သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဝ" ဒေသ ကိုဗစ်ကူးစက်မှု မြင့်တက်


Covid in Wa State - Credit to - Nyi Rang
Covid in Wa State - Credit to - Nyi Rang

UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ ထိန်းချုပ်ရာဒေသမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာနေလို့ မြို့တော်ပန်ဆန်းမှာ ကျန်းမာရေး ဝန်ထမ်းတွေ လိုအပ်လာတာကြောင့် စေတနာ့ဝန်ထမ်းတွေအဖြစ် ပါဝင်ကူညီဖို့ ဖိတ်ခေါ်နေပါတယ်။

"ဝ" ဒေသ ကိုဗစ်ကူးစက်မှု မြင့်တက်

{{Zawgyi/Unicode}}

UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ ထိန်းချုပ်ရာဒေသမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာနေလို့ မြို့တော်ပန်ဆန်းမှာ ကျန်းမာရေး ဝန်ထမ်းတွေ လိုအပ်လာတာကြောင့် စေတနာ့ဝန်ထမ်းတွေအဖြစ် ပါဝင်ကူညီဖို့ ဖိတ်ခေါ်နေပါတယ်။ တစ်ချိန်တည်းမှာတော့ မလိုအပ်ရင် အိမ်ပြင်မထွက်ရ Lockdown ကန့်သတ်တဲ့ ကာလ ကြာမြင့်နေတာနဲ့ ပြင်ပဒေသနဲ့ ဆက်သွယ်ရေးလမ်းတွေ ပိတ်ပင်ထားတာကြောင့် ဒေသခံတွေ အခက်တွေ့နေရပါတယ်။

UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ ထိန်းချုပ်ရာ ရှမ်းပြည်နယ် အထူးဒေသ ၂ မှာ Covid 19 ကူးစက်မှုဟာ ဒီရက်ပိုင်းအတွင်း သိသိသာသာ မြင့်တက်နေပါတယ်။ လက်ရှိ ကူးစက်မှုမြင့်တက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းကို ဆက်သွယ်မေးမြန်းရာမှာ သူက VOA ကို အခုလို ပြောပါတယ်။

“ ကျနော်တို့ ပန်ဆန်းမြို့ရယ်၊ မိုင်းလင်းခရိုင်၊ မိုင်းပေါက်ခရိုင်မှာ ပြန့်ပွားမှုတွေ တိုးပွားနေတာတော့ ရှိတယ်နော်။ ထောင်ချီဖြစ်နေတာတော့ တွေ့တယ်နော်။ ဒါပေမဲ့ ဒီလက္ခဏာက ပြင်းထန်တဲ့ အနေအထားမှာတော့ မရှိပါဘူး။ ကျနော်တို့ တရုတ်ပြည်ဖက်ခြမ်းက ကြက်ခြေနီအသင်းကနေပြီး ကျနော်တို့ ပူးပေါင်း၊ ဒီကုသရေးပိုင်းဆိုင်ရာမှာ ရှိတယ်နော်။ ”

ပန်ခမ်း (ပန်ဆန်း)မြို့မှာ ကူးစက်မှု ပြင်းထန်နေပြီး အသွင်ပြောင်း Covid 19 ရောဂါဟာ လုပ်ငန်းအသီးသီး၊ နေရာဒေသအသီးသီးနဲ့ ကျေးရွာများမှာပါကူးစက်နေကြောင်း ၀ ပြည်နယ် ကျန်းမာရေးဌာန ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ဧပြီ ၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်မှာ မတ်လ ၂၆ရက်နေ့ကနေ ဧပြီလ ၅ ရက်နေ့အထိ ပန်ဆန်းမြို့မှာ ကူးစက်သူ ၁၅၀၀ ကျော်ရှိနေကြောင်း၊ ဆေးဝန်ထမ်းတွေ မလုံမလောက်ဖြစ်နေပြီး ကုသမှုမှာ အခက်အခဲတွေ့နေ တာကြောင့် စေတနာ့ဝန်ထမ်းတွေကို ဖိတ်ခေါ်ကြောင်း ဖော်ပြထားပါတယ်။

ပြင်ပက လာရောက်သူတွေအတွက် သွားလာရေးအခက်အခဲရှိတာကြောင့် ဝဒေသအတွင်းက စေတနာ့ဝန်ထမ်းတွေကို အဓိက ဖိတ်ခေါ်တာဖြစ်ကြောင်းလည်း ဦးညီရန်းက ဆက်ပြောပါတယ်။

“ အဓိကကတော့ ကျနော်တို့ ဝပြည်နယ်ထဲက စေတနာဝန်ထမ်းတွေပါ။ ဘာကြောင့်လဲ ဆိုတော့ အခုချိန်မှာ သွားလာဖို့က ခက်ခဲနေတဲ့ ကာလဖြစ်တော့၊ ပြီး ဝင်ရင်လည်း Quarantine လုပ်ရတာတို့ ဘာတို့ အခက်အခဲရှိတော့ အဆင်မပြေဘူးလေနော်။”

ပန်ဆန်းမြို့မှာ ကူးစက်မှုစတင်တွေ့ခဲ့တာကြောင့် မတ်လ ၁ ရက်နေ့ စတင်ပြီး Lockdown ချပြီး ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ခဲ့တာပါ။ ဒါပေမဲ့ ကူးစက်မှု ထပ်မံမြင့်တက်လာတာကြောင့် မတ်လ ၉ရက်နေ့မှာ ပန်ဆန်းမြို့နဲ့ မိုင်းပေါက်ခရိုင်၊ မိုင်းလင်းခရိုင်၊ မိုင်းမောခရိုင်နဲ့ နမ့်တစ် အထူးမြို့နယ်တွေကို သွားလာတာတွေ ပိတ်ပင်ခဲ့ပါတယ်။ ဝဒေသနဲ့ အဆက်အသွယ်ရှိသူ တစ်ဦးကတော့ ဝဒေသထဲက သူတွေရဲ့ အခက်အခဲကို အခုလို ပြောပါတယ်။

“ မိုင်းပေါက်မြို့ထဲမှာ အလုပ်သွားလုပ်စားနေတဲ့ အခါမှာပေါ့။ Covid ဖြစ်တဲ့အခါမှာ အပြင်လည်း ထွက်လို့ မရဘူး။ အစားအသောက်လည်း လာပို့မယ်လူ မရှိလို့ အိမ်တွင်းမှာ အောင်းပြီးမှ အခက်အခဲ ကြုံနေရပါတယ်လို့ ပြောပါတယ်။ အကယ်၍ မြို့ထဲ သွားပြီး ပြန်လာရင်လည်း Quarantine ဝင်ရတဲ့အတွက် ကိုယ့်စားရိတ်နဲ့ကိုယ်စားသောက်ရတဲ့အတွက်ကြောင့် တစ်ရက်ကို ယွမ် တစ်ရာ၊ နှစ်ရာလည်း ကုန်တယ်။ ကုန်ကျစရိတ်မတတ်နိုင်ဘူး။ ဒါကြောင့် သွားသွားလာလာကို ဆင်ခြင်ပြီးတော့ နေပါတယ်လို့လည်း သူတို့ ဆီကနေ အဲလို သိရပါတယ်။”

ဝဒေသမှာ ရောက်ရှိ အလုပ်လုပ်ကိုင်နေသူအများစုကတော့ Lockdown ကာလ ကြာမြင့်တာကြောင့် စီးပွားရေးလုပ်ငန်း ရပ်ဆိုင်းနေတာ၊ အစားအသောက်နဲ့ ကျန်းမာရေးစရိတ်မြင့်မားတာ၊ လမ်းပိတ်နေလို့ နေရပ်ပြန်မရနိုင်တာတွေကြောင့် အခက်အခဲဖြစ်နေကြပါတယ်။

လက်ရှိအခြေအနေမှာတော့ ဝအထူးဒေသအတွင်း Lockdown ချမှတ်တာကို မတ်လ ၂၅ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့ထိ သတ်မှတ်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရတော့ မြန်မာနိုင်ငံမှာ ကိုဗစ်က်ပရောဂါ ကူးစက် ဖြစ်ပွားသူ သိသိသာသာ ကျဆင်းသွားတာ အခုဆိုရင် နေ့စဉ် အတည်ပြုလူနာ ၅၀ ကျော်ဝန်းကျင်မှာသာ ရှိပါတော့တယ်။

................................................................

"ဝ" ဒသေ ကိုဗဈကူးစကျမှု မွင့ျတကျ

{{Zawgyi/Unicode}}












XS
SM
MD
LG