သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကဆက်တောမီး အကြီးအကျယ် လောင်ကျွမ်းဆဲ

အမေရိကန်တောင်ပိုင်း တက္ကဆက်ပြည်နယ်မှာ လောင်ကျွမ်းနေတဲ့တောမီး။ (ဓါတ်ပုံ− ရိုက်တာ)
အမေရိကန်တောင်ပိုင်း တက္ကဆက်ပြည်နယ်မှာ လောင်ကျွမ်းနေတဲ့တောမီး။ (ဓါတ်ပုံ− ရိုက်တာ)

အမေရိကန် တောင်ပိုင်း တက္ကဆက်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ လောင်ကျွမ်းနေတဲ့ မီးဟာ တက္ကဆက် သမိုင်းမှာ အကြီးဆုံး တောမီးကြီးဖြစ်ပြီး ၊ ရာသီဥတု အခြေအနေတွေကြောင့် မီးစွယ်ကျိုးအောင် ငြိမ်းသတ်ဖို့ မီးသတ်သမားတွေ အတော်ကို ရုန်းကန်နေရပါတယ်။

ဒီ စနေ တနင်္ဂနွေမှာ ခြောက်သွေ့တဲ့ ရာသီဥတုနဲ့ လေပြင်း တိုက်ခိုက်နေတာကြောင့်လည်း မီးပွားတွေ ၊ ပို ပျံ့သွားနိုင်တယ်လို့ အမေရိကန်ရာသီဥတုစောင့်ကြည့်ရေးဌာနက သတိပေးထားပါတယ်။

တက္ကဆက် တောမီးကြောင့် စီးပွားရေးလုပ်ငန်းတွေ မီးလောင်ဆုံးရှုံးခဲ့။ (AP Photo/Julio Cortez)
တက္ကဆက် တောမီးကြောင့် စီးပွားရေးလုပ်ငန်းတွေ မီးလောင်ဆုံးရှုံးခဲ့။ (AP Photo/Julio Cortez)

တက္ကဆက်ပြည်နယ် Panhandle ဒေသက အသားကင်တဲ့ ဂိုဒေါင်တခုကနေ တနင်္လာနေ့မှာ စတင်လောင်ကျွမ်းတဲ့ မီးကြောင့် အနည်းဆုံး လူ(၂)ဦး သေဆုံးခဲ့ရပြီး၊ နေအိမ်တွေ အပါဝင် အဆောက်အဦး ၅၀၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ကျွဲနွားတွေ သေဆုံးမှု ရှိပြီး၊ စားကျက်မြေတွေနဲ့ သဘာဝလွင်ပြင်တွေ မီးကျွမ်းပြီး ကျန်ရစ်ခဲ့ပါတယ်။

ဒီတောမီးက စတုရန်းမိုင်(၁၇၀၀)ကျော် လောင်ကျွမ်းခဲ့ပြီး အိုကလာဟိုးမားပြည်နယ် အနောက်ဖက်ခြမ်း နယ်စပ်အထိ ကူးစက်သွားခဲ့ပါတယ်။ တက္ကဆက်ပြည်နယ်မှာ သဘာဝဘေးအန္တရာယ် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအမိန့်ကို ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ဖေဖေါ်ဝါရီ ၂၇ ကတည်းက ထုတ်ပြန်ထားပါတယ်။

တက္ကဆက်တောမီး အကြီးအကျယ် လောင်ကျွမ်းဆဲ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG