သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံေရး လြန္ဆြဲပြဲ တိုင္းရင္းသားေတြ ဘယ္ဘက္ပါမလဲ


NUG ဖက္ဒရယ္ျပည္ေထာင္စုေရးရာ ဝန္ႀကီး ေဒါက္တာလ်န္မႈန္းဆာေခါင္။ (ဓာတ္ပုံ - nugmyanmar.org)

လက္ရွိျဖစ္ပါြးေနတဲ့ စစ္ေကာင္စီနဲ႔ NUG တို႔ရဲ႕အားၿပိဳင္မႈမွာ တိုင္းရင္းသားေတြရဲ႕ ရပ္တည္မႈဟာ လြန္စြာအေရးပါတယ္လို႔ သုံးသပ္သူေတြက ဆိုၾကပါတယ္။ စစ္ေကာင္စီကေတာ့ တိုင္းရင္းသားျပည္နယ္ေတြကို အခြင့္အာဏာ ပိုေပးဖို႔အတြက္ ၂၀၀၈ ဖြဲ႔စည္းပုံကို လိုအပ္သလို ျပဳျပင္သြြားမယ္လို႔ ေျပာၾကားလိုက္ပါတယ္။ တိုင္းရင္းသားေတြဘက္က အလားအလာ ဘယ္လိုရွိပါသလဲ။ ဖက္ဒရယ္အေရး တက္ႂကြသူ တိုင္းရင္းသားေခါင္းေဆာင္တဦးျဖစ္တဲ့ ေဒါက္တာလ်ံမႈန္းဇာေခါင္းနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ က်ေနာ္ ဒီေန႔ဆက္သြယ္ရတဲ့အေၾကာင္းကေတာ့ ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီနဲ႔ ဒီမိုကေရစီအင္အားစုေတြ အင္အားၿပိဳင္ဆိုင္မႈမွာ တိုင္းရင္းသားေတြရဲ ႔ ရပ္တည္ခ်က္က ဘယ္ဘက္နဲ႔ ပိုနီးစပ္ေနသလဲဆိုတာကို အဓိကေမးခ်င္တာပါ။ ေနာက္ NUG နဲ႔ တိုင္းရင္းသားေတြရဲ ႔ စည္းလံုးညီညြတ္မႈဟာ ဘယ္အတိုင္းအတာအထိ ခိုင္ၿမဲေနသလဲဆိုတာကို ပထမဦးဆံုး ရွင္းျပပါ။

ေျဖ ။ ။ စစ္ေကာင္စီက အာဏာသိမ္းၿပီးၿပီျခင္း တိုင္းရင္းသားေတာ္လွန္ေရး အဖြဲ႔အစည္းေတြျဖစ္တဲ့ NCA စာခ်ဳပ္ခ်ဳပ္ဆုိထားတဲ့ အဖြဲ႔ (၁၂) ဖြဲ႔က ဒါကို ဆန္႔က်င္တယ္၊ ကန္႔ကြက္တယ္။ ဒီအာဏာသိမ္းစစ္ေကာင္စီနဲ႔ ေဆြးေႏြးပြဲေတြ လံုးဝမလုပ္ေတာ့ဘူးဆိုၿပီး က်ေနာ္တို႔ Statement ေတြ ႏွစ္ခါထုတ္ၿပီးေတာ့ ျပတ္ျပတ္သားသား ဆန္႔က်င္ခဲ့တယ္။ သို႔ေသာ္ အဲဒီကာလမွာ PPST ရဲ ႔ အႀကံေပးပုဂၢိဳလ္တဦးက PPST ကို အႀကံေပးစာတခု ေရးလာပါတယ္။ အဲဒီအႀကံေပးစာက ဘာလဲဆိုေတာ့ အခုအာဏာသိမ္းေနတာ၊ မင္းေအာင္လိႈင္နဲ႔ ေအာင္ဆန္းစုၾကည္တုိ႔ရဲ ႔ ျပႆနာ ျဖစ္တယ္။ NLD နဲ႔ စစ္တပ္အတြင္းက ျပႆနာ ျဖစ္တယ္။ ဗမာ-ဗမာအတြင္းမွာ ျဖစ္ပ်က္ေနတဲ့ ျပႆနာ ျဖစ္တဲ့အတြက္ က်ေနာ္တုိ႔ တုိင္းရင္းသားေတြ မပါသင့္ဘူးဆိုၿပီး အႀကံေပးစာ ေရးပါတယ္။ အဲဒီအႀကံေပးစာက က်ေနာ္တုိိ႔ PPST အတြင္းမွာ ႏွစ္ျခမ္းကြဲသြားေစပါတယ္။

က်ေနာ္တို႔ကေတာ့ ဘယ္လုိသံုးသပ္သလဲဆိုေတာ့ ဒီေတာ္လွန္ေရးႀကီးဟာ စစ္အာဏာရွင္စနစ္နဲ႔ ျပည္ေထာင္စုဖြားတုိင္းရင္းသားလူမ်ဳိးအားလံုး၊ ျပည္သူလူထုအားလံုးၾကားမွာ ျဖစ္ပြားေနတဲ့ ျပႆနာ ျဖစ္တယ္။ ထို႔အတြက္ေၾကာင့္လို႔ က်ေနာ္တို႔ကေတာ့ ျပတ္ျပတ္သားသားပဲ ျပည္သူလူထုဘက္ကေန ရပ္တည္ၿပီးေတာ့ စစ္အာဏာရွင္စနစ္ကို ဆန္႔က်င္ရမယ္ဆိုၿပီးေတာ့ က်ေနာ္တုိ႔ ခ်င္းအမ်ဳိးသားတပ္ဦးကေတာ့ ျပတ္ျပတ္သားသား ဆံုးျဖတ္ခဲ့တယ္။ ထို႔အတြက္ေၾကာင့္ က်ေနာ္တို႔အေနနဲ႔ ျပည္သူလူထုနဲ႔ ပူးေပါင္းၿပီးေတာ့ အခုလို NUG, NUCC တို႔နဲ႔ လက္တြဲၿပီးေတာ့ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ အခုအခ်ိန္မွာဆိုလို႔ရိွရင္ က်ေနာ္တို႔ တုိင္းရင္းသားေတြဘက္ ဒီလိုျပတ္ျပတ္သားသား ျပည္သူလူထုဘက္က ရပ္တည္ေနတဲ့လူနဲ႔ ဇေဝဇဝါ ျဖစ္ေနၿပီးေတာ့ မင္းေအာင္လိႈင္နဲ႔ သြားစကားေျပာတဲ့ လူဆိုၿပီးေတာ့ ကံမေကာင္း အႀကံမလွဘဲနဲ႔ ျဖစ္သြားတာေပါ့။ သို႔ေသာ္ က်ေနာ္တုိ႔အားလံုးကေတာ့ တိုင္းရင္းသားအားလံုး ျပည္သူဘက္က ရပ္တည္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ေမး ။ ။ ဒီတုိက္ပြဲဟာ တုိင္းရင္းသားေတြ အမ်ားစုပါဝင္တဲ့ဘက္က အေလးသာသြားၾကမယ္လုိ႔ သံုးသပ္ေနၾကပါတယ္ဆိုေတာ့ အခု NUG ဘက္က ပူးေပါင္းေနတဲ့ တုိင္းရင္းသားေတြရဲ ႔ အင္အားစုဟာ စစ္ေကာင္စီဘက္ကိုပါသြားတဲ့ စစ္ေကာင္စီနဲ႔ ညိွႏိႈႈင္းေနတဲ့ အင္အားစုနဲ႔ ပိုမ်ားတယ္လုိ႔ ဆိုႏိုင္ပါသလား။ ပိုၿပီးေတာ့ အေလးသာေနပါသလား။

ေျဖ ။ ။ လူထုဘက္မွာ ပါဝင္ေနတဲ့ တုိင္းရင္းသားေတာ္လွန္ေရး အင္အားစုက အမ်ားစု ျဖစ္ပါတယ္။ ၿပီးေတာ့ အင္အားလည္း ပိုႀကီးမားပါတယ္။ အခုစစ္ေကာင္စီနဲ႔ သြားေဆြးေႏြးၿပီးေတာ့ လက္မွတ္ထိုးတဲ့အဖြဲ႔က သံုးဖြဲ႔ပဲ ရိွပါတယ္။ ALP, PNLO နဲ႔ လားဟူးဒီမိုကရက္တစ္ယူနီယံ - အဲဒီအထဲမွာလဲ လားဟူးဒီမိုကရက္တစ္ယူနီယံလည္း ႏွစ္ျခမ္းကြဲသြားတယ္။ ဥကၠ႒နဲ႔အဖြဲ႔က က်ေနာ္တို႔ ျပည္သူလူထုဘက္မွာ ျပတ္ျပတ္သားသား ရပ္တည္တယ္။ အတြင္းေရးမွဴးတေယာက္ပဲ ပါသြားတယ္။ အဲဒီအတြက္ေၾကာင့္ စစ္ေကာင္စီနဲ႔ သြားေပါင္းတဲ့ သံုးဖြဲ႔ကေတာ့ လံုးဝအင္အားလည္း မရိွဘူး။ အဆံုးအျဖတ္ေပးႏုိင္တဲ့ တိုင္းရင္းသားေတာ္လွန္ေရး အဖြဲ႔အစည္းေတြ မဟုတ္ဘူး။ စစ္ေကာင္စီနဲ႔ သြားေဆြးေႏြးၿပီးေတာ့ စစ္ေကာင္စီဘက္ ေပါင္းမလား၊ မေပါင္းဘူးလားဆိုၿပီး ဇေဝဇဝါ ျဖစ္ေနတဲ့လူက ရိွတယ္။ သို႔ေသာ္ အမ်ားစုက ျပည္သူလူထုနဲ႔ ေပါင္းၿပီးေတာ့ က်ေနာ္တုိ႔ ေႏြဦးေတာ္လွန္ေရးဘက္က ျပတ္ျပတ္သားသား ရပ္တည္သြားတယ္။

ေမး ။ ။ အခုစစ္ေကာင္စီဘက္က ေျပာေနတာက UWSA ျပည္နယ္ကိစၥဆုိၿပီးေတာ့ စစ္ေကာင္စီေျပာခြင့္ရက ေျပာသြားတာ ၾကားရပါတယ္။ အဲဒီမွာ သူတို႔က ဖြဲ႔စည္းပံု ၂၀၀၈ ကို ျပင္မယ္။ တိုင္းရင္းသားေတြကို လိုခ်င္တဲ့ အခြင့္အေရး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ပိုေပးဖို႔အတြက္ဆိုေတာ့ အခုတပ္မေတာ္နဲ႔ အဲဒီကိစၥကို သေဘာတူထားတယ္ဆိုရင္ သူတုိ႔လုပ္လာမယ့္ လႊတ္ေတာ္ေခၚလာတဲ့အခါမွာ သူတုိ႔က ေထာက္ခံထားရင္၊ ဘယ္သူမွ ကန္႔ကြက္မွာ မဟုတ္ဘူး။ ကန္႔ကြက္လို႔လဲ အရာတြင္မွာ မဟုတ္ဘူး။ ဆုိေတာ့ တိုင္းရင္းသားေတြကို အခြင့္အေရးေတြ ပိုေပးသြားမယ္ဆိုၿပီးေတာ့ အခိုင္အမာေျပာေနပါတယ္။ ဒီဟာက ဘယ္ေလာက္ တုိင္းရင္းသားေတြဘက္က ႏွစ္ၿခိဳက္သေဘာက်စရာေကာင္းတဲ့ မက္လံုး ျဖစ္ပါသလဲ။ အဲဒီစကားေၾကာင့္မ်ား ပိုပါသြားႏုိင္သလား။ ဥပမာ UWSA ဆိုၾကပါစို႔။

ေျဖ ။ ။ လံုးဝခိုင္မာမႈ မရိွတဲ့ အာမခံခ်က္ ျဖစ္ပါတယ္။ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒဆိုတာ ျပည္သူလူထုတရပ္လံုးက ပယ္ဖ်က္ၿပီသား ျဖစ္ပါတယ္။ ထို႔အတြက္ေၾကာင့္ တရားမဝင္တဲ့ စစ္တပ္ကေနၿပီး ေပးမယ္ဆိုၿပီး လုပ္ထားတဲ့ ျပည္နယ္ဆိုတဲ့ဟာက ဘာနဲ႔တူသလဲဆိုေတာ့ က်ဴးေက်ာ္ရပ္ကြက္မွာ လိုင္စင္မရိွဘဲနဲ႔ အိမ္သြားေဆာက္တာနဲ႔ အတူတူပဲ ျဖစ္တယ္။ ဘာမွေမွ်ာ္လင့္စရာ မရိွဘူး။ က်ေနာ္တို႔ ဖက္ဒရယ္ခ်ာတာမွာ မည္ကဲ့သို႔ေသာ္ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု တည္ေထာင္မလဲဆိုတာကို ရွင္းရွင္းလင္းလင္း ေဖာ္ျပၿပီသား ျဖစ္ပါတယ္။ အဲဒီမွာ လမ္းညႊန္မႈ (၅) ခ်က္ ရိွတယ္။ အေျခခံမူ (၆၄) ခ်က္ ရိွပါတယ္။ ထို႔အတြက္ေၾကာင့္မို႔ ဒီအေျခခံမူေတြ ဒီလမ္းညႊန္ခ်က္ေတြနဲ႔ က်ေနာ္တို႔ ျပည္ေထာင္စုႀကီးကို ျပန္လည္ထူေထာင္တဲ့အခါမွာ ဝလို႔၊ ၿပီးေတာ့ အျခားျပည္နယ္ေတြ၊ အျခားတိုင္းရင္းသားလူမ်ဳိးစုေတြအေနနဲ႔ ပိုၿပီးေတာ့ အနာဂတ္ကို အာမခံေပးႏိုင္တဲ့ ဖက္ဒရယ္ျပည္ေထာင္စု ထူေထာင္ႏုိင္မယ္။ တုိင္းေဒသႀကီး (၇) ခုအတြင္းမွာရိွတဲ့ ေဒသေတြ။ ဥပမာ - စစ္ကိုင္းအတိုင္း အထက္ပိုင္းမ်ဳိး။ ဟိုတုန္းက က်ေနာ္တုိ႔ အဲဒီကိစၥေတြကိုလည္း အႀကီးအက်ယ္ ေဆြးေႏြးခဲ့တယ္။ လြတ္လပ္ေရးရခါစတုန္းက။ ခႏၶီး၊ ဆြမ္ပလြန္နဲ႔ ေတာင္တြင္းဆိုတဲ့ဟာမ်ဳိး။ အဲဒီေဒေသေတြလိုဟာမ်ဳိး။ က်ေနာ္တို႔အေနနဲ႔ ျပည္နယ္သစ္ေတြ ဖြဲ႔စည္းၿပီးေတာ့ အားလံုးရဲ ႔ အနာဂတ္ကို အာမခံခ်က္ေပးႏိုင္တဲ့ ဖက္ဒရယ္စနစ္ကို အခိုင္အမာ ထူေထာင္မွာ ျဖစ္ပါတယ္။ ဒါမွပဲ ျပည္ေထာင္စုႀကီးက ခိုင္မာမွာျဖစ္တယ္။

ေမး ။ ။ NUG နဲ႔ PDF ေတြဘက္က အားနည္းတဲ့ႏွစ္ခုက ဘာလဲဆိုေတာ့ Unity of Strategy, Unity of Command မရိွဘူး။ စုစည္းတဲ့အမိန္႔တခုနဲ႔ စုစည္းႏုိင္တဲ့ ဗ်ဴဟာတခုကို တေပါင္းတစည္းတည္း ခ်မွတ္ႏုိင္ျခင္း မရိွဘူး။ ဒီဟာေတြက စစ္တပ္ဘက္ကမွာ အဲဒါမ်ဳိးေတြ ရိွတယ္။ အဲဒါေၾကာင့္ မယွဥ္သာဘူး ျဖစ္ေနတယ္လို႔ သံုးသပ္သူတခ်ဳိ ႔က international media ေတြ ေရးေနတာကို ဖတ္ရပါတယ္။ အဲဒီကိစၥကို ဘယ္လိုေျပာလိုပါသလဲ။

ေျဖ ။ ။ အဲဒီသံုးသပ္တဲ့လူက နယ္ပယ္အေျခအေနကို မသံုးသပ္ႏိုင္တဲ့လူပဲ ျဖစ္ပါလိမ့္မယ္။ က်ေနာ္တို႔ NUG ရဲ ႔ ကာကြယ္ေရးဝန္ႀကီးဌာနေအာက္မွာ PDF ေတြ ဖြဲ႔စည္းတယ္။ ၿပီးေတာ့ က်ေနာ္တို႔ ျမန္မာႏို္င္ငံတခုလံုးကို စစ္နယ္ေျမေတြ သတ္မွတ္ၿပီးေတာ့ ဘယ္လိုစစ္ဆင္ေရးေတြ ပူးေပါင္းေဆာင္ရြက္မလဲဆိုတာလဲ က်ေနာ္တုိိ႔ စနစ္တက် လုပ္ထားၿပီသား ျဖစ္တယ္။ ဒါ PDF ေတြသာ မဟုတ္ဘူး။ က်ေနာ္တုိ႔ တုိင္းရင္းသားေတာ္လွန္ေရး အဖြဲ႔အစည္းေတြနဲ႔ တသားတည္းျဖစ္ေအာင္ ပူးေပါင္းၿပီးေတာ့ ဒီဟာေတြလုပ္ေနတာ ျဖစ္ပါတယ္။ Command နဲ႔ Control System မွာ တခုတည္းအေနနဲ႔ လႈပ္ရွားေနတယ္ဆုိတာ သူတုိ႔မသိလို႔ပဲ ျဖစ္ပါတယ္။ ဘယ္လိုလုပ္သလဲဆိုတာကို မီဒီယာအေပၚမွာ မေျပာခ်င္ဘူး။ ဒါကေတာ့ က်ေနာ္တုိ႔မွာ အားနည္းခ်က္တခုေတာ့ ရိွပါေသးတယ္။ စိန္ေခၚမႈ ရိွပါေသးတယ္။ အဲဒီစိန္ေခၚမႈဟာ က်ေနာ္တုိ႔ ေတာ္လွန္ေရး အင္အားစုေတြအတြက္ လိုအပ္ေနေသာ လက္နက္ပစၥည္းေတြကို အစံုအလင္ မတပ္ေပးႏိုင္ေသးဘူး။ ၿပီးေတာ့ ႏုိင္ငံတကာကလည္း ဒီလို က်ေနာ္တို႔ လိုခ်င္တဲ့ လက္နက္ေတြကို ဝယ္ယူဖုိ႔ အခြင့္အလမ္း အျပည့္အဝ မရေသးဘူး။ ဒါေပမဲ့ က်ေနာ္တုိ႔ ႀကိဳးစားေနတယ္။ သို႔ေသာ္ တခုေတာ့ ရိွတာေပါ့။ စစ္တပ္ဆုိတာ ႏွစ္ေပါင္း (၇၀) ႏုိင္ငံေတာ္ရဲ ႔ ယႏၱယားကို အသံုးခ်ၿပီးေတာ့ ထူေထာင္ထားတဲ့ စစ္တပ္ျဖစ္တယ္။ ဒါကေတာ့ အခိုင္အမာ ရိွၿပီသား ျဖစ္တယ္။ က်ေနာ္တုိ႔က တႏွစ္အတြင္းမွာ ႀကိဳးပမ္းၿပီေတာ့ ေဆာင္ရြက္ေနတာ ျဖစ္တယ္။

ေမး ။ ။ တခ်ဳိ ႔ကလဲ သံုးသပ္ၾကတယ္။ တိုင္းရင္းသားအဖြဲ႔ေတြနဲ႔ NUG, PDF ေတြ လုပ္ေနတဲ့ လက္နက္ကိုင္ေတာ္လွန္ေရး လႈပ္ရွားမႈေတြေၾကာင့္ စစ္ေကာင္စီဟာ တိုင္းျပည္ကို ဆက္လက္ၿပီးေတာ့ အုပ္ခ်ဳပ္ဖို႔ကေတာ့ အခက္အခဲႀကံဳမွာ ေသခ်ာတယ္။ သို႔ေသာ္လဲပဲ ဒီဘက္က အင္အားစုေတြ ေအာင္ပြဲရသြားတယ္ဆိုရင္လဲပဲ တစည္းတရံုးတည္း၊ တညီတညြတ္တည္းျဖစ္ေအာင္ စုစည္းႏုိင္ဖို႔က ေတာ္ေတာ္ေလး ခက္ခဲလိမ့္မယ္။ တလူတမင္းမ်ား ျဖစ္ေနမလား။ ေနရာတကာမွာ လက္နက္ကိုင္အဖြဲ႔ေတြ ျပန္႔ႀကဲေနၾကတယ္ဆိုၿပီးေတာ့ သံုးသပ္ၾကပါတယ္။ အဲဒီကိစၥကို ဘယ္လိုတြက္ထားပါသလဲ။ ဘယ္လို ေျဖရွင္းကိုင္တြယ္သြားႏုိင္မလဲ ထင္ပါသလဲ။

ေျဖ ။ ။ က်ေနာ္တို႔ ရင္ဆိုင္ေနရတဲ့အဖြဲ႔က အင္မတန္မွ ႀကီးမားပါတယ္။ ဒီရန္သူကို က်ေနာ္တို႔ အႏိုင္တိုက္ၿပီလို႔ရိွရင္ ျဖစ္ေပၚလာမယ့္ ျပႆနာေတြက သာမညျပႆနာေတြ ျဖစ္ပါ့လိမ့္မယ္။ အခက္အခဲေတြရိွမွာ ေသခ်ာတယ္။ လြတ္လပ္ေရးကာလတုန္းကလည္း က်ေနာ္တို႔ လြတ္လပ္ေရးရၿပီလို႔ရိွရင္ အခ်င္းခ်င္းတိုက္ၿပီေတာ့ ခိုက္ၿပီေတာ့ တိုင္းျပည္ပ်က္စီးမယ္ဆုိၿပီး ေျပာခဲ့တာရိွတယ္။။ သို႔ေသာ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတုိ႔က သတိၱရိွရိွနဲ႔ တိုက္ပြဲဝင္တယ္။ လြတ္လပ္ေရးရတယ္။ ျပႆနာေတြ အခုထိရိွတယ္။ သို႔ေသာ္ သူမ်ားရဲ ႔ ကိုလိုနီလက္ေအာက္မွာ ရိွတာထက္စာရင္ လြတ္လပ္ေရးရတာကေတာ့ အတိုင္းအတာတခုအထိ က်ေနာ္တို႔ လြတ္လပ္မႈ ရိွပါတယ္။ အခုလဲ ဒီအတိုင္းပဲ စစ္အာဏာရွင္စနစ္လို ဆိုးဝါးတဲ့၊ ယုတ္မာတဲ့၊ ၾကမ္းၾကဳတ္တဲ့ အစိုးရဆိုတာ ထပ္မေပၚႏိုင္ေတာ့ပါဘူး။ အဓိကျပႆနာကိုေတာင္မွ ေျဖရွင္းႏိုင္ရင္ သာမညျပႆနာဆုိတာ မေျဖရွင္းႏုိင္စရာ လံုးဝအေၾကာင္းမရိွဘူး။

ေမး ။ ။ သီအိုရီအားျဖင့္ေတာ့ ဟုတ္ပါတယ္။ ဒါေပမဲ့ က်ေနာ္ စဥ္းစားတာက လက္ေတြ႔ တခ်ဳိ ႔လက္နက္ကိုင္အင္အားစုေတြကလဲ ႏိုင္ငံေရးါအေျခခံထက္ သူတုိ႔ထဲမွာ war economy စစ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ စီးပြားေရး ဘာညာေတြရိွေန အဲဒါေတြကိုထည့္စဥ္းစားတာလဲ တူပါတယ္ သံုးသပ္တဲ့လူေတြက။ ဒီဟာေတြကိုလဲ မစြန္႔လႊတ္ႏိုင္လို႔ အဲဒီလို သူတလူငါတမင္း အကြဲကြဲအျပားျပား ျဖစ္ေနအံုးမလား စိုးရိမ္ၿပီး ေတြးၾကတာ ျဖစ္ပါတယ္။ အဲဒီကိစၥကို ထည့္ေတြးပါသလား။ ဘယ္လိုေျဖရွင္းမလဲဆိုတာ။

ေျဖ ။ ။ က်ေနာ္တို႔ တုိင္းရင္းသားအဖြဲ႔အစည္းေတြမွာလဲ တခ်ဳိ ႔ေတြက ဒီလို war economy ေခၚေခၚ သူတုိ႔အက်ဳိးစီးပြားအတြက္ စတင္ၿပီးေတာ့ ေတာ္လွန္ေရး စလုပ္ခဲ့တဲ့ အဖြဲ႔အစည္းေတြ ရိွသလို၊ အမ်ဳိးသားေရးအတြက္ ေတာ္လွန္ေရးလုပ္ခဲ့တဲ့ တကယ့္လူမ်ဳိးနဲ႔ တိုင္းျပည္အတြင္း ေတာ္လွန္ေရးလုပ္ခဲ့တဲ့ အဖြဲ႔အစည္းေတြက ပိုမ်ားသြားတယ္။ အဲဒီအတြက္ေၾကာင့္ တရားမဝင္တဲ့ war economy က အၿမဲတမ္းမစိုးမိုးႏုို္င္ပါဘူး။ ဆိုေတာ့ အဓိက အေရးႀကီးတာကေတာ့ က်ေနာ္တုိ႔အေနနဲ႔ ေတာ္လွန္ေရးၿပီးလို႔ရိွရင္ အသြင္ကူးေျပာင္းေရးကာလမွာ က်ေနာ္တို႔ တိုင္းျပည္ကို ဘယ္လိုထူေထာင္ၾကမလဲ။ အဲဒါကို စီမံကိန္းစနစ္တက်ခ်ဖို႔ လိုတယ္။ အဲဒီ war economy ထက္ ပိုၿပီးေတာ့ အားေကာင္းတဲ့ စီးပြားေရးတည္ေဆာက္ဖို႔ကို ထူေထာင္ႏုိင္မယ္ဆိုရင္ ဒါေတြက က်ေနာ္တို႔ကို မယွဥ္ႏုိင္ဘူး ျဖစ္လိမ့္မယ္။ အဲဒီအတြက္ေၾကာင့္မို႔ က်ေနာ္တို႔ မေသမရွင္ဘဲနဲ႔ အခုလို ေျမျပင္မွာ ျဖစ္ခ်င္တိုင္းျဖစ္ဆိုတဲ့ဟာနဲ႔ က်ေနာ္တို႔သြားမယ္ဆိုရင္ေတာ့ ဆရာ စိုးရိမ္ေနတဲ့ ပညာရွင္ေတြ စိုးရိမ္တာမ်ဳိး ျဖစ္ေကာင္းျဖစ္မယ္။ ဒါေပမဲ့ ဒီလိုဟာမ်ဳိး မျဖစ္ေအာင္ က်ေနာ္တို႔အေနနဲ႔ war economy လိုဟာမ်ဳိး ပရမ္းပတာ စီးပြားေရးလို မေပၚေပါက္ႏိုင္ေအာင္ က်ေနာ္တို႔အေနနဲ႔ ျပန္လည္ထူေထာင္ေရးကို ဘယ္လိုလုပ္မလဲ။ ႏုိင္ငံတကာအကူအညီကို ဘယ္လိုလုပ္မလဲ။ ျပည္သူလူထုရဲ ႔ စားဝတ္ေနေရး ျဖည့္ဆည္းမႈကို ဘယ္လိုလုပ္မလဲ။ စစ္ေကာင္စီရဲ ႔ ေသာင္းက်န္းမႈေတာင္ ပ်က္စီးေနတဲ့ အိုးအိမ္ေတြ ျပန္လည္တည္ေဆာက္ေရးေတြကို လုပ္ငန္းေတြကို က်ေနာ္တို႔ ျပန္လုပ္မယ္။ က်ေနာ္တို႔ ေလ့လာမႈေတြ အမ်ားႀကီးလုပ္ပါတယ္။ က်ေနာ္ကိုယ္တုိင္ ေဘာစနီယား စစ္ပြဲအၿပီးမွာ ေဘာ့စနီယားကို သြားၿပီးေတာ့ ေလ့လာမႈေတြ အႀကိမ္ႀကိမ္လုပ္တယ္။ အခု ေဘာ့စနီယားမွာ ဘာေတြျဖစ္ေနသလဲ။ စစ္ပြဲကာလတုန္းက ပ်က္စီးမႈက စစ္ေကာင္စီ ဖ်က္ဆီးမႈနဲ႔ ပိုမ်ားတယ္။ ဒါေပမဲ့ ဆယ္ႏွစ္အတြင္းမွာ အားလံုးျပန္လည္ထူေထာင္ႏိုင္တယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ျပင္ဆင္မႈ အားေကာင္းေကာင္းနဲ႔ စနစ္တက်လုပ္ႏိုင္တဲ့အခါၾကေတာ့ အခု ေဘာ့စနီယားလိုေနရာမွာ war economy မရိွပါဘူး။ အဲဒီအတြက္ေၾကာင့္ ဒီဟာမ်ဳိးကို တုိင္းျပည္ေပါင္းမ်ားစြာကို ေလ့လာၿပီးေတာ့ ဒီလိုမ်ဳိးမျဖစ္ေအာင္ အခုကတည္းက ျပင္ဆင္ေနပါတယ္။

=== Unicode ====

လက်ရှိဖြစ်ပါွးနေတဲ့ စစ်ကောင်စီနဲ့ NUG တို့ရဲ့အားပြိုင်မှုမှာ တိုင်းရင်းသားတွေရဲ့ ရပ်တည်မှုဟာ လွန်စွာအရေးပါတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ စစ်ကောင်စီကတော့ တိုင်းရင်းသားပြည်နယ်တွေကို အခွင့်အာဏာ ပိုပေးဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံကို လိုအပ်သလို ပြုပြင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ တိုင်းရင်းသားတွေဘက်က အလားအလာ ဘယ်လိုရှိပါသလဲ။ ဖက်ဒရယ်အရေး တက်ကြွသူ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာလျံမှုန်းဇာခေါင်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီနေ့ဆက်သွယ်ရတဲ့အကြောင်းကတော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ ဒီမိုကရေစီအင်အားစုတွေ အင်အားပြိုင်ဆိုင်မှုမှာ တိုင်းရင်းသားတွေရဲ့ ရပ်တည်ချက်က ဘယ်ဘက်နဲ့ ပိုနီးစပ်နေသလဲဆိုတာကို အဓိကမေးချင်တာပါ။ နောက် NUG နဲ့ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုဟာ ဘယ်အတိုင်းအတာအထိ ခိုင်မြဲနေသလဲဆိုတာကို ပထမဦးဆုံး ရှင်းပြပါ။

ဖြေ ။ ။ စစ်ကောင်စီက အာဏာသိမ်းပြီးပြီခြင်း တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေဖြစ်တဲ့ NCA စာချုပ်ချုပ်ဆိုထားတဲ့ အဖွဲ့ (၁၂) ဖွဲ့က ဒါကို ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်။ ဒီအာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေးနွေးပွဲတွေ လုံးဝမလုပ်တော့ဘူးဆိုပြီး ကျနော်တို့ Statement တွေ နှစ်ခါထုတ်ပြီးတော့ ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တယ်။ သို့သော် အဲဒီကာလမှာ PPST ရဲ့ အကြံပေးပုဂ္ဂိုလ်တဦးက PPST ကို အကြံပေးစာတခု ရေးလာပါတယ်။ အဲဒီအကြံပေးစာက ဘာလဲဆိုတော့ အခုအာဏာသိမ်းနေတာ၊ မင်းအောင်လှိုင်နဲ့ အောင်ဆန်းစုကြည်တို့ရဲ့ ပြဿနာ ဖြစ်တယ်။ NLD နဲ့ စစ်တပ်အတွင်းက ပြဿနာ ဖြစ်တယ်။ ဗမာ-ဗမာအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာ ဖြစ်တဲ့အတွက် ကျနော်တို့ တိုင်းရင်းသားတွေ မပါသင့်ဘူးဆိုပြီး အကြံပေးစာ ရေးပါတယ်။ အဲဒီအကြံပေးစာက ကျနော်တို့ PPST အတွင်းမှာ နှစ်ခြမ်းကွဲသွားစေပါတယ်။

ကျနော်တို့ကတော့ ဘယ်လိုသုံးသပ်သလဲဆိုတော့ ဒီတော်လှန်ရေးကြီးဟာ စစ်အာဏာရှင်စနစ်နဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးအားလုံး၊ ပြည်သူလူထုအားလုံးကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာ ဖြစ်တယ်။ ထို့အတွက်ကြောင့်လို့ ကျနော်တို့ကတော့ ပြတ်ပြတ်သားသားပဲ ပြည်သူလူထုဘက်ကနေ ရပ်တည်ပြီးတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရမယ်ဆိုပြီးတော့ ကျနော်တို့ ချင်းအမျိုးသားတပ်ဦးကတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့တယ်။ ထို့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ အခုလို NUG, NUCC တို့နဲ့ လက်တွဲပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခုအချိန်မှာဆိုလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားတွေဘက် ဒီလိုပြတ်ပြတ်သားသား ပြည်သူလူထုဘက်က ရပ်တည်နေတဲ့လူနဲ့ ဇဝေဇဝါ ဖြစ်နေပြီးတော့ မင်းအောင်လှိုင်နဲ့ သွားစကားပြောတဲ့ လူဆိုပြီးတော့ ကံမကောင်း အကြံမလှဘဲနဲ့ ဖြစ်သွားတာပေါ့။ သို့သော် ကျနော်တို့အားလုံးကတော့ တိုင်းရင်းသားအားလုံး ပြည်သူဘက်က ရပ်တည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး ။ ။ ဒီတိုက်ပွဲဟာ တိုင်းရင်းသားတွေ အများစုပါဝင်တဲ့ဘက်က အလေးသာသွားကြမယ်လို့ သုံးသပ်နေကြပါတယ်ဆိုတော့ အခု NUG ဘက်က ပူးပေါင်းနေတဲ့ တိုင်းရင်းသားတွေရဲ့ အင်အားစုဟာ စစ်ကောင်စီဘက်ကိုပါသွားတဲ့ စစ်ကောင်စီနဲ့ ညှိနှိုှုင်းနေတဲ့ အင်အားစုနဲ့ ပိုများတယ်လို့ ဆိုနိုင်ပါသလား။ ပိုပြီးတော့ အလေးသာနေပါသလား။

ဖြေ ။ ။ လူထုဘက်မှာ ပါဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုက အများစု ဖြစ်ပါတယ်။ ပြီးတော့ အင်အားလည်း ပိုကြီးမားပါတယ်။ အခုစစ်ကောင်စီနဲ့ သွားဆွေးနွေးပြီးတော့ လက်မှတ်ထိုးတဲ့အဖွဲ့က သုံးဖွဲ့ပဲ ရှိပါတယ်။ ALP, PNLO နဲ့ လားဟူးဒီမိုကရက်တစ်ယူနီယံ - အဲဒီအထဲမှာလဲ လားဟူးဒီမိုကရက်တစ်ယူနီယံလည်း နှစ်ခြမ်းကွဲသွားတယ်။ ဥက္ကဋ္ဌနဲ့အဖွဲ့က ကျနော်တို့ ပြည်သူလူထုဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်တယ်။ အတွင်းရေးမှူးတယောက်ပဲ ပါသွားတယ်။ အဲဒီအတွက်ကြောင့် စစ်ကောင်စီနဲ့ သွားပေါင်းတဲ့ သုံးဖွဲ့ကတော့ လုံးဝအင်အားလည်း မရှိဘူး။ အဆုံးအဖြတ်ပေးနိုင်တဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ မဟုတ်ဘူး။ စစ်ကောင်စီနဲ့ သွားဆွေးနွေးပြီးတော့ စစ်ကောင်စီဘက် ပေါင်းမလား၊ မပေါင်းဘူးလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့လူက ရှိတယ်။ သို့သော် အများစုက ပြည်သူလူထုနဲ့ ပေါင်းပြီးတော့ ကျနော်တို့ နွေဦးတော်လှန်ရေးဘက်က ပြတ်ပြတ်သားသား ရပ်တည်သွားတယ်။

မေး ။ ။ အခုစစ်ကောင်စီဘက်က ပြောနေတာက UWSA ပြည်နယ်ကိစ္စဆိုပြီးတော့ စစ်ကောင်စီပြောခွင့်ရက ပြောသွားတာ ကြားရပါတယ်။ အဲဒီမှာ သူတို့က ဖွဲ့စည်းပုံ ၂၀၀၈ ကို ပြင်မယ်။ တိုင်းရင်းသားတွေကို လိုချင်တဲ့ အခွင့်အရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုပေးဖို့အတွက်ဆိုတော့ အခုတပ်မတော်နဲ့ အဲဒီကိစ္စကို သဘောတူထားတယ်ဆိုရင် သူတို့လုပ်လာမယ့် လွှတ်တော်ခေါ်လာတဲ့အခါမှာ သူတို့က ထောက်ခံထားရင်၊ ဘယ်သူမှ ကန့်ကွက်မှာ မဟုတ်ဘူး။ ကန့်ကွက်လို့လဲ အရာတွင်မှာ မဟုတ်ဘူး။ ဆိုတော့ တိုင်းရင်းသားတွေကို အခွင့်အရေးတွေ ပိုပေးသွားမယ်ဆိုပြီးတော့ အခိုင်အမာပြောနေပါတယ်။ ဒီဟာက ဘယ်လောက် တိုင်းရင်းသားတွေဘက်က နှစ်ခြိုက်သဘောကျစရာကောင်းတဲ့ မက်လုံး ဖြစ်ပါသလဲ။ အဲဒီစကားကြောင့်များ ပိုပါသွားနိုင်သလား။ ဥပမာ UWSA ဆိုကြပါစို့။

ဖြေ ။ ။ လုံးဝခိုင်မာမှု မရှိတဲ့ အာမခံချက် ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်သူလူထုတရပ်လုံးက ပယ်ဖျက်ပြီသား ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် တရားမဝင်တဲ့ စစ်တပ်ကနေပြီး ပေးမယ်ဆိုပြီး လုပ်ထားတဲ့ ပြည်နယ်ဆိုတဲ့ဟာက ဘာနဲ့တူသလဲဆိုတော့ ကျူးကျော်ရပ်ကွက်မှာ လိုင်စင်မရှိဘဲနဲ့ အိမ်သွားဆောက်တာနဲ့ အတူတူပဲ ဖြစ်တယ်။ ဘာမှမျှော်လင့်စရာ မရှိဘူး။ ကျနော်တို့ ဖက်ဒရယ်ချာတာမှာ မည်ကဲ့သို့သော် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီသား ဖြစ်ပါတယ်။ အဲဒီမှာ လမ်းညွှန်မှု (၅) ချက် ရှိတယ်။ အခြေခံမူ (၆၄) ချက် ရှိပါတယ်။ ထို့အတွက်ကြောင့်မို့ ဒီအခြေခံမူတွေ ဒီလမ်းညွှန်ချက်တွေနဲ့ ကျနော်တို့ ပြည်ထောင်စုကြီးကို ပြန်လည်ထူထောင်တဲ့အခါမှာ ဝလို့၊ ပြီးတော့ အခြားပြည်နယ်တွေ၊ အခြားတိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ ပိုပြီးတော့ အနာဂတ်ကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်မယ်။ တိုင်းဒေသကြီး (၇) ခုအတွင်းမှာရှိတဲ့ ဒေသတွေ။ ဥပမာ - စစ်ကိုင်းအတိုင်း အထက်ပိုင်းမျိုး။ ဟိုတုန်းက ကျနော်တို့ အဲဒီကိစ္စတွေကိုလည်း အကြီးအကျယ် ဆွေးနွေးခဲ့တယ်။ လွတ်လပ်ရေးရခါစတုန်းက။ ခန္ဓီး၊ ဆွမ်ပလွန်နဲ့ တောင်တွင်းဆိုတဲ့ဟာမျိုး။ အဲဒီဒေသေတွေလိုဟာမျိုး။ ကျနော်တို့အနေနဲ့ ပြည်နယ်သစ်တွေ ဖွဲ့စည်းပြီးတော့ အားလုံးရဲ့ အနာဂတ်ကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်စနစ်ကို အခိုင်အမာ ထူထောင်မှာ ဖြစ်ပါတယ်။ ဒါမှပဲ ပြည်ထောင်စုကြီးက ခိုင်မာမှာဖြစ်တယ်။

မေး ။ ။ NUG နဲ့ PDF တွေဘက်က အားနည်းတဲ့နှစ်ခုက ဘာလဲဆိုတော့ Unity of Strategy, Unity of Command မရှိဘူး။ စုစည်းတဲ့အမိန့်တခုနဲ့ စုစည်းနိုင်တဲ့ ဗျူဟာတခုကို တပေါင်းတစည်းတည်း ချမှတ်နိုင်ခြင်း မရှိဘူး။ ဒီဟာတွေက စစ်တပ်ဘက်ကမှာ အဲဒါမျိုးတွေ ရှိတယ်။ အဲဒါကြောင့် မယှဉ်သာဘူး ဖြစ်နေတယ်လို့ သုံးသပ်သူတချို့က international media တွေ ရေးနေတာကို ဖတ်ရပါတယ်။ အဲဒီကိစ္စကို ဘယ်လိုပြောလိုပါသလဲ။

ဖြေ ။ ။ အဲဒီသုံးသပ်တဲ့လူက နယ်ပယ်အခြေအနေကို မသုံးသပ်နိုင်တဲ့လူပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ PDF တွေ ဖွဲ့စည်းတယ်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံတခုလုံးကို စစ်နယ်မြေတွေ သတ်မှတ်ပြီးတော့ ဘယ်လိုစစ်ဆင်ရေးတွေ ပူးပေါင်းဆောင်ရွက်မလဲဆိုတာလဲ ကျနော်တို့ စနစ်တကျ လုပ်ထားပြီသား ဖြစ်တယ်။ ဒါ PDF တွေသာ မဟုတ်ဘူး။ ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တသားတည်းဖြစ်အောင် ပူးပေါင်းပြီးတော့ ဒီဟာတွေလုပ်နေတာ ဖြစ်ပါတယ်။ Command နဲ့ Control System မှာ တခုတည်းအနေနဲ့ လှုပ်ရှားနေတယ်ဆိုတာ သူတို့မသိလို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုလုပ်သလဲဆိုတာကို မီဒီယာအပေါ်မှာ မပြောချင်ဘူး။ ဒါကတော့ ကျနော်တို့မှာ အားနည်းချက်တခုတော့ ရှိပါသေးတယ်။ စိန်ခေါ်မှု ရှိပါသေးတယ်။ အဲဒီစိန်ခေါ်မှုဟာ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် လိုအပ်နေသော လက်နက်ပစ္စည်းတွေကို အစုံအလင် မတပ်ပေးနိုင်သေးဘူး။ ပြီးတော့ နိုင်ငံတကာကလည်း ဒီလို ကျနော်တို့ လိုချင်တဲ့ လက်နက်တွေကို ဝယ်ယူဖို့ အခွင့်အလမ်း အပြည့်အဝ မရသေးဘူး။ ဒါပေမဲ့ ကျနော်တို့ ကြိုးစားနေတယ်။ သို့သော် တခုတော့ ရှိတာပေါ့။ စစ်တပ်ဆိုတာ နှစ်ပေါင်း (၇၀) နိုင်ငံတော်ရဲ့ ယန္တယားကို အသုံးချပြီးတော့ ထူထောင်ထားတဲ့ စစ်တပ်ဖြစ်တယ်။ ဒါကတော့ အခိုင်အမာ ရှိပြီသား ဖြစ်တယ်။ ကျနော်တို့က တနှစ်အတွင်းမှာ ကြိုးပမ်းပြီတော့ ဆောင်ရွက်နေတာ ဖြစ်တယ်။

မေး ။ ။ တချို့ကလဲ သုံးသပ်ကြတယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ NUG, PDF တွေ လုပ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုတွေကြောင့် စစ်ကောင်စီဟာ တိုင်းပြည်ကို ဆက်လက်ပြီးတော့ အုပ်ချုပ်ဖို့ကတော့ အခက်အခဲကြုံမှာ သေချာတယ်။ သို့သော်လဲပဲ ဒီဘက်က အင်အားစုတွေ အောင်ပွဲရသွားတယ်ဆိုရင်လဲပဲ တစည်းတရုံးတည်း၊ တညီတညွတ်တည်းဖြစ်အောင် စုစည်းနိုင်ဖို့က တော်တော်လေး ခက်ခဲလိမ့်မယ်။ တလူတမင်းများ ဖြစ်နေမလား။ နေရာတကာမှာ လက်နက်ကိုင်အဖွဲ့တွေ ပြန့်ကြဲနေကြတယ်ဆိုပြီးတော့ သုံးသပ်ကြပါတယ်။ အဲဒီကိစ္စကို ဘယ်လိုတွက်ထားပါသလဲ။ ဘယ်လို ဖြေရှင်းကိုင်တွယ်သွားနိုင်မလဲ ထင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ရင်ဆိုင်နေရတဲ့အဖွဲ့က အင်မတန်မှ ကြီးမားပါတယ်။ ဒီရန်သူကို ကျနော်တို့ အနိုင်တိုက်ပြီလို့ရှိရင် ဖြစ်ပေါ်လာမယ့် ပြဿနာတွေက သာမညပြဿနာတွေ ဖြစ်ပါ့လိမ့်မယ်။ အခက်အခဲတွေရှိမှာ သေချာတယ်။ လွတ်လပ်ရေးကာလတုန်းကလည်း ကျနော်တို့ လွတ်လပ်ရေးရပြီလို့ရှိရင် အချင်းချင်းတိုက်ပြီတော့ ခိုက်ပြီတော့ တိုင်းပြည်ပျက်စီးမယ်ဆိုပြီး ပြောခဲ့တာရှိတယ်။။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းတို့က သတ္တိရှိရှိနဲ့ တိုက်ပွဲဝင်တယ်။ လွတ်လပ်ရေးရတယ်။ ပြဿနာတွေ အခုထိရှိတယ်။ သို့သော် သူများရဲ့ ကိုလိုနီလက်အောက်မှာ ရှိတာထက်စာရင် လွတ်လပ်ရေးရတာကတော့ အတိုင်းအတာတခုအထိ ကျနော်တို့ လွတ်လပ်မှု ရှိပါတယ်။ အခုလဲ ဒီအတိုင်းပဲ စစ်အာဏာရှင်စနစ်လို ဆိုးဝါးတဲ့၊ ယုတ်မာတဲ့၊ ကြမ်းကြုတ်တဲ့ အစိုးရဆိုတာ ထပ်မပေါ်နိုင်တော့ပါဘူး။ အဓိကပြဿနာကိုတောင်မှ ဖြေရှင်းနိုင်ရင် သာမညပြဿနာဆိုတာ မဖြေရှင်းနိုင်စရာ လုံးဝအကြောင်းမရှိဘူး။

မေး ။ ။ သီအိုရီအားဖြင့်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျနော် စဉ်းစားတာက လက်တွေ့ တချို့လက်နက်ကိုင်အင်အားစုတွေကလဲ နိုင်ငံရေးါအခြေခံထက် သူတို့ထဲမှာ war economy စစ်ရေးနဲ့ ပတ်သက်ပြီးတော့ စီးပွားရေး ဘာညာတွေရှိနေ အဲဒါတွေကိုထည့်စဉ်းစားတာလဲ တူပါတယ် သုံးသပ်တဲ့လူတွေက။ ဒီဟာတွေကိုလဲ မစွန့်လွှတ်နိုင်လို့ အဲဒီလို သူတလူငါတမင်း အကွဲကွဲအပြားပြား ဖြစ်နေအုံးမလား စိုးရိမ်ပြီး တွေးကြတာ ဖြစ်ပါတယ်။ အဲဒီကိစ္စကို ထည့်တွေးပါသလား။ ဘယ်လိုဖြေရှင်းမလဲဆိုတာ။

ဖြေ ။ ။ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာလဲ တချို့တွေက ဒီလို war economy ခေါ်ခေါ် သူတို့အကျိုးစီးပွားအတွက် စတင်ပြီးတော့ တော်လှန်ရေး စလုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေ ရှိသလို၊ အမျိုးသားရေးအတွက် တော်လှန်ရေးလုပ်ခဲ့တဲ့ တကယ့်လူမျိုးနဲ့ တိုင်းပြည်အတွင်း တော်လှန်ရေးလုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေက ပိုများသွားတယ်။ အဲဒီအတွက်ကြောင့် တရားမဝင်တဲ့ war economy က အမြဲတမ်းမစိုးမိုးနိုင်ပါဘူး။ ဆိုတော့ အဓိက အရေးကြီးတာကတော့ ကျနော်တို့အနေနဲ့ တော်လှန်ရေးပြီးလို့ရှိရင် အသွင်ကူးပြောင်းရေးကာလမှာ ကျနော်တို့ တိုင်းပြည်ကို ဘယ်လိုထူထောင်ကြမလဲ။ အဲဒါကို စီမံကိန်းစနစ်တကျချဖို့ လိုတယ်။ အဲဒီ war economy ထက် ပိုပြီးတော့ အားကောင်းတဲ့ စီးပွားရေးတည်ဆောက်ဖို့ကို ထူထောင်နိုင်မယ်ဆိုရင် ဒါတွေက ကျနော်တို့ကို မယှဉ်နိုင်ဘူး ဖြစ်လိမ့်မယ်။ အဲဒီအတွက်ကြောင့်မို့ ကျနော်တို့ မသေမရှင်ဘဲနဲ့ အခုလို မြေပြင်မှာ ဖြစ်ချင်တိုင်းဖြစ်ဆိုတဲ့ဟာနဲ့ ကျနော်တို့သွားမယ်ဆိုရင်တော့ ဆရာ စိုးရိမ်နေတဲ့ ပညာရှင်တွေ စိုးရိမ်တာမျိုး ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ဒီလိုဟာမျိုး မဖြစ်အောင် ကျနော်တို့အနေနဲ့ war economy လိုဟာမျိုး ပရမ်းပတာ စီးပွားရေးလို မပေါ်ပေါက်နိုင်အောင် ကျနော်တို့အနေနဲ့ ပြန်လည်ထူထောင်ရေးကို ဘယ်လိုလုပ်မလဲ။ နိုင်ငံတကာအကူအညီကို ဘယ်လိုလုပ်မလဲ။ ပြည်သူလူထုရဲ့ စားဝတ်နေရေး ဖြည့်ဆည်းမှုကို ဘယ်လိုလုပ်မလဲ။ စစ်ကောင်စီရဲ့ သောင်းကျန်းမှုတောင် ပျက်စီးနေတဲ့ အိုးအိမ်တွေ ပြန်လည်တည်ဆောက်ရေးတွေကို လုပ်ငန်းတွေကို ကျနော်တို့ ပြန်လုပ်မယ်။ ကျနော်တို့ လေ့လာမှုတွေ အများကြီးလုပ်ပါတယ်။ ကျနော်ကိုယ်တိုင် ဘောစနီယား စစ်ပွဲအပြီးမှာ ဘော့စနီယားကို သွားပြီးတော့ လေ့လာမှုတွေ အကြိမ်ကြိမ်လုပ်တယ်။ အခု ဘော့စနီယားမှာ ဘာတွေဖြစ်နေသလဲ။ စစ်ပွဲကာလတုန်းက ပျက်စီးမှုက စစ်ကောင်စီ ဖျက်ဆီးမှုနဲ့ ပိုများတယ်။ ဒါပေမဲ့ ဆယ်နှစ်အတွင်းမှာ အားလုံးပြန်လည်ထူထောင်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ဆင်မှု အားကောင်းကောင်းနဲ့ စနစ်တကျလုပ်နိုင်တဲ့အခါကြတော့ အခု ဘော့စနီယားလိုနေရာမှာ war economy မရှိပါဘူး။ အဲဒီအတွက်ကြောင့် ဒီဟာမျိုးကို တိုင်းပြည်ပေါင်းများစွာကို လေ့လာပြီးတော့ ဒီလိုမျိုးမဖြစ်အောင် အခုကတည်းက ပြင်ဆင်နေပါတယ်။

XS
SM
MD
LG