သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ခွင့်အတွက် မြန်မာတွေရဲ့ရုန်းကန်မှု ကန် သံရုံးယာယီတာ၀န်ခံ အသိအမှတ်ပြု ပြောကြား


အမေရိကန်သံရုံး ယာယီတာဝန်ခံ ဒက်ဘ်လင်း (Deb Lynn)
အမေရိကန်သံရုံး ယာယီတာဝန်ခံ ဒက်ဘ်လင်း (Deb Lynn)

စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်အတွက် ပြည်သူတွေရဲ့ ပြင်းပြတဲ့ လိုလားတောင်းတမှုတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ် ၂ စုကျော်က အမေရိကန်ပြည်ထောင်စုကို မွေးဖွားစေခဲ့တဲ့ ပြင်းပြတဲ့ဆန္ဒမျိုးပါပဲလို့ ရန်ကုန် အမေရိကန်သံရုံး ယာယီတာဝန်ခံ ဒက်ဘ်လင်း (Deb Lynn) က ပြောကြားလိုက်ပါတယ်။ (၂၄၇) ကြိမ်မြောက် အမေရိကန် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သံရုံး ယာယီတာဝန်ခံ ဒက်ဘ်လင်းဟာ သိပ်မကြာခင်က သံတမန် အသိုက်အဝန်းထဲက လူပုဂ္ဂိုလ်တွေကို ဖိတ်ကြား ဧည့်ခံချိန်မှာ ခုလို ပြောဆိုခဲ့တဲ့အကြောင်း ရန်ကုန် အမေရိကန်သံရုံး ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားတာပါ။

ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့ဟာ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ တရားမျှတခြင်းဆိုတဲ့ အခြေခံမူတွေကို ထွေးပိုက်ရင်း သမိုင်းမှာ အလှည့်အပြောင်း အခိုက်အတန့်တခုရဲ့ အမှတ်အသား၊ အမေရိကန် ပြည်ထောင်စုရဲ့ လွတ်လပ်ရေး ကြေညာခဲ့တဲ့နေ့တနေ့ ဖြစ်သလို၊ ဒီလိုနေ့မျိုးကို အထိမ်းအမှတ်ထား ဂုဏ်ပြု ဆင်နွှဲနေတဲ့ ခုလိုအချိန်မှာ အလားတူ အခွင့်အရေးတွေအတွက် ရုန်းကန်နေကြတဲ့ မြန်မာပြည်သူတွေကို အသိအမှတ်ပြုတဲ့အကြောင်းလည်း အမေရိကန် သံရုံး ယာယီ တာဝန်ခံ ဒက်ဘ် လင်း က ပြောကြားသွားပါတယ်။ ကျမတို့ဟာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ရုံသာမက ကိုယ့်နိုင်ငံအသီးသီးရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ နိုင်ငံတကာ သဘောတူညီချက်တွေမှာ ပြဌာန်း ဖော်ပြထားတဲ့ ဘုံစံတန်ဖိုးတွေနဲ့ မူဝါတွေကို ခုခံကာကွယ်သူတွေအဖြစ် ရပ်တည်နေကြတာနဲ့ အမျှ၊ ခုလိုအချိန်မှာ သူတို့ရဲ့အခွင့်အရေး၊ ရည်မှန်းချက်တွေနဲ့ ဒီမိုကရေစီ လိုလားတောင့်တမှု တွေကို လေးစားလိုက်နာတဲ့ အနာဂတ်တခု ဖြစ်လာရေး ကြိုးပမ်း အားထုတ်နေကြတဲ့ မြန်မာပြည်သူတွေကို အခိုင်အမာ ဆက်လက် အားပေး ထောက်ခံ သွားမယ်ဆိုတာ ထပ်လောင်း အာမခံ ပြောကြားလိုပါတယ် ဆိုပြီးတော့လည်း အမေရိကန် သံရုံး ယာယီ တာဝန်ခံ ဒက်ဘ် လင်းက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG