သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ အလည္အပတ္ဗီဇာ အာမခံေၾကး သတ္မွတ္ခ်က္ ျမန္မာပါဝင္


အေမရိကန္ျပည္ဝင္ခြင့္ဗီဇာ။

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုကို အလုပ္နဲ႔ျဖစ္ေစ၊ အလည္အပတ္ျဖစ္ေစ ယာယီ ျပည္ဝင္ခြင့္ဗီဇာ ရယူမယ့္ ျမန္မာႏုိင္ငံသားေတြ အေနနဲ႔ လာမယ့္ ဒီဇင္ဘာလ ၂၄ ရက္ေန႔ကေန ဇြန္လ ၂၄ ရက္ေန႔အတြင္း အာမခံထားဖို႔ လိုအပ္လာမွာ ျဖစ္ပါတယ္။

အလုပ္နဲ႔ျဖစ္ေစ၊ အလည္အပတ္ျဖစ္ေစ အေမရိကန္ျပည္ဝင္ခြင့္ B1, B2 ဗီဇာေတြအတြက္ အာမခံေၾကးကေတာ့ ေဒၚလာ ၅,၀၀၀၊ ေဒၚလာ ၁၀,၀၀၀ ဒါမွမဟုတ္ ေဒၚလာ ၁၅,၀၀၀ ထိ ဗီဇာအာမခံခ်က္အေပၚလိုက္ၿပီး ဆံုးျဖတ္မွာ ျဖစ္ပါတယ္။

ဒီဇင္ဘာလ ၂၄ ရက္ေန႔ကေန ဇြန္လ ၂၄ ရက္ေန႔အထိ ၾကာမယ့္ ၆ လၾကာ စမ္းသပ္အစီအစဥ္ကို ႏုိဝင္ဘာလ ၂၄ ရက္ေန႔က ထုတ္ျပန္တာပါ။ ဒီ ယာယီအစီအစဥ္ထဲမွာ ႏုိင္ငံ ၂၃ ခုက ႏုိင္ငံသားေတြ အက်ဳံးဝင္ၿပီး အေမရိကန္မွာ ဗီဇာသက္တမ္းလြန္ ေနထိုင္သူ ၁၀ ရာခိုင္ႏႈန္းေက်ာ္ရွိတဲ့ ႏုိင္ငံေတြလို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဗီဇာအာမခံေၾကး အက်ဳံးဝင္တဲ့ ႏုိင္ငံ ၂၃ ခုထဲမွာ အာဖရိကႏုိင္ငံေတြ အမ်ားစုပါဝင္ၿပီး အေရွ႕ေတာင္အာရွ ႏုိင္ငံေတြထဲမွာေတာ့ ျမန္မာနဲ႔ လာအို ႏွစ္ႏုိင္ငံ ပါဝင္ပါတယ္။

ဒီအစီအစဥ္ဟာဆိုရင္ အေမရိကန္မွာ ဗီဇာရက္လြန္ ေနထိုင္သူေတြကို ဌာေနျပန္ပို႔ရတဲ့ ကုန္က်တဲ့စရိတ္ ကာမိေအာင္ စီမံထားတာျဖစ္ေၾကာင္း ျပည္ေထာင္စုမွတ္တမ္းမ်ားဌာနမွာ ေဖာ္ျပထားတဲ့ အေမရိကန္ ႏုိင္ငံျခားေရးဌာန၊ ေကာင္စစ္ဝန္လုပ္ငန္းဆိုင္ရာ လက္ေထာက္ႏုိင္ငံျခားေရးဝန္ႀကီး Carl Risch ရဲ႕ ေၾကညာစာမွာ ေတြ႔ရပါတယ္။

အခု စမ္းသပ္အစီအစဥ္ဟာဆိုရင္ ႏုိင္ငံျခားအစိုးရေတြဘက္ကလည္း သူတို႔ႏုိင္ငံသားေတြ အေမရိကန္ကို ယာယီ လာေရာက္တဲ့ေနရာမွာ ဗီဇာသက္တမ္းေက်ာ္ ေနထိုင္တဲ့ႏႈန္း ေလ်ာ့သြားေအာင္ သင့္ေတာ္သလို ေဆာင္ရြက္ႏုိင္ေရး တြန္းအားေပးဖို႔ ရည္ရြယ္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

အမေရိကန် အလည်အပတ်ဗီဇာ အာမခံကြေး သတ်မှတ်ချက် မြန်မာပါဝင်

အမေရိကန်ပြည်ထောင်စုကို အလုပ်နဲ့ဖြစ်စေ၊ အလည်အပတ်ဖြစ်စေ ယာယီ ပြည်ဝင်ခွင့်ဗီဇာ ရယူမယ့် မြန်မာနိုင်ငံသားတွေ အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့ကနေ ဇွန်လ ၂၄ ရက်နေ့အတွင်း အာမခံထားဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

အလုပ်နဲ့ဖြစ်စေ၊ အလည်အပတ်ဖြစ်စေ အမေရိကန်ပြည်ဝင်ခွင့် B1, B2 ဗီဇာတွေအတွက် အာမခံကြေးကတော့ ဒေါ်လာ ၅,၀၀၀၊ ဒေါ်လာ ၁၀,၀၀၀ ဒါမှမဟုတ် ဒေါ်လာ ၁၅,၀၀၀ ထိ ဗီဇာအာမခံချက်အပေါ်လိုက်ပြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ကနေ ဇွန်လ ၂၄ ရက်နေ့အထိ ကြာမယ့် ၆ လကြာ စမ်းသပ်အစီအစဉ်ကို နိုဝင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်တာပါ။ ဒီ ယာယီအစီအစဉ်ထဲမှာ နိုင်ငံ ၂၃ ခုက နိုင်ငံသားတွေ အကျုံးဝင်ပြီး အမေရိကန်မှာ ဗီဇာသက်တမ်းလွန် နေထိုင်သူ ၁၀ ရာခိုင်နှုန်းကျော်ရှိတဲ့ နိုင်ငံတွေလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗီဇာအာမခံကြေး အကျုံးဝင်တဲ့ နိုင်ငံ ၂၃ ခုထဲမှာ အာဖရိကနိုင်ငံတွေ အများစုပါဝင်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာတော့ မြန်မာနဲ့ လာအို နှစ်နိုင်ငံ ပါဝင်ပါတယ်။

ဒီအစီအစဉ်ဟာဆိုရင် အမေရိကန်မှာ ဗီဇာရက်လွန် နေထိုင်သူတွေကို ဌာနေပြန်ပို့ရတဲ့ ကုန်ကျတဲ့စရိတ် ကာမိအောင် စီမံထားတာဖြစ်ကြောင်း ပြည်ထောင်စုမှတ်တမ်းများဌာနမှာ ဖော်ပြထားတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန၊ ကောင်စစ်ဝန်လုပ်ငန်းဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Carl Risch ရဲ့ ကြေညာစာမှာ တွေ့ရပါတယ်။

အခု စမ်းသပ်အစီအစဉ်ဟာဆိုရင် နိုင်ငံခြားအစိုးရတွေဘက်ကလည်း သူတို့နိုင်ငံသားတွေ အမေရိကန်ကို ယာယီ လာရောက်တဲ့နေရာမှာ ဗီဇာသက်တမ်းကျော် နေထိုင်တဲ့နှုန်း လျော့သွားအောင် သင့်တော်သလို ဆောင်ရွက်နိုင်ရေး တွန်းအားပေးဖို့ ရည်ရွယ်တယ်လို့လည်း ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG