သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်သံအမတ်ဟောင်းကို ထောင်ချလိုက်တဲ့အပေါ် ကုလဝေဖန် 


Vicky Bowman (MCRB)
Vicky Bowman (MCRB)

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း Vicky Bowman နဲ့ ခင်ပွန်းဖြစ်သူ ဦးထိန်လင်း တို့ကို ရန်ကုန်မြို့က တရားရုံးတခုမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ်အပြစ်ပေးလိုက်တဲ့အပေါ် ကုလသမဂ္ဂက ဝေဖန်လိုက်ပါတယ်။ 

ဗြိတိန်သံအမတ်ဟောင်းကို ထောင်ချလိုက်တဲ့အပေါ် ကုလဝေဖန်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း Vicky Bowman နဲ့ ခင်ပွန်းဖြစ်သူ ဦးထိန်လင်း တို့ကို ရန်ကုန်မြို့က တရားရုံးတခုမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ်အပြစ်ပေးလိုက်တဲ့အပေါ် ကုလသမဂ္ဂက ဝေဖန်လိုက်ပါတယ်။

“တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် တစိုက်မတ်မတ် ဆောင်ရွက်နေသူတွေကို အပြစ်ပေးဖို့ မြန်မာအာဏာပိုင်တွေရဲ့ ကြိုးပမ်းမှုအတွက် အလွန်ပဲ တုံလှုပ်မိပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံး ပြောခွင့်ရ Ravina Shamdasani က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာပိုင်တွေ ဖမ်းဆီးထားသူ အခုဆို ၁၂ဝဝဝ ရှိနေပြီး၊ မမှန်မကန် တရားစီရင်ခံရသူ ထောင်နဲ့ချီ ရှိတဲ့အပေါ် စိုးရိမ်ကြောင်းလည်း ပြောပါတယ်။ အခုနောက်ဆုံး စီရင်ချက်နဲ့ တရားစီရင်မှုတွေကြောင့် စိုးရိမ်မှုတွေ ပိုတိုးလာရတယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသွားပါတယ်။

ဗြိတိန်သံအမတ်ဟောင်းဟာ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ လိုက်နာရမယ့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေကို ဖောက်ဖျက်ခဲ့ကြောင်းနဲ့ ခင်ပွန်းဖြစ်သူဟာလည်း ဖောက်ဖျက်မှုကို အားပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာပိုင်တွေ ပြီးခဲ့တဲ့လထဲမှာပဲ ဖမ်းဆီးခဲ့ပြီး သောကြာနေ့ တရားခွင်မှာ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့တာပါ။

Vicky Bowman ဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Myanmar Center for Responsible Business အဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေရဲ့ ကျင့်ဝတ်ဆိုင်ရာ ကိစ္စတွေကို အကြံပြုနေသူ တဦးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

....................................................


{{Zawgyi/Unicode}}





XS
SM
MD
LG