သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် ကန် ဒေါ်လာ ၂၁ သန်း ကူညီမည်


အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး Ben Rhodes
အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး Ben Rhodes

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်တွင်း စွမ်းဆောင်ရည်တည်ဆောက်ရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၂၁ သန်း ထောက်ပံ့ကူညီပေးမှာဖြစ်ပါတယ်။

အစိုးရရဲ့ရည်မှန်းချက်ဖြစ်တဲ့ ငါးနှစ်သက်တမ်းအတွင်း ပြည်ပထုတ်ကုန် ၃ ဆ မြင့်တက်ရေး၊ အစိုးရရဲ့ စွမ်းဆောင်ရည် ခိုင်မာ အားကောင်း လာစေဖို့နဲ့ တရားရေးစနစ်မှာ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာရှိစေရေး၊ နောက်လာမယ့် ဆယ်စုနှစ်တွေအတွင်း အလုပ်အကိုင်တွေ အများ အပြားပေါ်ထွန်းလာစေမယ့် စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီ တိုးတက်ရေးတို့အတွက် ကူညီပေးသွားမှာဖြစ်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး Ben Rhodes က ပြောခဲ့တာပါ။

အခုတခေါက် ခရီးစဉ်ဟာ မစ္စတာ Rhodes ရဲ့ ငါးကြိမ်မြောက် မြန်မာပြည်ခရီးစဉ်လည်းဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံကြမယ့် ကုမ္ပဏီကြီးတွေ အတွက် လုပ်ငန်းလည်ပတ်မှု ပိုပြီး လွယ်ကူချောမွေ့အောင် လိုအပ်တဲ့ စည်းမျဉ်းဥပဒေတွေ ချမှတ် အကောင်အထည်ဖော်ဖို့ ပြုပြင် ပြောင်းလဲရေးတွေ ပိုပြီးလိုအပ်နေကြောင်း သူက ပြောပါတယ်။ ဒါ့အပြင် အမေရိကန် စီးပွားရေး ကုမ္ပဏီကြီးတွေအပေါ် ကန့်သတ် တားမြစ်ထားတဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို အပြည့်အဝ ပယ်ဖျက်ပေးနိုင်ခြေတွေနဲ့ ပတ်သက်လို့လည်း ပြောသွားပါတယ်။ ဒါတင်မက GSP လို့ခေါ်တဲ့ ကုန်သွယ်မှုဆိုင်ရာ အထူး အခွင့်အရေးနဲ့ပတ်သက်လို့လည်း စဉ်းစားနေကြောင်း ပြောပါတယ်။

မစ္စတာ Rhodes က ဒီမိုကရေစီရေး အားကောင်းခိုင်မာစေဖို့၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ လူထုအချင်းချင်းကြား ဆက်ဆံရေးနဲ့ ပတ်သက်လို့ အသားပေး ပြောသွားပါတယ်။ အဓိကအားဖြင့် သမ္မတဦးထင်ကျော် အစိုးရအဖွဲ့ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ အားကောင်းလာရေးတို့ကို အဓိက အာရုံစိုက်ပြီး ကူညီသွားမှာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ လူထုနဲ့တွေ့ဆုံချိန် မစ္စတာ Rhodes က အရပ်သားနဲ့ စစ်ဘက်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့ဆိုရင် စစ်တပ်အပေါ်မှာ အရပ်သားအစိုးရက အပြည့်အဝထိန်းချုပ်နိုင်တဲ့နည်းလမ်းသာဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ မြန်မာပြည်ရဲ့ အောင်မြင်တဲ့အသွင်ကူးပြောင်းရေးအတွက် အရေးပါတဲ့ အချက် တခုဖြစ်တဲ့ အရပ်သားအစိုးရနဲ့ တပ်မတော်တို့ အတူတကွလက်တွဲပြီး ဆောင်ရွက်နေတာကို မြင်တွေ့ရတဲ့အတွက် သူ့အနေနဲ့ ကျေနပ်ရကြောင်းလည်း သူက ပြောပါ တယ်။ နောက်ထပ် ခြေလှမ်းတရပ်မအနေနဲ့ စစ်ဘက်က ထိန်းချုပ်ထားတဲ့ လွှတ်တော်အမတ်နေရာတွေနဲ့ပတ်သက်လို့ ပြန်လည် သုံးသပ်ဆင်ခြင်သင့်ကြောင်းကိုလည်း သူက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG