သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို ကန်လက်ခံကူညီဖို့ USCIRF တိုက်တွန်း 


အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းလွန်အတွင်း မှောက်နေတဲ့လှေပေါ်တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)
အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းလွန်အတွင်း မှောက်နေတဲ့လှေပေါ်တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)

မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလွန်ကာလမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ကိုယ့်ဆန္ဒနဲ့အညီ နေရပ်ပြန်နိုင်ဖို့ အခွင့်အလမ်းတွေရှိလာရေး အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့ လက်တွဲပြီး ကူညီဆောင်ရွက်သွားဖို့ USCIRF နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ပြည်ထောင်စုကော်မရှင်က တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သတ်မှတ်ခဲ့တဲ့ နှစ်နှစ်မြောက်အနေနဲ့ USCIRF က အခုလို သတိပေး ထုတ်ပြန်တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေအအပါ် မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုဟာ လူမျိုးသုဥ်းသတ်ဖြတ်မှုမြောက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၂၂ ခုနှစ်မှာ သတ်မှတ်ခဲ့တာပါ။ ဒီသတ်မှတ်ချက်ဟာ ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာရဲ့အသိအမှတ်ပြုမှု မှတ်တိုင်တရပ်ဖြစ်ပေမဲ့ ဒါဟာ ကနဦးခြေလှမ်းအဆင့်ပဲရှိတယ်လို့လည်း USCIRF ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လူမျိုးသုဥ်းသတ်ဖြတ်မှုကနေ အသက်ရှင်ကျန်ရစ်တဲ့ ရိုဟင်ဂျာတွေကိုရော သူတို့ကို လက်ခံထားပေးတဲ့ ဘင်္ဂလားဒေ့ရှ်အပါအဝင်အိမ်ရှင်တွေကို အမေရိကန်အစိုးရက အကူအညီပေးနေတာတွေကို ကြိုဆိုပြီးတော့ ဒီဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုထဲ ရွှေ့ပြောင်းနေထိုင်ခွင့်ပေးခြင်းအားဖြင့် သူတို့အတွက် မျှော်လင့်ချက်ဖြစ်စေသင့်တယ်လို့ USCIRF ကော်မရှင်နာ Mohamed Magid က ပြောပါတယ်။

Forum

XS
SM
MD
LG