သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်ဒီစီနဲ့ နိုင်ငံတဝန်းမြို့ကြီးတွေမှာ အမျိုးသမီးတွေ ချီတက် ဆန္ဒပြ


ဝါရှင်တန် ဒီစီ သမ္မတအိမ်ဖြူတော်ရှေ့မှ ဖြတ်လျှောက် ချီတက်သွားကြသူများ။ ၂၀ ဇန်နဝါရီ ၂၀၁၈။
ဝါရှင်တန် ဒီစီ သမ္မတအိမ်ဖြူတော်ရှေ့မှ ဖြတ်လျှောက် ချီတက်သွားကြသူများ။ ၂၀ ဇန်နဝါရီ ၂၀၁၈။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် သမ္မတဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ တနှစ်ပြည့် နှစ်ပတ်လည် ဇန်နဝါရီလ ၂၀ ရက် စနေနေ့က ဝါရှင်တန်ဒီစီမြို့တော်နဲ့ နိုင်ငံတဝန်းက မြို့ကြီးတွေမှာ ထောင်ပေါင်းများစွာသော အမျိုးသမီး စုရုံးချီတက်ကြပါတယ်။ လစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု တန်းတူညီမျှခွင့်ရဖို့ တောင်းဆိုကြပြီး လိင်ပိုင်းစော်ကားမှုကို ပြစ်တင်ရှုတ်ချကြသလို အမျိုးသမီးတွေ ရွေးကောက်ပွဲဝင်ဖို့ အားပေး တိုက်တွန်းကြ ပါတယ်။

ဒါ့အပြင် လူမျိုးရေး တန်းတူညီမျှမှု၊ သေနတ်ပိုင်ဆိုင်ခွင့် ထိန်းချုပ်ရေး၊ ရွှေ့ပြောင်းနေထိုင်သူ အကာအကွယ်ပေးရေး တို့အပြင် Planned Parenthood အဖွဲ့ကို ရန်ပုံငွေ ဖြတ်တောက်ဖို့ ကွန်ဆာဗေးတစ်တွေက ကြိုးပမ်းနေတဲ့ကိစ္စရပ်တွေကိုလဲ ချီတက်သူတွေ ပြောဆိုကြပါတယ်။

ဝါရှင်တန်မှာ ဒီနှစ်ချီတက်တဲ့ ခန့်မှန်းလူအရေအတွက်ကတော့ ကျသွားပါတယ်။ ဒါပေမဲ့ နယူးယောက်၊ ဖီလာဒဲလ်ဖီးယား၊ လော့စ် အိန်ဂျလိစ်၊ ရှီကာဂိုနဲ့ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့၊ မြောက်ကာရိုလိုင်းနားပြည်နယ် ရှားလော့တ်မြို့နဲ့ သမ္မတရဲ့ အပန်းဖြေအိမ်ရှိရာ ဖလော်ရီဒါပြည်နယ် Palm Beach မြို့တို့မှာလည်း ချီတက်ပွဲတွေ လုပ်ကြတာပါ။

နီဗားဒါးပြည်နယ်၊ Las Vegas မြို့မှာတော့ မဲဆန္ဒရှင် မှတ်ပုံတင်ရေး လှုံ့ဆော်စည်းရုံးမှုနဲ့ အတူ ဒီကနေ့မှာ လူထုစုဝေးပွဲတခု ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်က သမ္မတထရမ့်ပ် ကျမ်းသစ္စာ ကျိန်ဆိုပြီးပြီးချင်းမှာပဲ လုပ်ခဲ့တဲ့ အမျိုးသမီး ချီတက်ပွဲရဲ့အဆက် ဒီနှစ် ချီတက်ပွဲနဲ့ စုဝေးပွဲတွေကို လုပ်ကြတာပါ။

လိင်ပိုင်းဆိုင်ရာ မတော်တရော်လုပ်တယ် ဆိုပြီး အမျိုးသမီး ၁၉ ယောက်က စွပ်စွဲခံထားရ တဲ့ လက်ရှိ သမ္မတအပေါ် သူတို့မထောက်ခံဘူးဆိုတာ ချီတက်ပွဲမှာပါတဲ့ အမျိုးသမီး အများအပြားက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG