သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါနဲ့ မက္ကဆီကိုအပေါ် အခွန်တိုးမယ့်အရေး သမ္မတ Trump ဆိုင်းငံ့


အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်မ်၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau (ဝဲ)၊ မက္ကဆီကိုသမ္မတ Claudia Sheinbaum (ယာ)။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်မ်၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau (ဝဲ)၊ မက္ကဆီကိုသမ္မတ Claudia Sheinbaum (ယာ)။

ကနေဒါနဲ့ မက္ကဆီကိုအပေါ် သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံမယ့်အရေးကို အမေရိကန်သမ္မတ Donald Trump က အနည်းဆုံး တလတာ ဆိုင်းငံ့လိုက်ပါတယ်။ ကနေဒါဝန်ကြီးချုပ် Justin Trudeau၊ နောက် မက္ကဆီကိုသမ္မတ Claudia Sheinbaum တို့နဲ့ အမေရိကန်သမ္မတ Donald Trump တို့ သီးခြားစီ ဆွေးနွေးခဲ့ကြပြီးနောက် အခုလို ဆိုင်းငံ့ရေး သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတွင်းကို fentanyl မူးယစ်ဆေးဝါး ဝင်နေတာ တားနိုင်အောင် မက္ကဆီကို အရံတပ်ဖွဲ့ဝင် ၁၀,၀၀၀ ကို ချထားမယ်လို့ မက္ကဆီကိုသမ္မတ Claudia Sheinbaum က ပြောလိုက်ပြီးနောက် မက္ကဆီကို ပို့ကုန်တွေပေါ် အခွန် ၂၅% ချထားမယ့် အစီအစဉ်ကို အမေရိကန်သမ္မတ ထရမ့်က တလကြာ ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ထရမ့်နဲ့ စကားပြောပြီးနောက် မက္ကဆီကို မြောက်ပိုင်းနယ်စပ်မှာ အခုလို တပ်တွေ ချထားမယ့်အကြောင်းကို X လူမှုစာမျက်နှာမှာ သမ္မတ Claudia Sheinbaum က ပြောလိုက်တာပါ။

ပြင်းအားကြီးလက်နက်တွေ မက္ကဆီကိုကို ခိုးသွင်းနေကြတာကိုလည်း ရပ်အောင်လုပ်ဖို့ အမေရိကန်က ကတိကဝတ်ပြုတယ်လို့ မက္ကဆီကို သမ္မတက ရေးပါတယ်။ ဆိုင်းထားတဲ့ တလအတွင်း၊ လုံခြုံရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကို ဆွေးနွေးကြမယ်လို့ မက္ကဆီကို သမ္မတက ပြောပါတယ်။

"သမ္မတထရမ့်ရဲ့ အမိန့်က ကုန်သွယ်ရေးစစ်မဟုတ်တာ ရာနှုန်းပြည့် ရှင်းပါတယ်၊ ဒါက မူးယစ်ဆေးဝါး စစ်ပွဲပါ" လို့ အိမ်ဖြူတော် အမျိုးသားစီးပွါးရေးကောင်စီ ညွှန်ကြားရေးမှူး Kevin Hassett က တနင်္လာနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG