သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pfizer ကိုဗစ်ကာကွယ်ဆေး ကလေးငယ်တွေကို ၉၁ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်


ကလေးငယ်များထိုးနှံဖို့ ထုတ်လုပ်ထားတဲ့ Pfizer ကိုဗစ်ကာကွယ်ဆေး။
ကလေးငယ်များထိုးနှံဖို့ ထုတ်လုပ်ထားတဲ့ Pfizer ကိုဗစ်ကာကွယ်ဆေး။

(Zawgyi / Unicode)

ကလေးတွေကို ထိုးပေးဖို့ ရည်ရွယ်ထားတဲ့ COVID-19 ကာကွယ်ဆေးဟာ မူလတန်းကျောင်းသားအရွယ် ကလေးငယ်တွေအတွက် ရောဂါပိုး ကူးစက်မှုကနေ ၉၁ ရာခိုင်နှုန်း ကာကွယ်မှုပေးနိုင်တယ်လို့ ကိုဗစ်ကာကွယ်ဆေးထုတ်တဲ့ Pfizer ဆေးကုမ္ပဏီက ပြောပါတယ်။

အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက အသက် ၅ နှစ်ကနေ ၁၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးသင့်မသင့် ဆိုတဲ့ကိစ္စအတွက် ဆုံးဖြတ်ချက်ချဖို့ ပြင်ဆင်နေချိန်မှာပဲ သူတို့ သုတေသနပြုပြီး ရရှိထားတဲ့ အချက်အလက်တွေကို Pfizer ကုမ္ပဏီရဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာ သောကြာနေ့က ဖော်ပြလိုက်တာပါ။

တကယ်လို့ အမေရိကန် ကျန်းမာရေး တာဝန်ရှိသူတွေက ခွင့်ပြုချက် ချပေးလိုက်ရင်တော့ ကလေးတွေအတွက် ကာကွယ်ဆေးကို ရှေ့လဆန်းပိုင်းလောက်မှာ စပြီး ထိုးပေးနိုင်တော့မှာပါ။

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ကလေးတွေအတွက် ထိုးခွင့်ပြုပေးလိုက်ရင် ဘယ်သူတွေ ထိုးခွင့်ရှိမယ်ဆိုတာကို အမေရိကန် ရောဂါထိန်းချုပ် ကာကွယ်ရေးဌာန (CDC) က အဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

အသက် ၁၂ နှစ်အထိ ကလေးငယ်တွေက Pfizer ကထုတ်တဲ့ COVID-19 ကာကွယ်ဆေးကို ထိုးနေကြပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)







XS
SM
MD
LG