သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တောင်ပိုင်း နှင်းမုန်တိုင်း ဆက်လက်ဦးတည်


၂၀၂၅ ခုနှစ်ရဲ့ အမေရိကန်မှာ ပထမဆုံးနှင်းမုန်တိုင်းကျပြီး အမေရိကန်လွှတ်တော်ကိုမြင်နေရတဲ့ကွင်းပြင်က ထူထဲတဲ့နှင်းထုကြားမှာ လမ်းလျှောက်ထွက်ကြသူများ။ (ဇန်နဝါရီ ၆၊ ၂၀၂၅)
၂၀၂၅ ခုနှစ်ရဲ့ အမေရိကန်မှာ ပထမဆုံးနှင်းမုန်တိုင်းကျပြီး အမေရိကန်လွှတ်တော်ကိုမြင်နေရတဲ့ကွင်းပြင်က ထူထဲတဲ့နှင်းထုကြားမှာ လမ်းလျှောက်ထွက်ကြသူများ။ (ဇန်နဝါရီ ၆၊ ၂၀၂၅)

၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးဝင်ရောက်လာတဲ့ ဆောင်းရာသီနှင်းမုန်တိုင်းကြောင့် အမေရိကန် ပြည်ထောင်စု အရှေ့ ဘက်ခြမ်းအပါအဝင် အနေရာအတော်များများမှာ လေပြင်းတိုက်၊ နှင်းကျပြီး ရေခဲမှတ်အောက်ရောက်အောင် အလွန်အေးတဲ့ဒဏ်ကိုခံနေကြရပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာတော့ မုန်တိုင်းဟာ ပူနွေးတဲ့တောင်ပိုင်းပြည်နယ်တွေဘက်ကိုပါရွှေ့လျားသွားနေပါတယ်။

ပုံမှန်အားဖြင့် ဆောင်းရာသီအေးခဲမှုနဲ့ နှင်းမုန်တိုင်းဒဏ်တွေကနေ လွတ်မြောက်လေ့ရှိတဲ့ တောင်ပိုင်း ပြည်နယ်တွေမှာပါ အေးခဲတဲ့ဒဏ်ကိုခံရမယ့်အနေအထားရှိနေပါတယ်။ အင်္ဂါနေ့မှာ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာလည်းအေးခဲနိုင်ပြီး တက္ကဆက်လို ပြည်နယ်ရဲ့ အချို့နေရာတွေကနေ Gulf ပင်လယ်ကွေ့ကမ်းရိုးတမ်းတလျှောက်အထိ လေတိုက်ပြီး ရေခဲမှတ်အောက် အနုတ် ၁၀ ဒီဂရီ ဆဲလ်ဆီးရပ်အထိ ကျဆင်းနိုင်တယ်လို့ အမျိုးသား မိုးလေဝသဌာနကသတိပေး ထားပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ တက္ကဆက်ပြည်နယ်တောင်ပိုင်း မှာလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး Dellas မြို့အပါအဝင် တက္ကဆက်တောင်ပိုင်းမှာ နှင်းကျနိုင်ပါတယ်။ အဲဒိနောက် Okalahoma, Arkansaw နဲ့ Louisiana ပြည်နယ်တွေမှာပါ နှင်းကျပြီး ဆောင်းမုန်တိုင်းဒဏ်ခံရနိုင်ဖွယ်ရှိပါတယ်။

Virginia, Indiana, Kansas နဲ့ Kentucky ပြည်နယ်တွေမှာ ယာဉ်မတော်တဆမှုတွေ ရာနဲ့ချီ ကြုံခဲ့ရပါတယ်

တနင်္ဂနွေနဲ့ တနင်္လာနေ့တွေက ဗာဂျီးနီးယားပြည်နယ်မှာ ယာဉ်တိုက်မှု အနည်းဆုံး ၄၃၀ ရှိခဲ့ပြီး တဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ Kansas ပြည်နယ်မှာလည်း လူအသေအပျောက် ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှု ၂ ခုရှိခဲ့တာပါ။

မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၂,၃၀၀ ကျော် ဖျက်ခဲ့ရပြီး အနည်းဆုံး ခရီးစဥ် ၉,၁၀၀ လောက် ကြန့်ကြာခဲ့ရကြောင်း FlightAware ဝဘ်ဆိုဒ်က ပြောပါတယ်။ ဝါရှင်တန် Ronald Reagan လေဆိပ်မှာ အဝင်ခရီးစဉ် ၅၈ ရာခိုင်နှုန်းနဲ့ အထွက်ခရီးစဉ် ၇၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

အမေရိကန်တောင်ပိုင်း နှင်းမုန်တိုင်း ဆက်လက်ဦးတည်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG