သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာႏိုင္ငံမွာ အဂတိလိုက္စားမႈ တိုက္ဖ်က္ဖို႔ USAID အႀကီးအကဲတိုက္တြန္း


(Zawgyi / Unicode)

သီရိလကာၤ ႏိုင္ငံ လက္ရွိႀကဳံေနရတဲ့ အဆိုး႐ြားဆုံး ပဋိပကၡေတြကေန လြတ္ေျမာက္ေရး အတြက္ ႏိုင္ငံရဲ႕ စီးပြားေရးကို ျမႇင့္တင္ ေဆာင္႐ြက္မႈေတြနဲ႔ အတူ အစိုးရ ျပဳျပင္းေျပာင္းလဲမႈ စတင္ၿပီး အဂတိ လိုက္စားမႈကို တိုက္ဖ်က္ၾကဖို႔ သီရိလကာၤ ကို ေရာက္ေနတဲ့ အေမရိကန္ သံတမန္က သီရိလကာၤ အာဏာပိုင္ေတြကို တနဂၤေႏြေန႔မွာ တိုက္တြန္းလိုက္ပါတယ္။

ဒီလို ေဆာင္႐ြက္လာမယ္ဆိုရင္ေတာ့ အစိုးရရဲ႕ ရည္႐ြယ္ခ်က္ေတြ အေပၚမွာ ႏိုင္ငံတကာကေရာ ျပည္တြင္းမွာပါ ယုံၾကည္မႈ ပိုရေစမွာ ျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံတကာ အကူအညီေပးေရး ေအဂ်င္စီ USAID အႀကီးအကဲ Samantha Power က သတင္းေထာက္ေတြကို ေျပာပါတယ္။ ကူညီ ေထာက္ပံ့မႈ တခုတည္းနဲ႔ ႏိုင္ငံရဲ႕ ျပႆနာေတြ ၿပီးဆုံးသြားမွာ မဟုတ္ဘူးလို႔လည္း Power က ေျပာပါတယ္။

စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈနဲ႔ စီးပြားေရး ဆိုင္ရာ တာဝန္ယူမႈ တာဝန္ခံမႈေတြနဲ႔ အတူ ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲမႈနဲ႔ ႏိုင္ငံေရး အရ တာဝန္ယူမႈ တာဝန္ခံမႈကို ဒြန္တြဲ ေဆာင္႐ြက္ရမွာ ျဖစ္ေၾကာင္း ဒီကေန႔ အေစာပိုင္း သီရိလကာၤ သမၼတနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈမွာ အေလးထား ေျပာၾကားခဲ့ေၾကာင္းလည္း သူမက ေျပာပါတယ္။ အစိုးရဘက္က အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးနဲ႔ ေမွ်ာ္လင့္ခဲ့ၾကတာ ၾကာၿပီ ျဖစ္တဲ့ အုပ္ခ်ဳပ္ေရးပိုင္း ျပဳျပင္ေျပာင္းလဲမႈေတြ ေဆာင္႐ြက္လာၿပီ ဆိုရင္ ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံသူေတြက ပိုၿပီး ယုံၾကည္လာမွာ ျဖစ္ေၾကာင္းလည္း သူမက ေျပာပါတယ္။

သူမရဲ႕ ၂ ရက္ၾကာ သီရိလကာၤ ခရီးစဥ္ အတြင္း ေဒၚလာ သန္း ၆၀ ေပးအပ္ဖို႔ Power က ေၾကညာခဲ့ပါတယ္။ ၿမိဳ႕ေတာ္ ကိုလံဘို အစြန္က Ja-Ela က လယ္ကြင္းမွာ စေနေန႔က လယ္သမား ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံခဲ့ၿပီးေနာက္မွာေတာ့ ေနာက္လာမယ့္ စိုက္ပ်ိဳးရာသီ အတြက္ စိုက္ပ်ိဳးေရးသုံး ဓာတု ပစၥည္းေတြ ဝယ္ယူႏိုင္ေရး ေဒၚလာ သန္း ၄၀ ေပးအပ္မယ့္ အေၾကာင္း အေမရိကန္ USAID အႀကီးအကဲက ေၾကညာခဲ့ပါတယ္။ အကူအညီလိုအပ္တဲ့ မိသားစုေတါ အတြက္ အေရးေပၚ လူသားခ်င္းစာနာမႈ အကူအညီ အျဖစ္ ေနာက္ထပ္ ေဒၚလာ သန္း ၂၀ ေပးအပ္မယ့္ အေၾကာင္းလည္း တနဂၤေႏြေန႔မွာ ထပ္ၿပီး ေၾကညာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

သီရိလင်္ကာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ USAID အကြီးအကဲတိုက်တွန်း

သီရိလကာၤ နိုင်ငံ လက်ရှိကြုံနေရတဲ့ အဆိုးရွားဆုံး ပဋိပက္ခတွေကနေ လွတ်မြောက်ရေး အတွက် နိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင် ဆောင်ရွက်မှုတွေနဲ့ အတူ အစိုးရ ပြုပြင်းပြောင်းလဲမှု စတင်ပြီး အဂတိ လိုက်စားမှုကို တိုက်ဖျက်ကြဖို့ သီရိလကာၤ ကို ရောက်နေတဲ့ အမေရိကန် သံတမန်က သီရိလကာၤ အာဏာပိုင်တွေကို တနင်္ဂနွေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဒီလို ဆောင်ရွက်လာမယ်ဆိုရင်တော့ အစိုးရရဲ့ ရည်ရွယ်ချက်တွေ အပေါ်မှာ နိုင်ငံတကာကရော ပြည်တွင်းမှာပါ ယုံကြည်မှု ပိုရစေမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID အကြီးအကဲ Samantha Power က သတင်းထောက်တွေကို ပြောပါတယ်။ ကူညီ ထောက်ပံ့မှု တခုတည်းနဲ့ နိုင်ငံရဲ့ ပြဿနာတွေ ပြီးဆုံးသွားမှာ မဟုတ်ဘူးလို့လည်း Power က ပြောပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေး ဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ အတူ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံရေး အရ တာဝန်ယူမှု တာဝန်ခံမှုကို ဒွန်တွဲ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ဒီကနေ့ အစောပိုင်း သီရိလကာၤ သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ အလေးထား ပြောကြားခဲ့ကြောင်းလည်း သူမက ပြောပါတယ်။

အစိုးရဘက်က အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနဲ့ မျှော်လင့်ခဲ့ကြတာ ကြာပြီ ဖြစ်တဲ့ အုပ်ချုပ်ရေးပိုင်း ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်လာပြီ ဆိုရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက ပိုပြီး ယုံကြည်လာမှာ ဖြစ်ကြောင်းလည်း သူမက ပြောပါတယ်။ သူမရဲ့ ၂ ရက်ကြာ သီရိလကာၤ ခရီးစဉ် အတွင်း ဒေါ်လာ သန်း ၆၀ ပေးအပ်ဖို့ Power က ကြေညာခဲ့ပါတယ်။

မြို့တော် ကိုလံဘို အစွန်က Ja-Ela က လယ်ကွင်းမှာ စနေနေ့က လယ်သမား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာတော့ နောက်လာမယ့် စိုက်ပျိုးရာသီ အတွက် စိုက်ပျိုးရေးသုံး ဓာတု ပစ္စည်းတွေ ဝယ်ယူနိုင်ရေး ဒေါ်လာ သန်း ၄၀ ပေးအပ်မယ့် အကြောင်း အမေရိကန် USAID အကြီးအကဲက ကြေညာခဲ့ပါတယ်။ အကူအညီလိုအပ်တဲ့ မိသားစုတေါ အတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီ အဖြစ် နောက်ထပ် ဒေါ်လာ သန်း ၂၀ ပေးအပ်မယ့် အကြောင်းလည်း တနင်္ဂနွေနေ့မှာ ထပ်ပြီး ကြေညာခဲ့ပါတယ်။

XS
SM
MD
LG