သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေပေါ် စော်ကားပြောဆိုမှုကို Trump တောင်းပန်


ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်
ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်

၂၀၀၅ ခုနှစ်တုန်းက အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ညစ်ညမ်းရိုင်းပြစွာ ပြောထားတဲ့ ဗီဒီယိုဖိုင်တခု သောကြာနေ့က ထွက်ပေါ်လာ ပြီးတဲ့နောက် ၊ သူဟာ ပြီးပြည့်စုံတဲ့ သူတစ်ယောက်၊ ခြောက်ပစ်ကင်းသူတစ်ယောက်ဖြစ်တယ်လို့ ဘယ်တုန်းကမှ မပြော ခဲ့ကြောင်း ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်က စနေနေ့မနက်အစောပိုင်းက အသံသွင်းပြီး တောင်းပန်လိုက်ပါတယ်။ အဲဒီအထဲမှာ “သူ့အနေနဲ့ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက် ဖြစ်အောင်နေ သွားဖို့ လည်း” ကတိပြုထားပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာက ပြောထားတာဟာ ေ ရွးကောက်ပွဲအတွက် အနှောက်အယှက် ဖြစ်အောင်လုပ်ဖို့ အတွက်သာ ဖြစ်တယ် လို့ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ဒေါ်နယ်လ်ထရမ့်က တောင်းပန်စကားပြောတဲ့တချိန်တည်းမှာပဲ၊ ဒီမိုကရက်တစ် ပါတီသမ္မတလောင်း ဟီလရီကလင်တန် နဲ့ သူမရဲ့ ခင်ပွန်း Bill Clinton တို့ကို လည်း ဝေဖန်လိုက်ပါတယ်။ သမ္မတဟောင်း Bill Clinton က အမျိုးသမီးတွေကို အမှန်တကယ် စော်ကားတာတွေ လုပ်ခဲ့ပြီး၊ ဇနီးဖြစ်သူ ဟီလရီကလင်တန်ကတော့ အဲဒီလိုစော်ကား ခံရတဲ့ အမျိုးသမီးတွေကို အနိုင်အထက် ပြုကျင့်ခဲ့တယ်လို့ ဒေါ်နယ် လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီတာဝန်ရှိသူတွေကတော့ ဒေါ်နယ်လ်ထရမ့်ပြောတာကို သော ကြာနေ့က ပြစ်တင်ရှုတ်ချ ခဲ့ကြပါတယ်။ ဗီဒီယိုထဲမှာတော့ ဒေါ်နယ်လ်ထရမ့်က “သူ့ကို အမျိုးသမီးတွေက အလိုလို စိတ်ဝင်စားကြပြီး၊ နာမည်ကြီးဆိုရင် အမျိုးသမီးတွေ ကလည်း ဘာလုပ်လုပ်ခွင့်ပြုပြီး ၊ လုပ်ချင်တာလုပ်လို့ရတယ်” ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီဥက္ကဋ္ဌ Reince Priebus ကတော့ - ဘယ်အမျိုးသမီးကိုမှ ဒီလိုအသုံးအနှုန်းမျိုး ၊ ဒီလိုပုံစံမျိုးနဲ့ ဘယ်တော့မှ မပြောဆိုသင့်ဘူးလို့ ပြောလိုက်ပါတယ်။ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Paul Ryan ကတော့ - ဒေါ်နယ်လ်ထရမ့် အနေနဲ့ ဒီဗီဒီယိုထဲမှာပြော ထားတာ ထက်ကို အမျိုးသမီးတွေအပေါ်မှာ ပိုပြီးတော့ လေးစားမှုရှိတယ်ဆိုတာကို နိုင်ငံက သိအောင်လုပ်ပြသွားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။

Republican ပါတီရဲ့ ဦးဆောင်ပါတီဝင်တချို့ဟာ သူတို့ပါတီသမ္မတလောင်း Donald Trump အပေါ်ထောက်ခံမှုကို ပြန်လည်ရုပ်သိမ်းနေကြပါပြီ။ ၂၀၀၅ ခုနှစ်တုံးက Donald Trump က အမျိုးသမီးတွေကို မတော်တရော်စော်ကားပြီး ပြောဆိုခဲ့တဲ့ Video သောကြာနေ့က ပေါ်ထွက်ခဲ့ပြီးနောက် အခုလို ထောက်ခံမှု ရုပ်သိမ်းနေကြ တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုံးက Donald Trump ဟာ လက်ရှိဇနီးသည်နဲ့ ပေါင်း သင်းနေချိန်လည်း ဖြစ်ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ Republican လွှတ်တော်အမတ် Paul Ryan က Trump ရဲ့ ပြောပုံဆိုပုံကို စိတ်ပျက်ကြောင်းနဲ့ Paul Ryan ရဲ့ ဇာတိ Wisconsin ပြည်နယ်မှာ ကျင်းပမယ့် နှစ်ပတ်လည်ဆောင်းဦးပေါက်ပွဲတော်တက်ရောက်ဖို့ Trump ကို မဖိတ်တော့ ဘူးလို့ပြောပါတယ်။ Republican ပါတီဥက္ကဋ္ဌ Reince Priebus, Wisconsin ပြည်နယ် အုပ်ချုပ်ရေးမှူး Scott Walker နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ Paul Ryan တို့နဲ့အတူ Mr. Trump ဟာ နှစ်ပတ်လည် ဆောင်းဦးပေါက် ပွဲတော် တက်ရောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Republican ပါတီဥက္ကဋ္ဌ Priebus က Donald Trump ရဲ့ အမျိုးသမီးတွေအပေါ် ဒီလိုမဖွယ်မရာ အပြောမျိုးနဲ့ ဘယ်တော့မှမပြောဆိုသင့်ဘူးလို့ ဝေဖန်လိုက်ပါတယ်။ Republican သမ္မတလောင်းအဖြစ် ၂၀၀၈ ခုနှစ်ကသမ္မတအိုဘားမားနဲ့ ယှဉ်ပြိုင်ခဲ့သူ John McCain ကတော့ Donald Trump အနေနဲ့ သူ့ရဲ့ အပြုအမူနဲ့ ပြောဆိုမှုတွေရဲ့ အကျိုးဆက်တွေကို သူတဦးတည်းသာ ခံစားသင့်တယ်လို့ပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG