သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းဒေသတွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရေး USAID အားပေးနေ 


(Zawgyi/Unicode)

အမေရိကန်အစိုးရရဲ့ သဘောထားအမြင်အာဘော်ကို တင်ပြပါမယ်။

USAID ခေါ် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး Michael Harvey က USAID ဟာ မော်ရိုကိုနိုင်ငံကနေ အီရတ်နိုင်ငံအပြင် အရှေ့အလယ်ပိုင်းက နိုင်ငံတိုင်းလိုလိုမှာ ပါဝင်လှုပ်ရှားနေခဲ့တာ အနှစ် ၃၀ ကနေ ၄၀ လောက် ကြာခဲ့ပါပြီလို့ပြောပါတယ်။

"အဲဒီနိုင်ငံတွေထူထောင်ရာမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့၊ အနာဂတ်ကို ကိုယ်တိုင်ပုံဖေါ်နိုင်ဖို့ USAID အနေနဲ့ အထူးအာရုံစိုက်ပြီး ရေရှည်မိတ်ဖက်အဖြစ် တည်တံ့အောင်ထိန်းထားနိုင်ခဲ့ပါတယ်။"

အမေရိကန်အခွန်ထမ်းတွေရဲ့ ရန်ပုံငွေတွေ အများကြီးကို အဲဒီဒေသတွင်း ဘယ်နေရာတွေမှာ သုံးစွဲ နေသလဲဆိုတာ လက်တွေ့ မြင်နိုင်ဖို့ ခက်ခဲပေမဲ့လည်း အဲဒီဒေသကလူတွေအတွက် အသေးစား ရေပေးဝေရေးစနစ်အပါအဝင် နေ့စဉ်လူနေမှုဘဝအဆင်ပြေစေဖို့ သုံးစွဲနေတာကို သတိထားမိတယ်လို့ မကြာခင်က တွေ့ဆုံမေးမြန်းခန်းတခုမှာ Mr. Harvey ကပြောပါတယ်။

“ဒါပေမယ့် USAID က လွန်ခဲ့တဲ့ အနှစ် ၃၀၊ ၄၀ လောက်ကတည်းက အရှေ့အလယ်ပိုင်း ဒေသတဝန်းနိုင်ငံတွေမှာ ပိုအရေးကြီးတဲ့ လူ့အရင်းအမြစ်စွမ်းရည်မြင့်မားရေးအတွက် ထူထောင် ပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်တွေ၊ကျောင်းဆရာ၊ ဆရာမတွေနဲ့ စီမံဘဏ္ဍာဝန်ကြီးဌာန အတွက် သင်တန်းတွေစီစဉ်ပေးခဲ့ရာမှာ USAID က ရန်ပုံငွေအမြောက်အများ သုံးစွဲခဲ့တာတွေ ရှိပါတယ်။"

သူ ဂုဏ်အယူမိဆုံးကတော့ ဘယ်တက္ကသိုလ်ပရဝဏ်ထဲမှာမဆို လမ်းလျှောက်ကြည့်တဲ့အခါ တက္ကသိုလ်က ဆရာ၊ဆရာမတွေဟာ အမေရိကန်မှာ ပညာသင်ခဲ့ကြသူဖြစ်သလို၊ USAID ကပေးတဲ့ ပညာသင်ဆု Scholarship ရတဲ့သူတွေဖြစ်လို့ပါဘဲလို့ ပြောပါတယ်။

“၁၀ စုနှစ်တွေနဲ့ ချီပြီး ပြည်သူတွေအတွက် ရင်းနှီးမြှုပ်နှံခဲ့တဲ့နေရာမှာ လူ့အရင်းအမြစ်၊ စွမ်းဆောင်ရည်ဟာ ဒီနိုင်ငံတွေ ခေတ်မှီဖွံ့ဖြိုးရေး၊ နည်းလမ်းသစ်နဲ့ လုပ်ငန်းတွေတိုးချဲ့ရေးစတဲ့အရာ တွေမှာ ခွန်အားတွေအဖြစ် ထိရောက်မှုရှိတာကို ကျနော်တို့ တွေ့နေရပါပြီ။"

အာရပ်ကမ္ဘာရဲ့ ဒေသအတော်များများမှာ ခေတ်မှီဖွံဖြိုးရေး အရှိန်အဟုန်နဲ့ တိုးတက်နေတာကို Mr. Harvey ထောက်ပြပါတယ်။ အဲဒီဒေသတွင်းခတ်မှီဖွံဖြိုးရေးအရှိန်က လူငယ်တွေရဲ့ မျှော်မှန်းချက်ထက်၊ နှေးကောင်းနှေးနိုင်တယ်လို့ ဆိုပါတယ်။

“မော်ရိုကိုကနေ အီရန်..ဘဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံကမဆို လူငယ်တွေ လမ်းမတွေပေါ် ဘာကြောင့် ထွက်လာကြတာလဲ၊ သူတို့အားလုံး ပြောနေကြတာတွေဟာ အတူတူပါဘဲ။ သူတို့ အစိုးရတွေကို တာဝန်ခံမှုရှိစေချင်ကြတယ်၊ ရိုးသားပြီးပွင့်လင်းစေချင်ကြတယ်၊ ပွင့်လင်းမြင်သာမှုရှိစေချင်ကြတယ်။ အုပ်ချုပ်သူတွေကို သူတို့အသံနဲ့ ဆန္ဒကိုကြားစေချင်ကြတယ်၊ စီးပွားရေးခေတ်မှီတိုးတက်တာ၊ တံခါးဖွင့်စီးပွားရေးကို မြင်ချင်ကြတယ်။ အနာဂတ်အတွက် သူတို့လိုချင်တာ၊ လွတ်လပ်စွာ ခရီးသွားနိုင်တာ၊ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးထူထောင်ချင်တာစတဲ့ သာမန်နိုင်ငံတနိုင်ငံမှာရှိတဲ့ ပုံမှန်ဘဝကို တမ်းတကြတာဘဲဖြစ်ပါတယ်။"

USAID က ၁၀ စုနှစ်တွေနဲ့ချီပြီး ပံ့ပိုးခဲ့သလိုပါဘဲ၊အနာဂတ်ကိုရှေ့ရှုပြီး လုပ်ဆောင်နေတဲ့ အရှေ့အလယ်ပိုင်းဒေသက ပြည်သူတွေရဲ့ အားကျမျှော်မှန်းချက်တွေကို USAID က ဆက်လက် ထောက်ပံ့သွားမှာဖြစ်ပါတယ်လို့ USAID ရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး Michael Harvey ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)











XS
SM
MD
LG