သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားစီးပွားရေးလုပ်ငန်းတွေကို ကန်နဲ့ဗြိတိန် ထပ်မံဒဏ်ခတ်အရေးယူ 


ရုရှားသမ္မတ ဗလာတီမီယာပူတင် (ဝဲ) နဲ့ ရုရှားမှာအချမ်းသာဆုံးစာရင်းဝင် စီးပွါးရေးလုပ်ငန်းရှင် Alisher Usmanov တို့ကို ကရင်မလင်နန်းတော်က ဆုပေးပွဲအခမ်းအနားတခုမှာ ဇန်နဝါရီ ၂၆၊ ၂၀၁၇ တုန်းက တွေ့ရပုံဖြစ်ပြီး ရုရှားကျူးကျော်စစ်အတွက် အရေးယူဒဏ်ခတ်မှုတွေမှာ ပစ်မှတ်ထားအရေးယူခံရဖွယ်ရှိပါတယ်။
ရုရှားသမ္မတ ဗလာတီမီယာပူတင် (ဝဲ) နဲ့ ရုရှားမှာအချမ်းသာဆုံးစာရင်းဝင် စီးပွါးရေးလုပ်ငန်းရှင် Alisher Usmanov တို့ကို ကရင်မလင်နန်းတော်က ဆုပေးပွဲအခမ်းအနားတခုမှာ ဇန်နဝါရီ ၂၆၊ ၂၀၁၇ တုန်းက တွေ့ရပုံဖြစ်ပြီး ရုရှားကျူးကျော်စစ်အတွက် အရေးယူဒဏ်ခတ်မှုတွေမှာ ပစ်မှတ်ထားအရေးယူခံရဖွယ်ရှိပါတယ်။

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ရုရှားကို ကြာသပတေးနေ့မှာ ဗြိတိန်ကရော အမေရိကန်ကပါ ထပ်မံ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

ရုရှားဝင်ငွေရလမ်းအတွက် အဓိကဖြစ်တဲ့ စိန်၊ သတ္တုနဲ့ စွမ်းအင်ဆိုင်ရာကုန်သွယ်မှုတွေလုပ် နေတာကြောင့် ရုရှားနဲ့ဆက်နွယ်နေတဲ့လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီပေါင်း ၅၀ ကျော်ကို အရေးယူတာ ဖြစ်ကြောင်း ဗြိတိန်အရာရှိတွေက ပြောပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron ကလည်း အခုဆို ၂ နှစ်ထဲ ဝင်လာပြီဖြစ်တဲ့ ရုရှားကျူးကျော်စစ်ကို တုံ့ပြန်တိုက်ခိုက်နေတဲ့ ယူကရိန်းကို ထောက်ခံပံ့ပိုးမှာဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အခု ဒဏ်ခတ်အရေးယူခံရတဲ့သူတွေနဲ့ကုမ္ပဏီတွေဟာ ကာကွယ်ရေးဆိုင်ရာလက်နက်တွေ ထုတ်လုပ်နေတာ၊ ဂျက်တိုက်လေယာဉ်တွေ၊ အင်ဂျင်တွေ၊ တင့်ကားတွေနဲ့ မစ်ဇိုင်းတွေ ထုတ်လုပ်မှုနဲ့ ဆက်နွယ်နေကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။ အမေရိကန် ပြည်ထောင်စုကလည်း ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်တဲ့ ဖေဖေါ်ဝါရီ ၂၄ ဒုတိယနှစ်ပတ်လည်နေ့မတိုင်ခင်မှာ အရေးယူဒဏ်ခတ်မှုအသစ်တွေချမှတ်ကြောင်း အမေရိကန် တရားရေးဌာနက ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

ရုရှားအစိုးရနဲ့ဆက်နွယ်ပြီး ကြီးပွါးချမ်းသာနေတဲ့ အထင်ကရပုဂ္ဂိုလ်တွေနဲ့ သူတို့နဲ့ ငွေကြေးအဆက်သွယ်ရှိသူ ၅ ဦးကိုအရေးယူကြောင်း ကြာသပတေးနေ့မှာပဲ ထုတ်ပြန်ပါတယ်။ ဒီအထဲမှာ ငွေကြေးခဝါချမှုလုပ်ခဲ့ကြောင်း ဝန်ခံတဲ့ အမေရိကန်အခြေစိုက် လုပ်ငန်းရှင် ၂ ဦးလည်းပါဝင်ပြီး သူတို့ကိုပါ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားအစိုးနဲ့ဆက်နွယ်နေတဲ့ သူဌေးကြီး Viktor Perevalov ရဲ့ ဖလော်ရီဒါက ဒေါ်လာ ၂ သန်းခွဲတန် နေအိမ်တွေကိုပါ သိမ်းဆည်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG