သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ိဳးသမီး ၃ ဦးမွာ ၁ ဦး လိင္ေစာ္ကားမႈဒဏ္ ခံေနရ


ျပင္သစ္ႏိုင္ငံေတာင္ပိုင္းတြင္ ဆႏၵျပ

(Zawgyi / Unicode)

အမ်ိဳးသမီးေတြ အေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈက က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ေနၿပီး ကမၻာတလႊား အမ်ိဳးသမီးေတြရဲ႕ သံုးပံု တပံု အေပၚ ရိုက္ခတ္ သက္ေရာက္မႈ ရွိေနတယ္လို႔ ကုလသမဂၢက ေျပာဆိုလိုက္ပါတယ္။ ေၾကာက္ရြံ႔ၿပီး ေလးစားမႈ ရွိေရး အတြက္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈကို ဆက္ၿပီး သံုးေနၾကတယ္လို႔ ပဋိပကၡ အတြင္း လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ား ဆိုင္ရာ ကုလသမဂၢ အထူး ကိုယ္စားလွယ္ Pramila Patten က ေျပာပါတယ္။

လူသားအျဖစ္ လက္မခံ ျငင္းပယ္ၿပီး ေနရပ္စြန္႔ခြာ ထြက္သြားေစေရး ရက္စက္လွတဲ႔ နည္းလမ္းတခု အျဖစ္၊ ညွဥ္းပန္းႏွိပ္စက္မႈ၊ ထိတ္လန္႔ေၾကာက္ရြံ႔ဖြယ္ ႏုိင္ငံေရး ဖိႏွိပ္မႈေတြ အတြက္ ရက္စက္ၾကမ္းၾကဳတ္တဲ႔ ဗ်ဴဟာ တခုအျဖစ္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈကို ဆက္ၿပီး သံုးေနဆဲ ျဖစ္တယ္လို႔လည္း ကုလသမဂၢ ကိုယ္စားလွယ္က ေျပာပါတယ္။

လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ အေပၚ တုံ႔ျပန္ ကိုင္တြယ္ေရးက ထိထိေရာက္ေရာက္ မရွိေသးသလို ျပစ္ဒဏ္ကေန ကင္းလြတ္ခြင့္ရေနၾကဆဲ ျဖစ္တယ္လို႔လည္း ကုလသမဂၢ အထူးကိုယ္စားလွယ္ Pramila Patten က ေျပာပါတယ္။ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ ခံရမႈေတြ အေပၚမွာ လူမႈ အသိုင္းအ၀ိုင္းရဲ႕ သေဘာထားနဲ႔ အေလ႔အထေတြ ေျပာင္းလဲလာဖို႔က အဓိက က်တယ္လို႔လည္း ကြ်မ္းက်င္သူေတြက ေထာက္ျပပါတယ္။

တနလာၤေန႔ က်ေရာက္တဲ႔ အမ်ိဳးသမီးမ်ား အေပၚ အၾကမ္းဖက္မႈ အဆံုးသတ္ေရး ႏုိင္ငံတကာ ေန႔မွာဘဲ ၁၆ ရက္ၾကာ လႈပ္ရွားမႈ တခုကိုလည္း ကုလသမဂၢက စတင္လုိက္ပါတယ္။ က်ား - မ ကြဲျပားမႈ အေပၚ အေျခခံတဲ႔ အၾကမ္းဖက္မႈေတြနဲ႔ ပတ္သက္ၿပီး ကုလသမဂၢရဲ႕ ၁၆ ရက္ၾကာ လႈပ္ရွားမႈကေတာ့ ဒီဇင္ဘာလ ၁၀ ရက္ေန႔ လူ႔အခြင့္အေရး ေန႔မွာ အဆံုးသတ္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


......................

အမျိုးသမီး ၃ ဦးမှာ ၁ ဦး လိင်စော်ကားမှုဒဏ် ခံနေရ

( Unicode)

အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီး ကမ္ဘာတလွှား အမျိုးသမီးတွေရဲ့ သုံးပုံ တပုံ အပေါ် ရိုက်ခတ် သက်ရောက်မှု ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ ကြောက်ရွံ့ပြီး လေးစားမှု ရှိရေး အတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆက်ပြီး သုံးနေကြတယ်လို့ ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Pramila Patten က ပြောပါတယ်။

လူသားအဖြစ် လက်မခံ ငြင်းပယ်ပြီး နေရပ်စွန့်ခွာ ထွက်သွားစေရေး ရက်စက်လှတဲ့ နည်းလမ်းတခု အဖြစ်၊ ညှဉ်းပန်းနှိပ်စက်မှု၊ ထိတ်လန့်ကြောက်ရွံ့ဖွယ် နိုင်ငံရေး ဖိနှိပ်မှုတွေ အတွက် ရက်စက်ကြမ်းကြုတ်တဲ့ ဗျူဟာ တခုအဖြစ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆက်ပြီး သုံးနေဆဲ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ ကိုယ်စားလှယ်က ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပေါ် တုံ့ပြန် ကိုင်တွယ်ရေးက ထိထိရောက်ရောက် မရှိသေးသလို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေကြဆဲ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Pramila Patten က ပြောပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုတွေ အပေါ်မှာ လူမှု အသိုင်းအဝိုင်းရဲ့ သဘောထားနဲ့ အလေ့အထတွေ ပြောင်းလဲလာဖို့က အဓိက ကျတယ်လို့လည်း ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

တနလာၤနေ့ ကျရောက်တဲ့ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ နေ့မှာဘဲ ၁၆ ရက်ကြာ လှုပ်ရှားမှု တခုကိုလည်း ကုလသမဂ္ဂက စတင်လိုက်ပါတယ်။ ကျား - မ ကွဲပြားမှု အပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ၁၆ ရက်ကြာ လှုပ်ရှားမှုကတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့ လူ့အခွင့်အရေး နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG