သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

VOA အိမ္ျဖဴသတင္းေထာက္ ေျပာင္းေရႊ႕တာဝန္ေပးမႈ ကန္လႊတ္ေတာ္အမတ္ႏွစ္ဦးေဝဖန္


ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီရွိ ဗီြအိုေအသတင္းဌာန။ (ဇြန္ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

သမၼတအိမ္ျဖဴေတာ္ဆိုင္ရာ ဗီြအိုေအသတင္းဌာန သတင္းေထာက္ကို အဲဒီေနရာကေန တျခားေနရာကို ေျပာင္းေရႊ႕တာဝန္ေပးခဲ့တဲ့အေပၚ ေအာက္လႊတ္ေတာ္အမတ္ေတြျဖစ္ၾကတဲ့ Gregory Meeks နဲ႔ Michael McCaul တို႔က USAGM ကို အဂၤါေန႔က ျပစ္တင္ေဝဖန္ပါတယ္။

ဗီြအိုေအ႐ံုးခ်ဳပ္မွာ ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo မိန္႔ခြန္းတခုေျပာၿပီးတဲ့ေနာက္ ဗီြအိုေအ အိမ္ျဖဴေတာ္သတင္းေထာက္ Patsy Widakuswara က ေမးခြန္းေမးဖို႔ ႀကိဳးစားခဲ့အၿပီး နာရီပိုင္းေတြအတြင္းမွာပဲ သူ႔ကို တျခားေနရာ ေျပာင္းေရႊ႕တာဝန္ေပးလိုက္ၿပီလို႔ တနလၤာေန႔ေႏွာင္းပိုင္းမွာ အသိေပးခဲ့တာပါ။

"ဒါဟာ အေမရိကန္ျပည္ေထာင္စုပါ။ ေမးခြန္းေမးတာေၾကာင့္ဆိုၿပီး သတင္းေထာက္ေတြကို က်ေနာ္တို႔ အျပစ္မေပးပါဘူး။ လြတ္လပ္ၿပီး ဘက္မလိုက္တဲ့ သတင္းမီဒီယာဟာ က်ေနာ္တို႔ အေျခခံဥပေဒနဲ႔ က်ေနာ္တို႔ ဒီမုိကေရစီရဲ႕ အဓိကေနရာမွာ ရွိေနပါတယ္။" လို႔ေအာက္လႊတ္ေတာ္ ႏုိ္င္ငံျခားေရးရာေကာ္မတီဥကၠ႒သစ္၊ ဒီမုိကရက္ေအာက္လႊတ္ေတာ္အမတ္ Gregory Meeks နဲ႔ ဝါရင့္ေကာ္မတီဝင္၊ ရီပတ္ဘလီကန္အမတ္ Michael McCaul တို႔ရဲ႕ ပူးတြဲထုတ္ျပန္ခ်က္တခုထဲမွာ ေဖာ္ျပထားပါတယ္။

ဒီလုပ္ရပ္နဲ႔ပတ္သက္ၿပီး ရွင္းလင္းတင္ျပဖို႔နဲ႔ Widakuswara ကို အိမ္ျဖဴေတာ္သတင္းေထာက္အျဖစ္ ျပန္ၿပီးေနရာခ်ထားဖို႔ လႊတ္ေတာ္အမတ္ေတြက ဗီြအိုေအကိုေတာင္းဆိုထားပါတယ္။

အိမ္ျဖဴေတာ္ဆိုင္ရာ သတင္းေထာက္တာဝန္အစား တျခားသတင္းေတြ လုိက္ဖို႔အတြက္ ေျပာင္းေရႊ႕တာဝန္ေပးလိုက္ၿပီလို႔ Widakuswara ကို တနလၤာေန႔ည ၁၀ နာရီခြဲပတ္ဝန္းက်င္မွာ အေၾကာင္းၾကားခဲ့တာျဖစ္ၿပီး ဘာ့ေၾကာင့္ဆိုတာကို မေျပာခဲ့ပါဘူုး။

Widakuswara ကို ေျပာင္းေရႊ႕ေနရာခ်ခဲ့တဲ့ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ေမးတဲ့အခါ ဗီြအိုေအေျပာခြင့္ရတဦးက ဝန္ထမ္းေရးရာကိစၥရပ္ေတြကို ဗီြအိုေအအေနနဲ႔ မွတ္ခ်က္ေပးေျပာဆိုေလ့မရွိဘူးလို႔ အေၾကာင္းျပန္ပါတယ္။ USAGM ကေတာ့ ဘာမွ အေၾကာင္းမျပန္ခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

VOA အိမ်ဖြူသတင်းထောက် ပြောင်းရွှေ့တာဝန်ပေးမှု ကန်လွှတ်တော်အမတ်နှစ်ဦးဝေဖန်

သမ္မတအိမ်ဖြူတော်ဆိုင်ရာ ဗွီအိုအေသတင်းဌာန သတင်းထောက်ကို အဲဒီနေရာကနေ တခြားနေရာကို ပြောင်းရွှေ့တာဝန်ပေးခဲ့တဲ့အပေါ် အောက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Gregory Meeks နဲ့ Michael McCaul တို့က USAGM ကို အင်္ဂါနေ့က ပြစ်တင်ဝေဖန်ပါတယ်။

ဗွီအိုအေရုံးချုပ်မှာ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မိန့်ခွန်းတခုပြောပြီးတဲ့နောက် ဗွီအိုအေ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara က မေးခွန်းမေးဖို့ ကြိုးစားခဲ့အပြီး နာရီပိုင်းတွေအတွင်းမှာပဲ သူ့ကို တခြားနေရာ ပြောင်းရွှေ့တာဝန်ပေးလိုက်ပြီလို့ တနင်္လာနေ့နှောင်းပိုင်းမှာ အသိပေးခဲ့တာပါ။

"ဒါဟာ အမေရိကန်ပြည်ထောင်စုပါ။ မေးခွန်းမေးတာကြောင့်ဆိုပြီး သတင်းထောက်တွေကို ကျနော်တို့ အပြစ်မပေးပါဘူး။ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ သတင်းမီဒီယာဟာ ကျနော်တို့ အခြေခံဥပဒေနဲ့ ကျနော်တို့ ဒီမိုကရေစီရဲ့ အဓိကနေရာမှာ ရှိနေပါတယ်။" လို့အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌသစ်၊ ဒီမိုကရက်အောက်လွှတ်တော်အမတ် Gregory Meeks နဲ့ ဝါရင့်ကော်မတီဝင်၊ ရီပတ်ဘလီကန်အမတ် Michael McCaul တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်တခုထဲမှာ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြဖို့နဲ့ Widakuswara ကို အိမ်ဖြူတော်သတင်းထောက်အဖြစ် ပြန်ပြီးနေရာချထားဖို့ လွှတ်တော်အမတ်တွေက ဗွီအိုအေကိုတောင်းဆိုထားပါတယ်။

အိမ်ဖြူတော်ဆိုင်ရာ သတင်းထောက်တာဝန်အစား တခြားသတင်းတွေ လိုက်ဖို့အတွက် ပြောင်းရွှေ့တာဝန်ပေးလိုက်ပြီလို့ Widakuswara ကို တနင်္လာနေ့ည ၁၀ နာရီခွဲပတ်ဝန်းကျင်မှာ အကြောင်းကြားခဲ့တာဖြစ်ပြီး ဘာ့ကြောင့်ဆိုတာကို မပြောခဲ့ပါဘူုး။

Widakuswara ကို ပြောင်းရွှေ့နေရာချခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မေးတဲ့အခါ ဗွီအိုအေပြောခွင့်ရတဦးက ဝန်ထမ်းရေးရာကိစ္စရပ်တွေကို ဗွီအိုအေအနေနဲ့ မှတ်ချက်ပေးပြောဆိုလေ့မရှိဘူးလို့ အကြောင်းပြန်ပါတယ်။ USAGM ကတော့ ဘာမှ အကြောင်းမပြန်ခဲ့ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG