သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေထာက္လွမ္းေရး ပူေဖာင္းကိစၥ ကန္ကို တ႐ုတ္ မေတာင္းပန္


အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken (ယာ) နဲ႔ တရုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi 

[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံရဲ႕ ေထာက္လွမ္းေရးမိုးပ်ံပူေဖာင္း အေမရိကန္ေလပိုင္နက္ကို ခ်ိဳးေဖာက္ဝင္ေရာက္ခဲ့တဲ့လုပ္ရပ္အတြက္ တ႐ုတ္ထိပ္တန္းသံတမန္ Wang Yi က ေတာင္းပန္တာမရွိခဲ့ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကေျပာလိုက္ပါတယ္။

ဂ်ာမနီႏိုင္ငံ ျမဴးနစ္ၿမိဳ႕က လုံၿခဳံေရးအစည္းအေဝးအတြင္း သီးသန႔္ေတြ႔ဆုံရာမွာ တ႐ုတ္ႏိုင္ငံရဲ႕ သူလွ်ိဳလုပ္ရပ္ဟာ လက္ခံႏိုင္စရာမရွိေၾကာင္းနဲ႔ ေနာက္ထပ္မလုပ္ဖို႔ သတိေပးခဲ့ေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။ အေမရိကန္ ေဝဟင္မွာ ၈ ရက္ၾကာ ျဖတ္သန္းခဲ့ၿပီးေနာက္ အတၱလန္တိတ္သမုဒၵရာေပၚမွာ ၿပီးခဲ့တဲ့လဆန္းက တ႐ုတ္မိုးပ်ံပူေဖာင္းကို ပစ္ခ်ခဲ့ၿပီးေနာက္ပိုင္း ၂ ႏိုင္ငံ ထိပ္တန္းသံတမန္ေတြ ပထမဆုံးအႀကိမ္အျဖစ္ စေနေန႔က ၁ နာရီေလာက္ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံခဲ့တာ ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံက ေတာင္းပန္တာမရွိခဲ့ေပမဲ့ အေမရိကန္ပိုင္နက္မွာ ေထာက္လွမ္းတဲ့ လုပ္ရပ္ဟာ တိုင္းျပည္အခ်ဳပ္အျခာအာဏာနဲ႔ ႏိုင္ငံတကာဥပေဒကို ခ်ိဳးေဖာက္ရာေရာက္ေၾကာင္း ရွင္းရွင္းလင္းလင္းနဲ႔ တိုက္႐ိုက္ ေျပာခြင့္ရခဲ့ေၾကာင္း ဝန္ႀကီးဘလင္ကန္က အေမရိကန္႐ုပ္သံ NBC ရဲ႕ တနဂၤေႏြေန႔မွာ ထုတ္လႊင့္ခဲ့တဲ့ ေမးျမန္းခန္းမွာ ေျပာဆိုခဲ့တာပါ။

ေထာက္လွမ္းေရး မိုးပ်ံပူေဖာင္းေတြကို မၾကာေသးခင္ႏွစ္ေတြက တျခားႏိုင္ငံေပါင္း ၄၀ ေက်ာ္မွာ ေတြ႔ရွိခဲ့ရေၾကာင္းလည္း ေျပာပါတယ္။ ေက်ာင္းကား ၂ စင္း ၃ စင္းစာေလာက္ အ႐ြယ္အစားရွိၿပီး အေမရိကန္တိုက္ေလယာဥ္ကပစ္ခ်ခဲ့တဲ့ မိုးပ်ံပူေဖာင္းဟာ ရာသီဥတု သုေတသနလုပ္ေနတာျဖစ္ၿပီး ေလတိုက္ရာကေန အေမရိကန္ဘက္ကို လမ္းေၾကာင္းလြဲေရာက္သြားတာျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံက ေျပာဆိုထားတာပါ။

ဒါေပမဲ့လည္း ဝန္ႀကီးဘလင္ကန္အပါအဝင္ အေမရိကန္အစိုးရ တာဝန္ရွိသူေတြကေတာ့ တ႐ုတ္အာဏာပိုင္ေတြရဲ႕ ေျပာဆိုခ်က္ကို လက္မခံၾကပါဘူး။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ထောက်လှမ်းရေး ပူဖောင်းကိစ္စ ကန်ကို တရုတ် မတောင်းပန်

တရုတ်နိုင်ငံရဲ့ ထောက်လှမ်းရေးမိုးပျံပူဖောင်း အမေရိကန်လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့တဲ့လုပ်ရပ်အတွက် တရုတ်ထိပ်တန်းသံတမန် Wang Yi က တောင်းပန်တာမရှိခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောလိုက်ပါတယ်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့က လုံခြုံရေးအစည်းအဝေးအတွင်း သီးသန့်တွေ့ဆုံရာမှာ တရုတ်နိုင်ငံရဲ့ သူလျှိုလုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ နောက်ထပ်မလုပ်ဖို့ သတိပေးခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။ အမေရိကန် ဝေဟင်မှာ ၈ ရက်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အတ္တလန်တိတ်သမုဒ္ဒရာပေါ်မှာ ပြီးခဲ့တဲ့လဆန်းက တရုတ်မိုးပျံပူဖောင်းကို ပစ်ချခဲ့ပြီးနောက်ပိုင်း ၂ နိုင်ငံ ထိပ်တန်းသံတမန်တွေ ပထမဆုံးအကြိမ်အဖြစ် စနေနေ့က ၁ နာရီလောက် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက တောင်းပန်တာမရှိခဲ့ပေမဲ့ အမေရိကန်ပိုင်နက်မှာ ထောက်လှမ်းတဲ့ လုပ်ရပ်ဟာ တိုင်းပြည်အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ရှင်းရှင်းလင်းလင်းနဲ့ တိုက်ရိုက် ပြောခွင့်ရခဲ့ကြောင်း ဝန်ကြီးဘလင်ကန်က အမေရိကန်ရုပ်သံ NBC ရဲ့ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။

ထောက်လှမ်းရေး မိုးပျံပူဖောင်းတွေကို မကြာသေးခင်နှစ်တွေက တခြားနိုင်ငံပေါင်း ၄၀ ကျော်မှာ တွေ့ရှိခဲ့ရကြောင်းလည်း ပြောပါတယ်။ ကျောင်းကား ၂ စင်း ၃ စင်းစာလောက် အရွယ်အစားရှိပြီး အမေရိကန်တိုက်လေယာဉ်ကပစ်ချခဲ့တဲ့ မိုးပျံပူဖောင်းဟာ ရာသီဥတု သုတေသနလုပ်နေတာဖြစ်ပြီး လေတိုက်ရာကနေ အမေရိကန်ဘက်ကို လမ်းကြောင်းလွဲရောက်သွားတာဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း ဝန်ကြီးဘလင်ကန်အပါအဝင် အမေရိကန်အစိုးရ တာဝန်ရှိသူတွေကတော့ တရုတ်အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို လက်မခံကြပါဘူး။

XS
SM
MD
LG