သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UWSA နဲ့ RCSS တိုက်ပွဲ အခြေအနေတင်းမာဆဲ


UWSA anniversary
UWSA anniversary

NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည်တပ်ဖွဲ့ RCSS/SSA ရဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းတုန်မြို့နယ် မိုင်းထား ဒေသအတွင်းက တပ်စခန်းကို UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ၂ ဘက်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီသတင်းကို ကိုရဲမွန် ကပြောပြပေးမှာပါ။

UWSA နဲ့ RCSS တိုက်ပွဲ အခြေအနေတင်းမာဆဲ

{{Zawgyi/Unicode}}

NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည်တပ်ဖွဲ့ RCSS/SSA ရဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းတုန်မြို့နယ် မိုင်းထား ဒေသအတွင်းက တပ်စခန်းကို UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ၂ ဘက်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ နယ်နိမိတ် ပြဿနာကြောင့် တိုက်ပွဲတွေဖြစ်နေတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒီအကြောင်းရန်ကုန်ကပေးပို့လာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပေးမှာပါ။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းထားဒေသမှာရှိတဲ့ တောင်ပိုင်းရှမ်းပြည်တပ်ဖွဲ့ RCSS/SSAရဲ့ တပ်စခန်း တခုကို UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တွေက ဧပြီလ ၅ ရက် အင်္ဂါနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ တယ်လို့ RCSS ရဲ့ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံက ပြောပါတယ်။

“ တိုက်ပွဲဖြစ်စဉ်ကျတော့ မနေ့က ဧပြီလ(၅)ရက်နေ့က ရှမ်းစံတော်ချိန်(၁၁)နာရီနေ့ခင်းပိုင်းမှာပေါ့။ ဒီUWSA လက်အောက်ခံဖြစ်တဲ့ ပြည်သူ့စစ်တွေက ကျွန်တော်တို့RCSSစခန်း(၃)ကိုတိုက်ပြီးတော့မှ တိုက်ပွဲက(၁၀)မိနစ် (၁၅)မိနစ်လောက်ကြာမယ်။ နောက် ပြန်ဖြစ်ပွါးတယ်။ ဒီနေ့တိုက်ပွဲဆက်မဖြစ်ပွါးဘူး။ ဒါပေမဲ့ စစ်ရေးတင်းမာမှု တော့ရှိနေတုန်းဘဲ။ တိုက်ပွဲအခြေအနေ ထိခိုက်ဒဏ်ရာရတာ အသေးစိပ်တော့မသိရသေးဘူး။ ဘာကြောင့် ရည်ရွယ် ချက်ရှိရှိနဲ့ လာတိုက်လဲဆိုတာ အဲတာကျတော့ ကျွန်တော်တို့ဆက်သွယ်ညှိနှိုင်းဖြေရှင်းရမယ်။ ”

ဝ တပ်ဖွဲ့တွေက RCSSရဲ့မိုင်းထားဒေသစခန်း(၃)ကို မနက်ပိုင်းမှာတကြိမ် မွန်းလွှဲပိုင်းမှာတကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘာကြောင့်တိုက်ခိုက်တာဆိုတာနဲ့ထိခိုက်မှုတွေ ကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။ UWSA “ဝ” တပ်ဖွဲ့ ရဲ့ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကလည်း ဧပြီ ၅ ရက်နေ့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်းကို အတည်ပြုပြောပေမဲ့ အသေးစိတ် အခြေအနေကို သူ မသိရသေးဘူးလို့ပြောပါတယ်။

“ အေး ဟုတ်တယ်။ ဝတောင်ပိုင်း နဲ့RCSSနဲ့ မနေ့ကနေ့လည်လောက်ပေါ့နော် တိုက်ပွဲဖြစ်တာတော့မှန်တာပေါ့နော်။ ”

UWSA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ အင်္ဂါနေ့ နံက်ပိုင်းက UWSA ထိန်းချုပ်နယ်မြေ မိုင်းထားဒေသမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်အင်အား(၁၈)ဦးစခန်းချရာနေရာကို RCSS တပ်တွေက အင်အား၂၀ ခန့်ကနေ ကျူးကျော်ဝင်ရောက်လာပြီး အခြေအတင်ဖြစ်နေစဉ် RCSS ဘက်ကပစ်ခတ်မှုကြောင့် ဝ တပ်ဖွဲ့ဝင် ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။

နောက်ပိုင်းတဆက်ထဲ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ် အပြန်အလှန်တိုက်ပွဲဖြစ်ပွါးခဲ့လို့ RCSS ဘက်က (၅ )ဦးကျဆုံးပြီး လက်နက်ငယ် ၆ လက်ရရှိခဲ့သလို UWSA ဘက်တပ်ဖွဲ့ဝင်၂ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှာ နယ်မြေပိုင်ဆိုင်မှုပြဿနာနဲ့ ပက်သက်ပြီး နှစ်ဖက်အဖွဲ့တွေကြား အခြေအနေ တင်းမာမှုတွေ ရှိနေခဲ့တာပါ။

အခုနောက်ဆုံးဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခတွေကို နှစ်ဖက်အဖွဲ့တွေညှိနှိုင်းဖြေရှင်းသွားမယ်လို့ ဗိုလ်မှူးစိုင်းခမ်းစံက ဆက်ပြော ပါတယ်။

“ကျွန်တော်တို့ကျတော့ နယ်မြေခံတပ် နှစ်ဖက်စလုံးရှိတဲ့နယ်မြေခံတပ်တွေကို ကျွန်တော်တို့ ဆက်သွယ်ညှိနှိုင်းပြီး တော့မှ ဖြေရှင်းသွားဖို့ရှိတယ်။ စစ်ရေးနဲ့ဖြေရှင်းလို့ရှိရင်တော့ ထိခိုက်နစ်နာမှုလဲရှိတယ်လေ။ ”

မိုင်းထားဒေသမှာ RCSS နဲ့ UWSA အဖွဲ့တွေရဲ့ တပ်စခန်းတွေရှိနေကြပြီး နယ်မြေပိုင်ဆိုင်မှု ပြဿနာတွေလည်းရှိနေပါတယ်။ ဒါကြောင့် အခုလိုပစ်ခတ် တိုက်ခိုက်မှုတွေရှိလာနေတယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနအယ်ဒီတာချုပ် စိုင်းမိန်းက အခုလိုပြောပါတယ်။

“အမှန်တော့ ဒီကိစ္စက မိုင်းထားဆိုတဲ့မြို့နယ်ခွဲ က အပစ်ရပ်ကတည်းက ဦးသိန်းစိန်အစိုးရက RCSS ရဲ့ဌာနချုပ်အဖြစ် နေခိုင်းတယ်လေ။ အဲဒီကတည်းက ပြဿနာက မရှပ်မရှင်းအဲဒီလိုမျိုးပေါ့နော်။ ဝ ကလဲ ၁၉၉၈ ခုနှစ် ကတည်းက ရောက် လာတဲ့ဒေသဆိုတော့ ရှင်းရှင်းပြောလို့ရှိရင် အဲဒီဒေသမှာ ဝ အင်အားကပိုများတယ် RCSS ထက်။ အဲဒီဖက်မှာတော့ ဝ နဲ့ RCSS နဲ့အတူရှိပြီးသားနေရာတွေပါ။ နယ်မြေပိုင်ဆိုင်မှုနဲ့ငြင်းခုံတယ်လို့ ပြောလို့လဲရတယ်။ တဖက်ကလဲ အဲဒီလိုမျိုး ဖြစ်အောင် တပ်ကလဲ အစီစဉ်တကျလုပ်ထားတဲ့ ပုံစံတော့ဖြစ်တာပေါ့ ”

UWSA အဖွဲ့ဟာ ၁၉၈၉ ခုနှစ်မှာ နဝတစစ်အစိုးရနဲ့အပစ်ရပ်စဲခဲ့ပြီးနောက်ပိုင်း ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာ မိုင်းထားဒေသဘက် အခြေချလာပြီး အဲဒီမှာ မူလထဲကရှိနေတဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ခွန်ဆာဦးဆောင်တဲ့ MTA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါး လာခဲ့ပါတယ်။
၁၉၉၆ ခုနှစ်မှာ ခွန်ဆာလက်နက်ချပြီးနောက်ပိုင်း ကျန်ရှိနေတဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ကို ဗိုလ်ချုပ်ကြီးစောရွက်ဆစ် ဦးဆောင်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့ကို ပြန်လည်ထူ ထောင်လာခဲ့ပါတယ်။

မိုင်းထားဒေသကို အခြေချလာတဲ့ UWSA တပ်ဖွဲ့နဲ့လဲ ရံဖန်ရံခါတိုက်ပွဲဖြစ်ပွါးနေပါတယ်။ တောင်ပိုင်းရှမ်းပြည်တပ်မတော်တပ်ဖွဲ့ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီနဲ့ ၂၀၁၁ခု နှစ် နှောင်းပိုင်းမှာ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးသဘောတူညီစာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၅ခုနှစ် ဖေဖေါ်ဝါရီ (၁၂)ရက် နေ့ မှာ NCAအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။

UWSA နဲ့ RCSS တိုက်ပွဲ အခြေအနေတင်းမာဆဲ
please wait

No media source currently available

0:00 0:04:23 0:00
တိုက်ရိုက် လင့်ခ်

........................................



{{Zawgyi/Unicode}}















XS
SM
MD
LG