သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်မှာ ရိုဟင်ဂျာ ၇၀ နီးပါးကို ကယ်ဆယ်


အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းလွန်အတွင်း မှောက်နေတဲ့လှေပေါ်တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)
အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းလွန်အတွင်း မှောက်နေတဲ့လှေပေါ်တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)

အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး (West Aceh) ကမ်းလွန် ရေမိုင် ၁၆ မိုင်အကွာလောက်မှာ မှောက်နေတဲ့ စက်လှေဝမ်းဗိုက်ပေါ် တွယ်ကပ်ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာ ၇၀ နီးပါးကို အင်ဒိုနီးရှားက ဒီနေ့ ကယ်ဆယ်ခဲ့ပါတယ်။

ကမ်းလွန်မှာ ဒုက္ခရောက်နေကြသူတွေကို တွေ့ရှိခဲ့ပြီးနောက် သူတို့ကို အနောက်အာချေးပြည်နယ်မြို့တော် Meulaboh ကို အာဏာပိုင်တွေက ကယ်ဆယ် ခေါ်ဆောင်သွားတယ်လို့ ဒေသခံရှာဖွေကယ်ဆယ်ရေးဌာနက AFP သတင်းဌာနကကို ပြောပါတယ်။ ကလေး ၉ ယောက်၊ အမျိုးသမီး ၁၈ ယောက်နဲ့ အမျိုးသား ၄၂ ယောက် စုစုပေါင်း ၆၉ ယောက်ကို ကယ်ဆယ်ခဲ့တယ်လို့ ရှာဖွေ ကယ်ဆယ်ရေးဌာနက ပြောပါတယ်။

မူလက စက်လှေပေါ်မှာ ရိုဟင်ဂျာ ၁၅၀ လောက်ပါပြီး ဒါဇင်နဲ့ချီ ရေနစ်ကုန်တယ်လို့ အသက်ရှင်ကျန်နေသူတွေက ခန့်မှန်းပါတယ်။ ရိုဟင်ဂျာတချို့က သူတို့ဟာ မြန်မာနိုင်ငံကဖြစ်တယ်လို့ ပြောပြီး ထိုင်းနိုင်ငံကို သွားဖို့ ကြိုးစားပေမဲ့ ထိုင်းက လက်မခံလို့ အင်ဒိုနီးရှားဘက်ရောက်လာတာလို့ အနောက်အာချေး ရေလုပ်သားအဖွဲ့ အတွင်းရေးမှူးချုပ်ကပြောပါတယ်။

ာ ရိုဟင်ဂျာ ၇၀ နီးပါးကို အင်ဒိုနီးရှား အာဏာပိုင်တွေက ကယ်ဆယ်ခဲ့ (မတ် ၂၁၊ ၂၀၂၄)
ာ ရိုဟင်ဂျာ ၇၀ နီးပါးကို အင်ဒိုနီးရှား အာဏာပိုင်တွေက ကယ်ဆယ်ခဲ့ (မတ် ၂၁၊ ၂၀၂၄)

တခြားဒုက္ခသည်တွေကတော့ သူတို့ဟာ Bangladesh နိုင်ငံ Cox's Bazar က လာကြသူတွေဖြစ်တယ်လို့ ပြောပါတယ်။ Bangladesh ဒုက္ခသည်စခန်းမှာ သူ့ကို အင်ဒိုနီးရှားကို ခေါ်သွားပေးနိုင်တဲ့ လူပွဲစားတယောက်ကို တွေ့ပြီးထွက်လာတာလို့ ဒုက္ခသည်တယောက်က AFP သတင်းဌာနကို ပြောပါတယ်။ သူ့ရဲ့ ရည်မှန်းချက်က ငွေပေးပြီး မလေးရှားကို သွားဖို့ဖြစ်တယ်လို့ ပြောပါတယ်။

Bangladesh ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေဟာ လူကုန်ကူးသူတွေကို ငွေပေးပြီး မလေးရှားနိုင်ငံကို သွားဖို့ ကြိုးစားကြတာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေပါလာတဲ့ စက်လှေရော သူတို့ကို ကယ်ဆယ်ဖို့ ကြိူးစားတဲ့ အင်ဒိုနီးရှားငါးဖမ်းသင်္ဘောပါ ဗုဒ္ဓဟူးနေ့က မှောက်ခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေက လာကယ်တဲ့ငါးဖမ်းလှေပေါ် ဝိုင်းတက်ဖို့ကြိုးစားစဉ် မှောက်သွားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG