သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ အတိုက်အခံတွေ လွှတ်ပေးဖို့ ဗင်နီဇွဲလားအစိုးရကို ကုလတိုက်တွန်း


ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet နဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Juan Guaido (ဇွန်၊ ၂၁၊ ၂၀၁၉)
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet နဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Juan Guaido (ဇွန်၊ ၂၁၊ ၂၀၁၉)

ဗင်နီဇွဲလား အစိုးရကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့အတွက်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရာနဲ့ချီတဲ့သူတွေကို ပြန်လွှတ်ပေးဖို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ဗင်နီဇွဲလားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံကို ၃ ရက်တာ သွားရောက်ပြီး သမ္မတ နီကိုလပ်စ် မာဒူရိုနဲ့ရော အတိုက်အခံခေါင်းဆောင် ဟွမ်ဂိုင်းဒိုးနဲ့ပါ တွေ့ဆုံခဲ့တဲ့ မဟာမင်းကြီးက သူ့ခရီးစဉ်အပြီး သောကြာနေ့မှာ ခုလိုတောင်းဆိုလိုက်တာပါ။

နိုင်ငံကနေ ပြန်လည်မထွက်ခါွခင် ကရာကပ်စ် မြို့မှာသတင်းစာရှင်းလင်းပွဲကျင်းပပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားတဲ့သူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ မစ္စ Bachelet က ဗင်နီဇွဲလားအစိုးရကို တောင်းဆိုခဲ့တာပါ။

နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးခံထားရတဲ့ လူပေါင်း ၇၀၀ ကျော်ကို ပြန်လွှတ်ပေးရေး ဗင်နီဇွဲလားအစိုးရကို တိုက်တွန်းပြောဆိုဖို့ မစ္စ Bachelet ကို လူ့အခွင့်အရေးအုပ်စုတွေက ဖိအားပေးနေကြတာလည်းဖြစ်ပါတယ်။

သမ္မတ မာဒူရို ဘက်ကလည်း ဆန္ဒပြသူတွေကို ဖမ်းဆီးထားတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ ဆိုးရွားပြင်းထန်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မဟာမင်းကြီး Bachelet က ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့သူတွေနဲ့လည်း မဟာမင်းကြီး Bachelet တွေ့ဆုံခဲ့ပါတယ်။ အဲဒီလူအတော်များများဟာ အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းရာမှာ လျှို့ဝှက်ပူးပေါင်းပါဝင်ခဲ့ကြတယ်ဆိုပြီး စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG