သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးငယ်တွေကို ကိုဗစ်ကာကွယ်ဆေး Pfizer ထိုးဖို့ ကန် FDA ထောက်ခံ ဆုံးဖြတ်


(FILES) In this file photo taken on November 23, 2020 This illustration picture taken on November 23, 2020 shows a bottle reading "Vaccine Covid-19" and a syringe next to the Pfizer and Biontech logo. - Britain on December 2, 2020 became the first country
(FILES) In this file photo taken on November 23, 2020 This illustration picture taken on November 23, 2020 shows a bottle reading "Vaccine Covid-19" and a syringe next to the Pfizer and Biontech logo. - Britain on December 2, 2020 became the first country

{{Zawgyi/Unicode}}

Pfizer ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ကလေးငယ်တွေအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို အမေရိကန် ကျန်းမာရေး အကြံပေးအဖွဲ့က ထောက်ခံချက် ပေးလိုက်တဲ့အတွက် အသက် ၅ နှစ်ကနေ ၁၁ နှစ် မူလတန်းအရွယ် ကလေးတွေ ဆေးထိုးခွင့်ရဖို့ နီးစပ်လာပါတယ်။

ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးက ရရှိလာမယ့် အကျိုးကျေးဇူးဟာ ဘေးထွက်ဆိုးကျိုးထက် သာလွန်ကြောင်း အမေရိကန် ကျန်းမာရေးနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရဲ့ အကြံပေးအဖွဲ့က အင်္ဂါနေ့မှာ တခဲနက်မဲခွဲ ထောက်ခံလိုက်ကြတာပါ။

“မဲပေးတဲ့ အဖွဲ့ဝင် ၁၈ ဦးအနက်၊ ၁၇ ယောက်က ထောက်ခံခဲ့ပြီး၊ ကြားနေမဲ တမဲရှိပါတယ်။” လို့ FDA အရာရှိ Kathleen Hayes က အင်္ဂါနေ့ မဲရလဒ်ကို ကြေညာရာမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ ဆေးထက် ပမာဏ ပိုများတဲ့ ကာကွယ်ဆေးကို ထိုးခဲ့ကြတဲ့ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာတော့ ရှားရှားပါးပါး နှလုံးနဲ့ ပတ်သက်တဲ့ ဘေးထွက်ဆိုးကျိုး ခံစားရလေ့ ရှိပါတယ်။

ကလေးငယ်တွေအတွက် ထိုးဆေး ပမာဏကိုတော့ အသက် ၁၂ နှစ်နဲ့အထက် အရွယ်တွေသုံးတဲ့ ထိုးဆေးပမာဏရဲ့ ၃ ပုံ ၁ ပုံ သာ ရှိမှာပါ။ အကြံပေးအဖွဲ့ရဲ့ ထောက်ခံချက်ကို FDA က လိုက်နာစရာ မလိုပေမဲ့လည်း၊ မကြာခင် ရက်တွေအတွင်း ဆုံးဖြတ်ချက်ကို ကြေညာလိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။

ကလေးတွေမှာ ကိုဗစ်ရောဂါ ကူးစက်တဲ့အခါ ရောဂါဒဏ် အပြင်းအထန် ခံစားရမယ့် အန္တရာယ်နည်းပေမဲ့လည်း ၅ နှစ်ကနေ ၁၁ နှစ်အရွယ် ကလေးတွေ အပြင်းအထန် ဖျားနာရာက ဆေးရုံတင် ကုသရသူ ၈၃၀၀ ကျော် ရှိခဲ့သလို၊ ဒီအထဲက ၃ ပုံ ၁ ပုံဟာ အတွင်းလူနာအဖြစ် ကုသပေးခဲ့ရသလို၊ သေဆုံးသူ ၁၀၀ နီးပါး ရှိပါတယ်။

..............................

တိုက်ရိုက် လင့်ခ်

{{Unicode}}






XS
SM
MD
LG