သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော် ဗုဒ္ဓနေ့အခမ်းအနား

အိမ်ဖြူတော်မှာကျင်းပတဲ့ ဗုဒ္ဓနေ့အခမ်းအနား (မေ ၂၃၊ ၂၀၂၄)
အိမ်ဖြူတော်မှာကျင်းပတဲ့ ဗုဒ္ဓနေ့အခမ်းအနား (မေ ၂၃၊ ၂၀၂၄)

ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးအရအထွဋ်အမြတ်ဖြစ်တဲ့ ဗုဒ္ဓနေ့ အခမ်းအနားကို မေလ ၂၃ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ ကျင်းပခဲ့ပါတယ်။ သမ္မတရုံးအဆောက်အဦမှာကျင်းပတဲ့ အိမ်ဖြူတော်အခမ်းအနားကို ဒုသမ္မတ Kamala Haris ရဲ့ ခင်ပွန်း Douglas Emhoff က ဘုန်းတော်ကြီးတွေကို ပင့်ဖိတ်ပြီး ဝတ်ပြု ဆုတောင်း မေတ္တာပို့ ခဲ့ကြပါတယ်။

အိမ်ဖြူတော်မှာကျင်းပတဲ့ ဗုဒ္ဓနေ့အခမ်းအနား (မေ ၂၃၊ ၂၀၂၄)
အိမ်ဖြူတော်မှာကျင်းပတဲ့ ဗုဒ္ဓနေ့အခမ်းအနား (မေ ၂၃၊ ၂၀၂၄)

သမ္မတ Joe Biden သမ္မတတာဝန်ယူခဲ့ပြီးနောက်မှာ အခုလို အိမ်ဖြူတော်က ဦးစီးပြီး ဗုဒ္ဓနေ့အခမ်းအနားအခမ်းအနားကျင်းပတာ အခု ၄ ကြိမ်မြောက်ဖြစ်ပါတယ်။ ထေရဝါဒ၊ မဟာယန၊ ဟိနယန ဗုဒ္ဓဘာသာဝင်တွေ အဓိကနေထိုင်ကြတဲ့ နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်္ကာပူ၊ မွန်ဂိုလီယားနဲ့ လာအို စတဲ့ နိုင်ငံ ၁၀ နိုင်ငံက သံအမတ်တွေ၊ ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ သံရုံးက ပါဝင်တက်ရောက်တာ မတွေ့ရပါဘူး။

ကမ္ဘာပေါ်မှာ အားလုံးလက်ခံ ယုံကြည်ထားတဲ့ မေတ္တာတရား၊ နှိမ့်ချမှုနဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံမှုတွေကို ကိုင်ဆွဲပြီး တန်ဖိုးထားမှုတွေနဲ့ စုပေါင်း ကျင်းပကြဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောင်ဖို့ ဒုသမ္မတ ရဲ့ ခင်ပွန်း Douglas Emhoff က ဗုဒ္ဓနေ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း သုံးထောင်လောက်ရှိပြီး ဘာသာရေးအမြင် မတူညီမှုတွေအပေါ် နားလည်လက်ခံမှု၊ မေတ္တာတရားနဲ့ အားလုံး ပူးပေါင်းပါဝင်ခွင့်ရဖို့ စုပေါင်းကျင်းပတာလို့လည်း အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။

သမ္မတ Joe Biden နဲ့ သမ္မတကတော်တို့ကလည်း ကမ္ဘာတဝန်း ဗုဒ္ဓနေ့ဆင်နွဲကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ဗုဒ္ဓနေ့မှာ ကြေညာချက်ထုတ်ပြန် နှုတ်ခွန်းဆက်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွက် အများကြီးအကျိုးပြုကြတဲ့ ဗုဒ္ဓဘာသာဝင် အမေရိကန်တွေကို အသိအမှတ်ပြုတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးတမ်းအစဉ်အလာအရ ကဆုန်လပြည့်နေ့ဟာ ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားတော်မူတဲ့နေ၊ ဘုရားအဖြစ် သဗ္ဗညုတဉာဏ်တော်ကို ရရှိတဲ့နေ၊ ဘုရားရှင် ပရိနိဗ္ဗာန်စံတဲ့နေ့ စသဖြင့် ထူးခြားတဲ့နေ့အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန် လပြည့်နေ့ကို အမှီပြုပြီး ပေါ်လာတဲ့ ဗုဒ္ဓနေ့ အခမ်းအနားတွေ ဒီရက်ပိုင်း မြန်မာနိုင်ငံနဲ့ အာရှနိုင်ငံတဝန်းမှာ ပုံစံအမျိုးမျိုး ကျင်းပပြီး ဥပုသ်သီလ ဆောက်တည်ကြသလို ဆုတောင်းပွဲတွေ ကျင်းပကြပါတယ်။

This item is part of

Forum

XS
SM
MD
LG