သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဗီဇာကြေးတချို့ မေ ၃၀ က စ တိုးမယ်


ဝါရှင်တန်မြို့တော်က ချယ်ရီပွင့်ချိန်

အမေရိကန်ပြည်ထောင်စုကို ယာယီလာဖို့ လျှောက်ထားကြသူတွေအတွက် ပြည်ဝင်ခွင့် Visa ကြေးတွေ မေလ ၃၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံးမှာ တိုးကောက်တော့မှာ ဖြစ်ပါတယ်။ အမေရိကန်မှာရှိနေသူ တယောက်ယောက်က စပွန်ဆာလုပ်ခေါ်တာမျိုး မဟုတ်တဲ့ non-immigrant visa ကြေးကို ဒေါ်လာ ၁၆၀ ကနေ ၂၅ ဒေါ်လာတိုးပြီး ၁၈၅ ဒေါ်လာ ပေးရမှာဖြစ်ပါတယ်။

အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားတာ မဟုတ်တဲ့ ဗီဇာအမျိုးအစားတွေထဲက H, L, O, P, Q နဲ့ R အမျိုးအစား ဗီဇာအတွက် ဗီဇာကြေးတွေကလည်း လက်ရှိ ဒေါ်လာ ၁၉၀ ကနေ ၂၀၅ ဒေါ်လာပေးရတော့မှာဖြစ်ပါတယ်။ ဒီဗီဇာအမျိုးအစားတွေကတော့ စပွန်ဆာပေးခေါ်တဲ့ ဗီဇာအမျိုးအစားတွေဖြစ်ပါတယ်။ အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူစာချုပ်ထားတဲ့နိုင်ငံတွေက စီးပွားရေးသမားတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် အကြုံးဝင်တဲ့ E အမျိုးအစား nonimmigrant visa ကြေးကလည်း လက်ရှိ ၂၀၅ ဒေါ်လာကနေ ၃၁၅ ဒေါ်လာအထိ တက်တော့မှာဖြစ်ပါတယ်။

အခုလို အမေရိကန်မှာ အမြဲတမ်းနေထိုင်ဖို့ မဟုတ်သူတွေပေးရမယ့် Visa လျှောက်ထားခတွေကို တကမ္ဘာလုံးမှာ တိုးမြှင့်တာဖြစ်ပါတယ်။ အမေရိကန် ကောင်စစ်ဌာနတွေမှာ ဗီဇာလျှောက်ထားမှုတွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် စိစစ်ပေးနိုင်ဖို့ ခုလို ဗီဇာကြေးတွေ တိုးကောက်တာဖြစ်တယ်လို့ အမေရိကန်အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဗီဇာကြေးတချို့ မေ ၃၀ က စ တိုးမယ်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG