲ့တွေက IS စစ်သွေးကြတွေကို စစ်ဆင်နေပါတယ်။ အဲဒိဒေသတွင်းမှာ တိုက်ပွဲအတွေ့အကြုံကောင်းကောင်းရှိတဲ့ IS တိုက်ခိုက်ရေးသမား သုံးထောင်လောက်ရှိမယ်လို့ SDF တာဝန်ရှိသူတွေရော ဗြိတိန်အခြေစိုက် ဆီးရီယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကပါ ခန့်မှန်းထားပါတယ်။ အများစုက နိုင်ငံခြားသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသတွင်းမှာပဲ အရပ်သား ရာဂဏန်းအတော်မျာမးျားလည်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဆီးရီယားအရှေ့ခြမ်း IS တို့ ထိန်းချုပ်ရေးဒေသကိုစစ်ဆင်ဖို့ ကာဒ်တပ်ဖွဲ့ ပြည်သူစစ်တွေနဲ့အတူ SDF တပ်ဖွဲ့က စစ်ပြင်နေတာကြောင့်၊ ဆီးရီယားအရပ်သားနဲ့ နိုင်ငံခြားသား နှစ်သောင်းကျော်ဟာ အဲဒီဒေသအတွင်းကနေ အခု ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ထွက်ပြေးခဲ့ရတယ်လို့ ဒေသတွင်းက ရတဲ့ သတင်းတွေအရ သိရပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်အများစုပါတဲ့ အဲဒီ စစ်ပြေးဒုက္ခသည်တွေကို ဆီးရီယားအရှေ့မြောက်ပိုင်းဒေသ ဒုက္ခသည်စခန်းတခုမှာ နေရာချထားပါတယ်။ ပြေးလာတဲ့ အမျိုးသမီးနဲ့ ကလေးအများစုဟာ နိုင်ငံခြားသားတွေနဲ့ IS မိသားစုဝင်တွေဖြစ်ကြတယ်လို့ အဲဒီ စခန်းအုပ်ချုပ်ရေးမှုးက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG