သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေ ဒါရိုက်တာဟောင်း Amanda Bennett ကို USAGM CEO အဖြစ် သမ္မတဘိုင်ဒန် လျာထား


Amanda Bennett.
Amanda Bennett.

(Zawgyi / Unicode)

ဗွီအိုအေရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကမ္ဘာ့သတင်းမီဒီယာဆိုင်ရာ အမေရိကန်အေဂျင်စီ (USAGM) ရဲ့ အကြီးအကဲအဖြစ် ပူလစ်ဇာဆုရ သတင်းထောက်တဦးလည်းဖြစ်၊ ဗွီအိုအေရဲ့ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်တဲ့ Amanda Bennett ကို ခန့်ထားရေး အမည်တင်သွင်းဖို့ သမ္မတ Joe Biden က ရည်ရွယ်ထားတယ်လို့ အိမ်ဖြူတော်က သောကြာနေ့မှာ ပြောပါတယ်။

"ဒီလို အမည်တင်သွင်းခံရတဲ့အတွက် ကျမ ဂုဏ်ယူပါတယ်" လို့ မစ္စ Bennett က ဗွီအိုအေကို သောကြာနေ့နှောင်းပိုင်းမှာ ပြောပါတယ်။

"ဒီခန့်ထားမှု အတည်ဖြစ်ပြီဆိုရင် လွတ်လပ်တဲ့ သတင်းမီဒီယာရဲ့တန်ဖိုးကို ထိန်းသိမ်း ဖော်ပြဖို့ ကမ္ဘာတဝန်းမှာ အရေးပါပြီး ခက်ခဲတဲ့ လုပ်ငန်းတာဝန်ကို လုပ်ဆောင်နေကြတဲ့ လုပ်ငန်းအပေါ် မြှုပ်နှံမှုအပြည့်ရှိတဲ့ သတင်းထောက်တွေအားလုံးနဲ့ လက်တွဲလုပ်ဆောင်ရမှာမို့ ကျမ သိပ်ကို ဂုဏ်ယူမှာပါ" လို့လည်း Amanda Bennett က ပြောပါတယ်။

USAGM ရဲ့ ယာယီ အမှုဆောင်အရာရှိချုပ် Kelu Chao ကလည်း သောကြာနေ့လယ်ပိုင်းက ဝန်ထမ်းအားလုံးဆီ ပေးပို့တဲ့ အီးမေးလ်ထဲမှာ မစ္စ Bennett ကို အမည်တင်သွင်းထားတဲ့ကိစ္စ ကြေညာခဲ့ပါတယ်။

USAGM ဟာ ဗွီအိုအေ အမေရိကန်အသံ၊ ကျူးဘားအသံလွှွင့်ဌာန၊ Radio Free Europe/Radio Liberty၊ RFA နဲ့ အရှေ့အလယ်ပိုင်း အသံလွှင့်ကွန်ရက်ဌာနဆိုတဲ့ အသံလွှင့်လုပ်ငန်းကြီးငါးခုကို ကြီးကြပ်ရတဲ့အဖွဲ့ ဖြစ်သလို The Open Technology Fund အဖွဲ့ကိုလည်း ကြီးကြပ်ရပါတယ်။

ယာယီ CEO ဖြစ်သူ Kelu Chao က "သူ့ကိုခန့်ထားဖို့ ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ သူရောက်လာမှာကို ကျမတို့ စောင့်မျှော်နေပါတယ်" လို့ ဝန်ထမ်းတွေဆီ ပေးပို့တဲ့ အီးမေးလ်ထဲမှာ ရေးထားပါတယ်။ မစ္စ Chao ကို ယာယီ CEO အဖြစ် ခန့်အပ်တဲ့အကြောင်း သမ္မတ Biden က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကြေညာခဲ့တာပါ။

မစ္စ Bennett ကို USAGM CEO အဖြစ် အမည်တင်သွင်းဖို့ လျာထားတာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဗွီအိုအေက သမ္မတအိမ်ဖြူတော်ကို ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ချက် မရသေးပါဘူး။

အသက် ၆၉ နှစ်အရွယ် Amanda Bennett ဟာ ၂၀၁၆ ခုနှစ် မတ်လကနေ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ ဗွီအိုအေ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

USAGM ရဲ့ အမြဲတမ်း CEO အဖြစ် အဲဒီအချိန် သမ္မတ Donald Trump က အမည်တင်သွင်းခဲ့တဲ့ Michael Pack ကို အထက်လွှတ်တော်က အတည်ပြုခန့်ထားပြီးတဲ့နောက် Amanda Bennett နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)










XS
SM
MD
LG