ဗီယက္နမ္သမၼတငြင္႐ႊမ္ဖုခ္ (Nguyen Xuan Phuc) ဟာ အဂၤါေန႔မွာ အနားယူလိုက္တယ္လို႔ ႏိုင္ငံေတာ္ပိုင္ မီဒီယာေတြက ဆိုပါတယ္။ သူ႔ကို ရာထူးကျဖဳတ္ေတာ့မယ္လို႔ ေကာလဟလ သတင္းေတြ ထြက္ခဲ့တာ ရက္အေတာ္ၾကာခဲ့ပါၿပီ။
ဝန္ႀကီးခ်ဳပ္တာဝန္ယူထားစဥ္ ၂၀၁၆ က ၂၀၂၁ အတြင္း သူ႔လက္ေအာက္က အႀကီးတန္းဝန္ႀကီးေတြ အမွားလုပ္ခဲ့တာအတြက္ သမၼတဖုခ္မွာ တာဝန္ရွိေၾကာင္း ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မီတီက ဆုံးျဖတ္ခဲ့တာပါ။ ဒုတိယ ဝန္ႀကီးခ်ဳပ္ ၂ ေယာက္ နဲ႔ ဝန္ႀကီး ၃ ေယာက္ အပါအဝင္ တာဝန္ရွိသူဝန္ရွိသူေတြ က်ဴးလြန္ခဲ့တာေတြအတြက္ သမၼတဖုခ္က ႏိုင္ငံေရးအရ တာဝန္ယူလိုက္တာျဖစ္တယ္လို႔ ဗဟိုေကာ္မီတီ ရဲ႕ တရားဝင္ ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး၊ ႏိုင္ငံေတာ္ပိုင္ VNA သတင္းဌာန က ဆိုပါတယ္။
ဒီလအေစာပိုင္းကပဲ အမ်ိဳးသားလႊတ္ေတာ္ကေန ဒုတိယ ဝန္ႀကီးခ်ဳပ္ႏွစ္ဦးကို ရာထူးက ဖယ္ရွားခဲ့ပါတယ္။ ကိုဗစ္ကပ္ေဘးကို တုံ႔ျပန္ရာမွာ အက်င့္ပ်က္ျခစားမႈေတြ ရွိခဲ့တယ္လို႔ စြပ္စြဲၿပီး အစိုးရတာဝန္ရွိသူနဲ႔ စီးပြါးေရးသမား ၁၀၀ ေက်ာ္ကို အေရးယူခဲ့ပါတယ္။ ကိုဗစ္ကပ္ေဘးအတြင္း ေနရပ္ျပန္တဲ့ ကိစၥနဲ႔ ပတ္သက္လို႔ သံတမန္နဲ႔ ရဲအရာရွိ ၃၇ ေယာက္ကို အေရးယူခဲ့တာပါ။
တိုင္းျပည္ေပါင္း ၆၀ ကေန ႏိုင္ငံသားေတြကို ျပန္လည္ေခၚယူရာမွာ စင္းလုံးငွါးေလယာဥ္ ခရီးစဥ္ ၈၀၀ ကို ဗီယက္နမ္က စီစဥ္ခဲ့ပါတယ္။ ခုလို သမၼတငြင္႐ႊမ္ဖုခ္ အနားယူလိုက္တာဟာ ဗီယက္နမ္ ကြန္ျမဴနစ္ပါတီ ရဲ႕ သမိုင္းမွာ မရွိခဲ့ဖူးတဲ့ ျဖစ္ရပ္ျဖစ္တယ္လို႔ ဗီယက္နမ္ စီးပြါးေရးနဲ႔ မဟာဗ်ဴဟာေလ့လာေရး အဖြဲ႕က သုေတသီငြင္ခါ့ခ္ဇန္ (Nguyen Khac Giang) က ဆိုပါတယ္။ သူ႔အရင္က က်န္းမာေရးေၾကာင့္ သမၼတဦးသာ ရာထူးက အနားယူဖူးပါတယ္။
[Unicode]
ဗီယက်နမ်သမ္မတ ရာထူးကနုတ်ထွက်
ဗီယက်နမ်သမ္မတငွင်ရွှမ်ဖုခ် (Nguyen Xuan Phuc) ဟာ အင်္ဂါနေ့မှာ အနားယူလိုက်တယ်လို့ နိုင်ငံတော်ပိုင် မီဒီယာတွေက ဆိုပါတယ်။ သူ့ကို ရာထူးကဖြုတ်တော့မယ်လို့ ကောလဟလ သတင်းတွေ ထွက်ခဲ့တာ ရက်အတော်ကြာခဲ့ပါပြီ။
ဝန်ကြီးချုပ်တာဝန်ယူထားစဉ် ၂၀၁၆ က ၂၀၂၁ အတွင်း သူ့လက်အောက်က အကြီးတန်းဝန်ကြီးတွေ အမှားလုပ်ခဲ့တာအတွက် သမ္မတဖုခ်မှာ တာဝန်ရှိကြောင်း ကွန်မြူနစ်ပါတီ ဗဟိုကော်မီတီက ဆုံးဖြတ်ခဲ့တာပါ။ ဒုတိယ ဝန်ကြီးချုပ် ၂ ယောက် နဲ့ ဝန်ကြီး ၃ ယောက် အပါအဝင် တာဝန်ရှိသူဝန်ရှိသူတွေ ကျူးလွန်ခဲ့တာတွေအတွက် သမ္မတဖုခ်က နိုင်ငံရေးအရ တာဝန်ယူလိုက်တာဖြစ်တယ်လို့ ဗဟိုကော်မီတီ ရဲ့ တရားဝင် ထုတ်ပြန်ချက်ကို ကိုးကားပြီး၊ နိုင်ငံတော်ပိုင် VNA သတင်းဌာန က ဆိုပါတယ်။
ဒီလအစောပိုင်းကပဲ အမျိုးသားလွှတ်တော်ကနေ ဒုတိယ ဝန်ကြီးချုပ်နှစ်ဦးကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးကို တုံ့ပြန်ရာမှာ အကျင့်ပျက်ခြစားမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲပြီး အစိုးရတာဝန်ရှိသူနဲ့ စီးပွါးရေးသမား ၁၀၀ ကျော်ကို အရေးယူခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးအတွင်း နေရပ်ပြန်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သံတမန်နဲ့ ရဲအရာရှိ ၃၇ ယောက်ကို အရေးယူခဲ့တာပါ။
တိုင်းပြည်ပေါင်း ၆၀ ကနေ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူရာမှာ စင်းလုံးငှါးလေယာဉ် ခရီးစဉ် ၈၀၀ ကို ဗီယက်နမ်က စီစဉ်ခဲ့ပါတယ်။ ခုလို သမ္မတငွင်ရွှမ်ဖုခ် အနားယူလိုက်တာဟာ ဗီယက်နမ် ကွန်မြူနစ်ပါတီ ရဲ့ သမိုင်းမှာ မရှိခဲ့ဖူးတဲ့ ဖြစ်ရပ်ဖြစ်တယ်လို့ ဗီယက်နမ် စီးပွါးရေးနဲ့ မဟာဗျူဟာလေ့လာရေး အဖွဲ့က သုတေသီငွင်ခါ့ခ်ဇန် (Nguyen Khac Giang) က ဆိုပါတယ်။ သူ့အရင်က ကျန်းမာရေးကြောင့် သမ္မတဦးသာ ရာထူးက အနားယူဖူးပါတယ်။