သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးဆိုင်ရာရုံးသစ် အိမ်ဖြူတော်မှာဖွင့်မည်


အိမ်ဖြူတော်မှာ ဘာသာရေးဆိုင်ရာရုံးခန်းကို ဦးဆောင်ဖို့ တာဝန်ပေးခံရတဲ့ ရှေ့နေချုပ် Pam Bondi နဲ့အတူတွေ့ရတဲ့ သမ္မတဒေါ်နယ်ထရမ့် (ဖေဖော်ဝါရီ ၅၊ ၂၀၂၅)
အိမ်ဖြူတော်မှာ ဘာသာရေးဆိုင်ရာရုံးခန်းကို ဦးဆောင်ဖို့ တာဝန်ပေးခံရတဲ့ ရှေ့နေချုပ် Pam Bondi နဲ့အတူတွေ့ရတဲ့ သမ္မတဒေါ်နယ်ထရမ့် (ဖေဖော်ဝါရီ ၅၊ ၂၀၂၅)

အမေရိကန် ပြည်ထောင်စုအစိုးရအတွင်း ခရစ်ယာန်ဆန့်ကျင်ရေး ဘက်လိုက်မှုကို တိုက်ဖျက်ရေးအတွက် သမ္မတအိမ်ဖြူတော်မှာ ဘာသာရေးဆိုင်ရာရုံးခန်းတခု ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီရုံးခန်းကို ဦးဆောင်ဖို့ ရှေ့နေချုပ် Pam Bondi ကို တာဝန်ပေးညွှန်ကြားမယ့်အကြောင်း သမ္မတ Donald Trump က ဖေဖော်ဝါရီ ၆ ရက်၊ ကြာသပတေးနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က သူ့အပေါ် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားမှု ၂ ကြိမ်ခံရပြီးနောက် ဘာသာရေးအပေါ်ထားတဲ့ သူ့ရဲ့သဘောထား ပြောင်းလဲခဲ့ကြောင်း ကြာသပတေးနေ့က စည်းလုံးညီညွတ်ရေးအတွက် လွှတ်တော်အမတ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေပါ တက်ရောက်တဲ့ ဝါရှင်တန် ဒီစီမြို့က နံနက်စာစား ဆုတောင်းပွဲမှာ သမ္မတ Trump က အဲဒီလို ပြောခဲ့တာပါ။ ကျား/မ ၊ လိင်ကွဲပြားမှု စတဲ့ ခွဲခြားဆက်ဆံမှုတွေကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း သူ့အနေနဲ့ တွန်းလှန် တိုက်ဖျက်ပြီး ခရစ်ယာန်တွေ နှိမ်ချ ဆက်ဆံခံနေရမှုကို ကာကွယ်ပေးမယ့် အစီအစဉ်တွေ ချမှတ် ဆောင်ရွက်ခဲ့ကြောင်းလည်း သမ္မတ Trump က ဂုဏ်ယူပြောကြားခဲ့ပါတယ်။

ရှေ့နေချုပ်အနေနဲ့ အမေရိကန်လူမှုအသိုင်းအဝန်းအတွင်း ဖြစ်ပေါ်နေတဲ့ ခရစ်ယာန်တွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေကို အပြည့်အဝ အပြစ်ပေးနိုင်ရေးအတွက် လုပ်ဆောင်သွားမှာ ဖြစ်တဲ့အပြင် ခရစ်ယာန်နဲ့ ဘာသာရေးအပေါ် ယုံကြည်လိုက်စားသူတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံကာကွယ်ပေးသွားမှာဖြစ်ကြောင်းလည်း သမ္မတ Trump က ပြောကြားခဲ့ပါတယ်။ အကြမ်းဖက်မှုဆိုင်ရာ ပေါ်လစီတွေနဲ့ လုပ်ဆောင်မှုတွေကို ဖျက်သိမ်းပစ်ရေးအတွက် ဆောင်ရွက်ရမယ့် အဆင့်တွေ ပါဝင်တဲ့ သမ္မတရဲ့ အမိန့်ကြေညာချက်ကို သမ္မတ Trump က မနေ့ ကြာသပတေးနေ့မှာ လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတယ်။

 ဘာသာရေးဆိုင်ရာရုံးသစ် အိမ်ဖြူတော်မှာဖွင့်မည်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG