သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္သမၼတ အာဆီယံေခါင္းေဆာင္တဦးခ်င္းစီနဲ႔ သီးျခားေတြ႔မည္


Biden US ASEAN


[[Zawgyi/Unicode]]

အေမရိကန္-အာဆီယံ ထိပ္သီးစည္းေဝးပြဲတက္ဖို႔ ေရာက္ေနၾကတဲ့ အာဆီယံေခါင္းေဆာင္ေတြနဲ႔ အေမရိကန္သမၼတ Joe Biden က ဝါရွင္တန္ ဒီစီၿမိဳ႕မွာ တဦးခ်င္း သီးျခားစီ ေတြ႕ဆုံသြားမယ္လို႔ အေမရိကန္အစိုးရ အဆင္ျမင့္အရာရွိတဦးက မေန႔ ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။

ေမလ ၁၂ ရက္နဲ႔ ၁၃ ရက္ေန႔တို႔မွာ ၂ ရက္ၾကာ က်င္းပမယ့္ ဒီ အေမရိကန္-အာဆီယံ ထိပ္သီးစည္းေဝးပြဲအတြင္း ျမန္မာႏိုင္ငံကိုယ္စားျပဳေနရာမွာ ခုံအလြတ္ခ်ထားဖို႔ဆိုတာကိုလည္း အာဆီယံနဲ႔ေဆြးေႏြးခဲ့ၾကတယ္လို႔ အမည္မေဖာ္လိုတဲ့ အေမရိကန္အစိုးရ အရာရွိေျပာတာကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေရးပါတယ္။ ျမန္မာစစ္ေကာင္စီဟာ အာဆီယံဘုံသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ပ်က္ကြက္တာေၾကာင့္ဆိုၿပီး ထိပ္သီးေဆြးေႏြးပြဲေတြမွာ ျမန္မာစစ္ေကာင္စီအႀကီးအကဲကိုမဖိတ္ဖို႔ အာဆီယံအတြင္း ဆုံးျဖတ္ထားတာပါ။ အခု အေမရိကန္ အာဆီယံထိပ္သီးေဆြးေႏြးပြဲမွာလည္း ျမန္မာစစ္ေကာင္စီက တက္ေရာက္ခြင့္မရပါဘူး။

ျမန္မာႏိုင္ငံမွာ မႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ျဖစ္ေပၚလာတဲ့ အၾကမ္းဖက္ ႏွိပ္ကြပ္မႈေတြ အဆုံးသတ္ေရးနဲ႔ ဖမ္းဆီးခံထားရတဲ့ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ေျမာက္ထားတဲ့ ေခါင္းေဆာင္ေတြ ျပန္လြတ္ေပးေရးတို႔အတြက္ ရည္႐ြယ္ၿပီး ျမန္မာစစ္ေကာင္စီအႀကီးအကဲနဲ႔ အာဆီယံအၾကား မႏွစ္ ဧၿပီလအတြင္း အာဆီယံဘုံသေဘာတူညီခ်က္ကို ရရွိခဲ့တာပါ။ ဒီသေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ အာဆီယံက ေျပာေပမယ့္ ျမန္မာ စစ္ေကာင္စီကေတာ့ ဒီဘုံသေဘာတူညီခ်က္ကို ယတိျပတ္ ျငင္းဆိုတာေတာ့မဟုတ္ဘဲ သူတို႔ရည္မွန္းခ်က္နဲ႔ကိုက္ညီတဲ့အတိုင္း လိုက္နာေဆာင္႐ြက္သြားမယ္လို႔ေျပာထားပါတယ္။

အေမရိကန္-အာဆီယံ ထိပ္သီးစည္းေဝးပြဲတက္ဖို႔အတြက္ ဝါရွင္တန္ ဒီစီၿမိဳ႕မွာ ေရာက္ေနၾကတဲ့ အာဆီယံ ၉ ႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီးေတြ မေန႔ ဗုဒၶဟူးေန႔က အလြတ္သေဘာ ေတြ႕ဆုံ ေဆြးေႏြးၾကတာမွာေတာ့ ျမန္မာႏိုင္ငံအတြက္ ထိုင္ခုံေနရာက လစ္လပ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============


[[Unicode]]

ကန်သမ္မတ အာဆီယံခေါင်းဆောင်တဦးချင်းစီနဲ့ သီးခြားတွေ့မည်

အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတက်ဖို့ ရောက်နေကြတဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ Joe Biden က ဝါရှင်တန် ဒီစီမြို့မှာ တဦးချင်း သီးခြားစီ တွေ့ဆုံသွားမယ်လို့ အမေရိကန်အစိုးရ အဆင်မြင့်အရာရှိတဦးက မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တို့မှာ ၂ ရက်ကြာ ကျင်းပမယ့် ဒီ အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲအတွင်း မြန်မာနိုင်ငံကိုယ်စားပြုနေရာမှာ ခုံအလွတ်ချထားဖို့ဆိုတာကိုလည်း အာဆီယံနဲ့ဆွေးနွေးခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ အရာရှိပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။ မြန်မာစစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ပျက်ကွက်တာကြောင့်ဆိုပြီး ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာစစ်ကောင်စီအကြီးအကဲကိုမဖိတ်ဖို့ အာဆီယံအတွင်း ဆုံးဖြတ်ထားတာပါ။ အခု အမေရိကန် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာစစ်ကောင်စီက တက်ရောက်ခွင့်မရပါဘူး။

မြန်မာနိုင်ငံမှာ မနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက် နှိပ်ကွပ်မှုတွေ အဆုံးသတ်ရေးနဲ့ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားတဲ့ ခေါင်းဆောင်တွေ ပြန်လွတ်ပေးရေးတို့အတွက် ရည်ရွယ်ပြီး မြန်မာစစ်ကောင်စီအကြီးအကဲနဲ့ အာဆီယံအကြား မနှစ် ဧပြီလအတွင်း အာဆီယံဘုံသဘောတူညီချက်ကို ရရှိခဲ့တာပါ။ ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အာဆီယံက ပြောပေမယ့် မြန်မာ စစ်ကောင်စီကတော့ ဒီဘုံသဘောတူညီချက်ကို ယတိပြတ် ငြင်းဆိုတာတော့မဟုတ်ဘဲ သူတို့ရည်မှန်းချက်နဲ့ကိုက်ညီတဲ့အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ပြောထားပါတယ်။

အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတက်ဖို့အတွက် ဝါရှင်တန် ဒီစီမြို့မှာ ရောက်နေကြတဲ့ အာဆီယံ ၉ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ မနေ့ ဗုဒ္ဓဟူးနေ့က အလွတ်သဘော တွေ့ဆုံ ဆွေးနွေးကြတာမှာတော့ မြန်မာနိုင်ငံအတွက် ထိုင်ခုံနေရာက လစ်လပ်နေပါတယ်။

=============

XS
SM
MD
LG