သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ မုန်တိုင်းကယ်ဆယ်ရေးအတွက် အမေရိကန်က ဒေါ်လာ ၁၇ သန်း ထပ်ကူညီမည်


အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ လှုဒါန်းသည့် စားနပ်ရိက္ခာများ။ (ဓာတ်ပုံ၊ WFP)
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ လှုဒါန်းသည့် စားနပ်ရိက္ခာများ။ (ဓာတ်ပုံ၊ WFP)

မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းမိုခါ မုန်တိုင်းဒဏ်သင့်သူတွေအတွက် အမေရိကန် ပြည်ထောင်စုက လူသားချင်း စာနာမှု အကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၁၇ သန်းနီးပါး ထောက်ပံ့မယ့်အကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ မုန်တိုင်းသင့်သူတွေအတွက် အရေးပေါ် နားခိုစရာ၊ သန့်ရှင်းတဲ့ရေ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေအတွက် အသုံးပြုဖို့ အရေးပေါ် ကူညီရေး ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) က တဆင့် ပေးအပ်သွားမယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံက မုန်တိုင်းသင့်သူတွေအတွက် အရေးပေါ် အကူအညီအဖြစ် ဒေါ်လာ ၂ သိန်း ထောက်ပံ့ဖို့လည်း အမေရိကန်က အင်အားပြင်း ဆိုင်ကလုန်းမိုခါ တိုက်ခတ်ခံခဲ့ရအပြီး ကြေညာခဲ့တာပါ။ မြန်မာနိုင်ငံက မုန်တိုင်းသင့်သူတွေကို အကူအညီပေးနိုင်ဖို့ ဒေါ်လာ ၃၃၃ သန်း လိုအပ်နေကြောင်း ကုလသမဂ္ဂကလည်း မနေ့တုန်းကပဲ တောင်းခံထားပါတယ်။

မေလ ၁၄ ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသူ ၁.၆ သန်း ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ အရေးပေါ် အကူအညီတွေ အချိန်မီမရရင် မကြာခင် မိုးတွင်းကာလ အခက်ကြုံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

မိုခါဆိုင်ကလုန်းကြောင့် ရခိုင်ပြည်နယ်မှာ သေဆုံးသူ ၁၄၈ ယောက် ရှိကြောင်း ဒီသီတင်းပတ် အစောပိုင်းမှာပဲ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပေမဲ့ သေကြေထိခိုက်မှုတွေဟာ ဒီထက်များတယ်လို့လည်း သတင်းတွေ ထွက်နေသလို၊ မုန်တိုင်းဒဏ်သင့်တဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ရေးတွေ ထိထိရောက်ရောက်ပေးနေတာ မရှိဘူးလို့လည်း ဒေသခံတွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG