သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းစစ်ကြား "ဝ" လက်နက်ကိုင်အဖွဲ့အင်အားကြီးလာ


ယခင်မှတ်တမ်းရုပ်ပုံ | ဝပြည်နယ် ပန့်ဆန်းမှာကျင်းပတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ရဲ့ နှစ် (၃၀) ပြည့်အခမ်းအနားအတွင်း တွေ့ရတဲ့ ဝတပ်ဖွဲ့ဝင်များ (ဧပြီ ၁၇၊ ၂၀၁၉)
ယခင်မှတ်တမ်းရုပ်ပုံ | ဝပြည်နယ် ပန့်ဆန်းမှာကျင်းပတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ရဲ့ နှစ် (၃၀) ပြည့်အခမ်းအနားအတွင်း တွေ့ရတဲ့ ဝတပ်ဖွဲ့ဝင်များ (ဧပြီ ၁၇၊ ၂၀၁၉)

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြတဲ့မြန်မာနိုင်ငံမှာ တရုတ်နဲ့နီးကပ်စွာ ဆက်ဆံမှုရှိပြီး တရားမဝင်မူးယစ်ဆေး ရောင်းဝယ်မှု လုပ်တယ်လို့ နာမည်ကြီးတဲ့ UWSA ဝတပ်ဖွဲ့ဟာ စစ်တပ်ကိုတော်လှန်တိုက်ခိုက်ရာမှာ မပါဝင်ဘဲ အင်အားပိုကြီးမားလာနေတယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်စကစပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးနဲ့ သြဇာအရှိဆုံးဖြစ်တဲ့ UWSA တပ်ဖွဲ့ဟာ တရုတ်- လာအိုနဲ့ ထိုင်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံက ရှမ်းပြည်နယ်အလယ်ပိုင်းဒေသတလွှားမှာ ရာနဲ့ချီတဲ့ သူ့တပ်သားတွေကို ပြောင်းရွှေ့ချထားခဲ့တာပါ။ ဒါဟာ မနှစ်ကစတင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာတပ်တို့ကြား ဖြစ်ပွါးတဲ့တိုက်ပွဲတွေမှာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ရုံးတွေမထိခိုက်အောင်အကာကွယ်ပေးဖို့ ဖြစ်ကြောင်းလည်း ဝတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသေးစိတ်ကို သိရဖို့ VOA က လူတွေ့မေးမြန်းခွင့် တောင်းတာကိုတော့ အဖွဲ့ ပြောခွင့်ရက အကြောင်း မပြန်ခဲ့ပါဘူး။

တိုက်ပွဲတွေနောက်ပိုင်း မြန်မာစစ်ကောင်စီဘက်က နယ်မြေတွေ မထိန်းချုပ်နိုင်ဘဲဖြစ်လာချိန်မှာ ဝတပ်ဖွဲ့ဟာ သူ့အင်အားကို ဖြည့်တင်းခဲ့သလို စရိတ်သက်သက်သာသာနဲ့ နယ်မြေထိန်းချုပ်လာတယ်လို့ အမေရိကန် ငြိမ်းချမ်းရေးစင်တာ USIP ရဲ့ မြန်မာအရေး ဆိုင်ရာ ဒါရိုက်တာ Jason Tower က သုံးသပ်ပါတယ်။ UWSA ဟာ တပ်သားသုံးသောင်းလောက်ရှိတဲ့ လက်နက်အပြည့်စုံဆုံးနဲ့ အကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

တရုတ်နဲ့ ထိုင်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တောင်တန်းတွေကြားမှာရှိတဲ့ UWSA စခန်းချရာ နေရာဟာ ဘယ်လ်ဂျီယံနိုင်ငံထက်ကျယ်ဝန်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခု ဖြစ်ပါတယ်။ ၂၀၂၁စစ်တပ်အာဏာသိမ်းမှုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စုပေါင်းတွန်းလှန်နေချိန်မှာ လုံးဝ ဝင်မပါပေမယ့် ဒီနှစ် ဇန်နဝါရီလက စပြီး သူ့နယ်မြေမြောက်ဘက်က မြို့နှစ်မြို့ကို ဝင်ရောက် ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG