သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA ဆုချီးမြင့်မယ့် လူ့အခွင့်အရေးရုပ်ရှင်ပွဲတော် စတင်


လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်
လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင်ဖွင့်လှစ်ပါတယ်။ ပဉ္စမ အကြိမ်မြောက် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကိုတော့ ၄ ရက်ကြာ ကျင်းပမှာ ဖြစ်ပြီး မြန်မာနဲ့ နိုင်ငံတကာက ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို ၆၄ ကား ပြသမှာပါ။

ဒီ ၆၄ ကားထဲကနေ ဆု ၆ ဆု ရွေးချယ် ပေးအပ်မှာ ဖြစ်ပြီး VOA အမေရိကန် အသံကလည်း VOA ဆု အနေနဲ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။ VOA ဆု အပြင်ဒေါ်အောင်ဆန်းစုကြည်ဆု (နိုင်ငံတကာ)၊ ဒေါ်အောင်ဆန်းစုကြည်ဆု (အမျိုးသား)၊ မင်းကိုနိုင်ဆု၊ ကျားမ အခွင့်အရေးတန်းတူညီဆု၊ ဟံသာတဝတီ ဦးဝင်တင်ဆုတို့ကို ရွေးချယ် ပေးအပ်မှာပါ။

VOA ဆု ကိုတော့ ပြည်တွင်း မှတ်တမ်းရုပ်ရှင် ၂၅ ကားထဲကနေ ရွေးချယ်ပေးအပ်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မသန်စွမ်းတဦးနဲ့ မိသာစု ရုန်းကန်ရတဲ့ ဘ၀ အကြောင်းကို ဖော်ကျူးထားတဲ့ “ ရိုးမြေကျ” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားက VOA Award ကို ဆွတ်ခူးသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG