သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ်နှိပ်ကွပ်မှု Genocide အဖြစ် ကန်အောက်လွှတ်တော် အတည်ပြု


မြန်မာစစ်တပ်ရဲ့လုပ်ရပ် Genocide သတ်မှတ်ရေး အမေရိကန်အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်စဉ်။
မြန်မာစစ်တပ်ရဲ့လုပ်ရပ် Genocide သတ်မှတ်ရေး အမေရိကန်အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်စဉ်။

ရိုဟင်ဂျာမူဆလင်တွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းခဲ့မှုကို Genocide ခေါ် လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ခေါ်ဆိုသတ်မှတ်ဖို့ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က တခဲနက် အတည်ပြုလိုက်ပါပြီ။

“ ဒီမဲပေးမှုနဲ့ ပတ်သက်ပြီး ထောက်ခံမဲ ၃၉၄မဲ ကန့်ကွက်မဲ ၁မဲ၊ ထောက်ခံမဲ ၃ပုံ၂ပုံ ရရှိတဲ့အတွက် ဆက်လက်ပြောကြားစရာ တစုံတရာ မရှိတော့ပါဘူး၊ ဒီပြဌာန်းချက်ကို အတည်ပြုတာနဲ့ ပတ်သက်ပြီးလည်း ကန့်ကွက်စရာမရှိတော့ပါဘူး” လို့ အောက်လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။

အတည်ပြုလိုက်တဲ့ ဒီဥပဒေမူကြမ်းက အင်းဒင်ရွာလူသတ်မှုကို ဖေါ်ထုတ်ခဲ့တဲ့အတွက် ထောင်ဒဏ်ကျ ခံနေရတဲ့ Reuters သတင်း သမား၂ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ အောက်လွှတ်တော် ရီပါဘလစ်ကန်အမတ် ၂၁၁ ဦးနဲ့ ဒီမိုကရက်အမတ် ၁၈၃ ဦးတို့က ထောက်ခံမဲပေးခဲ့ပြီး အရီဇိုးနား ပြည်နယ် ရီပါဘလစ်ကန်အမတ် Andy Biggs တဦးထဲကပဲ ကန့်ကွက်မဲ ထည့်ခဲ့တာပါ။

ဒီဆုံးဖြတ်ချက် အမှတ် ၁၀၉၁ နဲ့ပတ်သက်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့တုန်းက အသံနဲ့မဲခွဲသဘော တူညီခဲ့ကြပေမယ့် ပိုခိုင်မာမှုရှိအောင် မှတ်တမ်းတင် ဆုံးဖြတ်တာကိုတော့ ဒီဇင်ဘာလ ၁၃ ရက် ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်တချို့က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဟာ လူမျိုးစုအလိုက် ဖယ်ရှားရှင်းလင်းတဲ့ လုပ်ရပ်လို့ သုံးနှုန်းပြောဆိုခဲ့ကြပေမယ့် သမ္မတဒေါ်နလ်ထရမ့် ကိုယ်တိုင်ကတော့ ဒီကိစ္စအပေါ် တစုံတရာ မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးပါဘူး။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရက်စက်မှုဟာ လူမျိုးတုန်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ ဖြစ်တယ်၊ ဒီအတွက် တာဝန်ရှိသူတွေကို တရားစွဲဆို အရေးယူဖို့ တောင်းဆိုကြောင်း ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ကုလသမဂ္ဂက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ပြီး သူတို့လုပ်ဆောင်ခဲ့တာဟာ အကြမ်းဖက်မှု နှိမ်နင်းရေးသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ်နှိပ်ကွပ်မှု Genocide အဖြစ် ကန်အောက်လွှတ်တော် အတည်ပြု
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG