သုံးရလွယ်ကူစေသည့် Link များ

VOA ၇၅ နှစ်ပြည့်အခမ်းအနား ရန်ကုန်မြို့မှာကျင်းပ


ဗွီအိုအေ အမေရိကန်အသံရဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ညနေ ၆ နာရီကနေ ၉ နာရီထိ ရန်ကုန်မြို့ နတ်မောက်လမ်းက White Rice စားသောက်ဆိုင်မှာ ကျင်းပနေပါတယ်။

ဒီအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ဦးဆောင်တဲ့ အမေရိကန်သံရုံးတာဝန်ရှိသူများသံရုံးတာဝန်ရှိသူတွေ၊ တခြား အမေရိကန်ထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်ဖို့ ရှိပါတယ်။

ဒါ့အပြင် ဗွီအိုအေနဲ့ အမြဲ ထိတွေ့ဆက်ဆံနေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းဝင်တွေ တက်ကြွလှုပ်ရှားသူတွေလည်း အခမ်းအနားတက်ရောက်ကြမှာပါ။

ဗွီအိုအေ အစီအစဉ်တွေကို ဒုတိယမ္ဘာစစ်ပွဲကာလ ၁၉၄၂ ခုနှစ်က စတင်ထုတ်လွှင့်လာတာဖြစ်ပြီး ဘာသာစကားပေါင်း ၅၀ နီးပါးနဲ့ အသံလွှင့်နေတာပါ။ မြန်မာဌာနဟာလည်း ၁၉၄၂ ခုနှစ် ဇွန်လမှာ အာရှတိုက်ကို အစောဆုံး အသံလွှင့်ခဲ့တဲ့ ဌာနတွေထဲမှာ ပါဝင်ပါတယ်။

နောက်ပိုင်း ၄ နှစ်လောက် ပြတ်သွားပေမဲ့ ၁၉၅၁ ကနေ ဒီနေ့အထိ ရေဒီယိုအစီအစဉ်တွေ ထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်းမှာ ရုပ်မြင်သံကြားအစီအစဉ်တွေ တိုးချဲ့ထုတ်လွှင့်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အထိဆိုရင် ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုတဲ့ ကမ္ဘာတ၀န်း ပရိသတ်အရေအတွက်ဟာ သီတင်းတပတ်ကို ၂၃၆ သန်းကျော် ရှိပါတယ်။

XS
SM
MD
LG