သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ အာဆီယံခေါင်းဆောင်တဦးချင်းစီနဲ့ သီးခြားတွေ့မည်


Biden US ASEAN
Biden US ASEAN


[[Zawgyi/Unicode]]

အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတက်ဖို့ ရောက်နေကြတဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ Joe Biden က ဝါရှင်တန် ဒီစီမြို့မှာ တဦးချင်း သီးခြားစီ တွေ့ဆုံသွားမယ်လို့ အမေရိကန်အစိုးရ အဆင်မြင့်အရာရှိတဦးက မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တို့မှာ ၂ ရက်ကြာ ကျင်းပမယ့် ဒီ အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲအတွင်း မြန်မာနိုင်ငံကိုယ်စားပြုနေရာမှာ ခုံအလွတ်ချထားဖို့ဆိုတာကိုလည်း အာဆီယံနဲ့ဆွေးနွေးခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ အရာရှိပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။ မြန်မာစစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ပျက်ကွက်တာကြောင့်ဆိုပြီး ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာစစ်ကောင်စီအကြီးအကဲကိုမဖိတ်ဖို့ အာဆီယံအတွင်း ဆုံးဖြတ်ထားတာပါ။ အခု အမေရိကန် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာစစ်ကောင်စီက တက်ရောက်ခွင့်မရပါဘူး။

မြန်မာနိုင်ငံမှာ မနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက် နှိပ်ကွပ်မှုတွေ အဆုံးသတ်ရေးနဲ့ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားတဲ့ ခေါင်းဆောင်တွေ ပြန်လွတ်ပေးရေးတို့အတွက် ရည်ရွယ်ပြီး မြန်မာစစ်ကောင်စီအကြီးအကဲနဲ့ အာဆီယံအကြား မနှစ် ဧပြီလအတွင်း အာဆီယံဘုံသဘောတူညီချက်ကို ရရှိခဲ့တာပါ။ ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အာဆီယံက ပြောပေမယ့် မြန်မာ စစ်ကောင်စီကတော့ ဒီဘုံသဘောတူညီချက်ကို ယတိပြတ် ငြင်းဆိုတာတော့မဟုတ်ဘဲ သူတို့ရည်မှန်းချက်နဲ့ကိုက်ညီတဲ့အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ပြောထားပါတယ်။

အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတက်ဖို့အတွက် ဝါရှင်တန် ဒီစီမြို့မှာ ရောက်နေကြတဲ့ အာဆီယံ ၉ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ မနေ့ ဗုဒ္ဓဟူးနေ့က အလွတ်သဘော တွေ့ဆုံ ဆွေးနွေးကြတာမှာတော့ မြန်မာနိုင်ငံအတွက် ထိုင်ခုံနေရာက လစ်လပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

=============


[[Unicode]]






=============

XS
SM
MD
LG