သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ သာသနာပြုခဲ့တဲ့ အီတလီဘုန်းတော်ကြီး အာဇာနည် သတ်မှတ်ခံရ


မြန်မာနိုင်ငံတွင်း သာသနာပြုလုပ်ငန်း လုပ်ရင်း အသတ်ခံခဲ့ရတဲ့ အီတလီ သာသနာပြု ရဟန်းတော်တပါးနဲ့ ရိုမန်ကက်သလစ် ဂိုဏ်းအုပ် ၇ ပါးတို့ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အာဇာနည်တွေ အဖြစ် အသိမှတ် ပြုလိုက်ပါတယ်။

သူတို့ထဲက တဦးဟာ ကွန်မြူနစ်တွေ လက်တွင်းမှာ သေဆုံးခဲ့ရတာ ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ဆဌမမြောက် ဂျွန်ပေါလ် က ကာဒီနယ် ရဟန်းအမတ်အဖြစ် တိတ်တဆိတ် အသိမှတ် ပြုထားခဲ့သူ ဖြစ်ပါတယ်။

ကျန် ၆ ဦးကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူတော်စင် အဖြစ် မတ်လ ၁၉ ရက်နေ့မှာ တိုးမြှင့် သတ်မှတ်ပေးခဲ့ပါတယ်။

သူတို့အထဲမှာ Father Alfredo Cremonesi ဟာ မြန်မာနိုင်ငံ တောတောင် ထူထပ်တဲ့ ဒေသမှာ အခက်အခဲတွေနဲ့ စစ်ပွဲတွေ ကြားမှာ နှစ်ပေါင်း ၂၈ နှစ် သာသနာပြု လုပ်ငန်းကို လုပ်ဆောင်ခဲ့သူပါ။ သူဟာ ၁၉၀၂ ခုနှစ်မှာ အီတလီမှာ မွေးဖွားခဲ့သူဖြစ်ပြီး ဝေးလံခေါင်ဖျား ဒေသက ကရင်တိုင်းရင်းသားတွေဆီ လှေနဲ့ သွားရောက်ပြီး တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တွေ ဝင်ခဲ့ချိန်မှာလည်း ထွက်မပြေးဘဲ ဆက်လက်တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်ပါတယ်။

သူဟာ ၁၉၅၃ ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ အသတ်ခံခဲ့ရတာ ဖြစ်ပြီး ထိုစဉ်က မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင်တွေကြား ဖြစ်ပွါးတဲ့ တိုက်ပွဲအတွင်း သူနေထိုင်ရာကျေးရွာရှိ နေအိမ်နဲ့ ဘုရားကျောင်း မီးအရှို့ခံခဲ့ ရတာ ဖြစ်ပါတယ်။ သူ့ကို အန္တရာယ် ကြီးတဲ့ နေရာကနေ ရွှေ့ပြောင်းဖို့ တိုက်တွန်းချက်တွေ ရှိခဲ့ပေမယ့် သူကမရွှေ့ပြောင်းဘဲ နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း Vatican သတင်းမှာ ဖေါ်ပြထားပါတယ်။

မြန်မာမှာ သာသနာပြုခဲ့တဲ့ အီတလီဘုန်းတော်ကြီး အာဇာနည် သတ်မှတ်ခံရ
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG