သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စစ်မှုထမ်းတွေကို သမ္မတ ဘိုင်ဒန် ဂုဏ်ပြု


 Veterans Day
Veterans Day

နိုဝင်ဘာလ ၁၁ ရက် စနေနေ့က ကျရောက်တဲ့ အမေရိကန် စစ်မှုထမ်းဟောင်းများနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန် အာလင်တန် အမျိုးသားစစ်သင်္ချိုင်းကို သွားရောက်ပြီး လွမ်းသူ့ပန်းခွေချရင်း အမေရိကန် စစ်မှုထမ်းတွေကို ဂုဏ်ပြုခဲ့ပါတယ်။

နိုဝင်ဘာလ ၁၁ ရက် စနေနေ့က ကျရောက်တဲ့ အမေရိကန် စစ်မှုထမ်းဟောင်းများနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန် အာလင်တန် အမျိုးသားစစ်သင်္ချိုင်းကို သွားရောက်ပြီး လွမ်းသူ့ပန်းခွေချရင်း အမေရိကန် စစ်မှုထမ်းတွေကို ဂုဏ်ပြုခဲ့ပါတယ်။

စစ်မှုထမ်းတွေဟာ တိုင်းပြည်ရဲ့ သံမဏိကျောရိုး ဖြစ်ပါတယ်လို့လည်း သမ္မတ ဘိုင်ဒန်က ဂုဏ်ပြု ပြောဆိုပါတယ်။ စစ်မှုထမ်းတွေ အတွက် အောက်မေ့ဘွယ် တည်ဆောက်ထားတဲ့ အထိမ်းအမှတ်နေရာမှာ စနေနေ့က သမ္မတ မိန့်ခွန်းပြောခဲ့တာ ဖြစ်ပြီး အမေရိကန်တပ်ဖွဲ့တွေ ပါဝင် ဆင်နွှဲခဲ့တဲ့ ကမ္ဘာကျော် စစ်ပွဲကြီးတွေအကြောင်းလည်း ထည့်သွင်း ပြောကြားသွားပါတယ်။

အဲ့ဒီလိုစစ်ပွဲကြီးတွေမှာ အမေရိကန်တပ်ဖွဲ့တွေ ပါဝင်ခဲ့တာဟာ တချိန် တိုင်းပြည် တည်ထောင်ချိန်ကတည်းက ရှိခဲ့တဲ့ ဂုဏ်ယူစရာ တိုက်ပွဲဝင်မှုတွေနဲ့လည်း ဆက်စပ်နေပါတယ်လို့ သမ္မတက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ဟာ ၁၉၁၈ ခုနှစ်က ပထမကမ္ဘာစစ်ကြီး အဆုံးသတ်စေခဲ့တဲ့ စစ်ပြေငြိမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်ပတ်လည်နေ့ ဖြစ်သလို စစ်ပြေငြိမ်းရေးနေ့အဖြစ် တချိန်က ခေါ်တွင်ခဲ့ပြီး ၁၉၂၆ ခုနှစ် နောက်ပိုင်းမှာတော့ စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့အဖြစ် အမေရိကန်လွှတ်တော်က ပြောင်းလဲ သတ်မှတ်ပေးခဲ့ပါတယ်။

နိုင်ငံတော် အားလပ်ရက်နေ့အဖြစ် သတ်မှတ်ပေးထားသလို၊ နှစ်စဥ် ဒီလိုနေ့မှာ အမေရိကန်စစ်မှုထမ်းတွေအတွက် ဂုဏ်ပြု အခမ်းအနားတွေ နိုင်ငံတဝန်း ကျင်းပကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG