သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ေက်ာက္မီးေသြးလုပ္ငန္း


Smoke rises from chimneys of the Turow power plant located by the Turow lignite coal mine near the town of Bogatynia, Poland.
ျမန္မာနဲ႔ ေက်ာက္မီးေသြးလုပ္ငန္း
please wait

No media source currently available

0:00 0:05:27 0:00
တိုက္႐ိုက္ လင့္ခ္

ကမ္ဘာမှာသုံးနေတဲ့ လျှပ်စစ်ဓါတ်အား (၄၀) ရာခိုင်နှုန်းကို ကျောက်မီးသွေးက ထုတ်ယူပါတယ်။ အများဆုံးထုတ်ယူသူက တရုတ်နိုင်ငံ ဖြစ်ပြီး၊ ကမ္ဘာ့ကျောက်မီးသွေး (၄၆) ရာခိုင်နှုန်းကို ထုတ်ယူပြီး (၅၁) ရာခိုင်နှုန်းကို သုံးစွဲတဲ့အတွက် အမြဲတမ်း ကျောက်မီးသွေး ဝယ်နေပါတယ်။ ၂၀၁၇ က တရုတ်ကျောက်မီးသွေး လုပ်ငန်းမှာ လူပေါင်း (၄၀၀) နီးပါး သေဆုံးပါတယ်။ ကျောက်မီးသွေးအမာစား (၆၂) ဘီလျံတန်နဲ့ အပျော့စား (၅၂) ဘီလျံတန် ရှိတယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ ကျောက်မီးသွေးအမာစားကိုသာ အသုံးများတာ တွေ့ရပါတယ်။ တရုတ်ကွန်မြူနစ် တက်ချိန်ကစပြီး ကျောက်မီးသွေးတွင်းမှာ သေဆုံးသူ နှစ်သိန်းခွဲကျော်နေပါပြီ။

ကျောက်မီးသွေးအသုံးများတဲ့ တရုတ်ပြည်ဟာ Carbon dioxide အများဆုံး ထုတ်လုပ်ရာနေရာ ဖြစ်လာပါတယ်။ ကျောက်မီးသွေးကို အငွေ့အဖြစ် အသွင်ပြောင်းပြီးသုံးတဲ့ လျှပ်စစ်ဓါတ်အားစက်ရုံကို ၂၀၀၉ မှာ ပထမဦးဆုံး အသုံးပြုပါတယ်။ အင်ဒိုနီးရှားနိုင်ငံထွက် အပျော့စားကျောက်မီးသွေးကို အများဆုံးဝယ်ယူသူဟာလည်း တရုတ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်ပြည်ဟာ ကျောက်မီးသွေးအမာစားနဲ့ အပျော့စား သုံးလာတာအတော်ကြာပါပြီ။ အမေရိကန်နဲ့ ဂျာမဏီမှာလည်း အပျော့စားကို လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရာမှာ သုံးပါတယ်။ ဒါပေမဲ့ အတတ်ပညာသုံးပြီး ပတ်ဝန်းကျင်ကို မထိခိုက်အောင် လုပ်နိုင်ကြတာ တွေ့ရပါတယ်။

တီကျစ်ကျောက်မီးသွေးတွင်းကို နဝတ အစိုးရတက်လာပြီး မကြာမီ ၁၉၈၉ မှာ တွေ့ရှိပါတယ်။ ကျောက်မီးသွေးအပျော့စား တန်ချိန်သန်း (၂၀) ကျော် ရှိမယ်လို့ ခန့်မှန်းပြီး မလှမ်းမကမ်းမှာ ဓါတ်အားပေးစက်ရုံ တည်ဆောက်ဖို့ စီစဉ်ပါတယ်။ တရုတ်အမျိုးသားအကြီးစား စက်မှုကော်ပိုရေးရှင်း (CHMC) နဲ့ ခရိုနီအကြီးစား ဦးချစ်ခိုင် တည်ထောင်ထားတဲ့ အီဒင်ကုမ္ပဏီအုပ်စုက အကောင်အထည်ဖော်ပါတယ်။ ၂၀၀၂ မှာ စတင်တည်ဆောက်ပြီး သုံးနှစ်အကြာ ၂၀၀၅ မှာ ပြီးစီးပါတယ်။ မဂ္ဂါဝပ် (၁၂၀) ထုတ်လုပ်တဲ့ မြန်မာပြည်ရဲ့ ပထမဦးဆုံးဖြစ်သော ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားစက်ရုံ ဖြစ်လာပါတယ်။ ဒါပေမဲ့ ကျောက်မီးသွေးစက်ရုံကထွက်တဲ့ မီးခိုး၊ အမှုန့်၊ ပြာတို့ဟာ လေရေထုကို ညစ်ညမ်းစေတာမို့ လူထုကျန်းမာရေးကို အန္တရာယ်ပေးပါတယ်။

အပျော့စားဖြစ်တဲ့အတွက် ကျောက်မီးသွေးပုံ အလိုလိုမီးလောင်လို့ ထွက်လာတဲ့ အနံ့ဆိုးဟာ အတော်ဒုက္ခပေးပါတယ်။ စက်ရုံတဝိုက်မှာ အရေပြားရောဂါကို ခံစားရသူတွေ များလာပါတယ်။
တီကျစ်ရဲ့ လေရေ ညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စံသတ်မှတ်ချက်ကို အများကြီးကျော်လွန်နေပါတယ်။ ကျောက်မီးသွေးဓါတ်အားစက်ရုံကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြလာကြပါတယ်။ ဒီကြားထဲ နည်းပညာအားနည်းမှုနဲ့ စက်ကရိယာပျက်စီးမှုကြောင့် စက်ရုံစတင်လည်ပတ်ပြီး (၉) နှစ်အကြာ ၂၀၁၄ မှာ ပြန်လည်မွမ်းမံဖို့အတွက် ရပ်တန့်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင် ဆန်းစစ်ချက် အစီရင်ခံစာ မပြီးခင် ၂၀၁၆ မှာ ပြန်လည်ဖွင့်လှစ်ပြီး တရုတ်ကုမ္ပဏီတခုက ကြီးကြပ်ထုတ်လုပ်နေပါတယ်။ သန့်ရှင်းရေးအစီအစဉ်ကို မသိရလို့ ဒေသခံနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက အခုအထိ ကန့်ကွက်နေဆဲ ဖြစ်ပါတယ်။

တီကျစ်လို့ အပျော့စားကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်မယ်ဆိုရင် ထွက်ပေါ်လာမယ့် ကောင်းကျိုးဆိုးပြစ်တွေကို ကျွမ်းကျင်သူတွေက အရင်ဆုံးလေ့လာဖို့ လိုအပ်ပါတယ်။ ဥပမာ ကျောက်မီးသွေးကထွက်လာမယ့် အဆိပ်အတောက်တွေ နည်းနိုင်သမျှနည်းအောင်လုပ်တဲ့ အတတ်ပညာကို သုံးတတ်ဖို့လိုပါတယ်။ အဆိပ်သင့်တဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုကာကွယ်မယ်ဆိုတာကို မပြောနိုင်ဘဲ တီကျစ်စက်ရုံကို ပြန်ပြီးလည်ပတ်ခွင့်ပေးတာကို ဒေသခံတွေ လက်မခံနိုင်ကြပါဘူး။ ညစ်ညမ်းတဲ့လေကို ရှုရှိုက်မိတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးပြဿနာတွေက အများကြီးရှိပါတယ်။ အဆုတ်ရောဂါ၊ ပန်းနာရင်ကျပ်၊ ချောင်းဆိုး၊ သွေးတိုး၊ လေဖြတ်၊ နှလုံးရောဂါ၊ သန္ဓေသား ပုံမှန်ကြီးထွားရေး ပြဿနာ စတာတွေကို ကျောက်မီးသွေးက ဖန်တီးပေးနိုင်ပါတယ်။

ကျောက်မီးသွေးလုပ်ငန်းကြောင့် သေဆုံးသူဦးရေဟာ တရုတ်ပြည်မှာ အများဆုံး ဖြစ်ပါတယ်။ အမေရိကန်ထက် အဆပေါင်း (၁၃၀) ပိုများပြီး၊ Australia ထက် အဆပေါင်း (၂၅၀) ပိုများပါတယ်။ တရုတ်နောက်က ဒုတိယနေရာကို အိန္ဒိယက ယူထားပါတယ်။ အခုလည်း တရုတ်ပြည်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ အများအပြား တည်ဆောက်နေပါတယ်။ စုစုပေါင်း မဂ္ဂါဝပ် တသိန်းခွဲလောက် စွမ်းအင်တိုးလာဖို့ ရည်မှန်းပေမယ့် ညစ်ညမ်းအန္တရာယ်ကိုတော့ မခန့်မှန်းနိုင်သေးပါဘူး။

မြန်မာပြည်မှာ Lignite အပျော့စား ကျောက်မီးသွေးမျိုးကိုသုံးပြီး သန့်ရှင်းတဲ့စွမ်းအင် ထုတ်လုပ်နေသူဟာ အမေရိကန်က North Dakota ပြည်နယ် ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ Lignite ဒုတိယအများဆုံးရှိတဲ့ဒေသ ဖြစ်ပါတယ်။ တန်ချိန် (၂၅) ဘီလျံလောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ အပျော့စားကျောက်မီးသွေးကိုချည်း သုံးပေမယ့် ဖယ်ဒရယ်အစိုးရက ပြဌာန်းထားတဲ့ လေသန့်ရှင်းမှု စံသတ်မှတ်ချက်ကို လိုက်နာနိုင်ပါတယ်။ အပျော့စားကျောက်မီးသွေးသုံးတဲ့ North Dakota လျှပ်စစ်ဟာ အခြားလျှပ်စစ်ထက် ဈေးသက်သာတာ တွေ့ရပါတယ်။ ဒါပေမဲ့ သန့်စင်ရေးအတွက် ဒေါ်လာသန်း (၁၀၀၀) ကျော် ကုန်ကျနေပါတယ်။


==ZawGyi===

ကမာၻမွာသံုးေနတဲ့ လွ်ပ္စစ္ဓါတ္အား (၄၀) ရာခိုင္ႏႈန္းကို ေက်ာက္မီးေသြးက ထုတ္ယူပါတယ္။ အမ်ားဆံုးထုတ္ယူသူက တရုတ္ႏုိင္ငံ ျဖစ္ၿပီး၊ ကမာၻ႔ေက်ာက္မီးေသြး (၄၆) ရာခိုင္ႏႈန္းကို ထုတ္ယူၿပီး (၅၁) ရာခိုင္ႏႈန္းကို သံုးစြဲတဲ့အတြက္ အၿမဲတမ္း ေက်ာက္မီးေသြး ဝယ္ေနပါတယ္။ ၂၀၁၇ က တရုတ္ေက်ာက္မီးေသြး လုပ္ငန္းမွာ လူေပါင္း (၄၀၀) နီးပါး ေသဆံုးပါတယ္။ ေက်ာက္မီးေသြးအမာစား (၆၂) ဘီလ်ံတန္နဲ႔ အေပ်ာ့စား (၅၂) ဘီလ်ံတန္ ရိွတယ္လို႔ ခန္႔မွန္းပါတယ္။ ဒါေပမဲ့ ေက်ာက္မီးေသြးအမာစားကိုသာ အသံုးမ်ားတာ ေတြ႔ရပါတယ္။ တရုတ္ကြန္ျမဴနစ္ တက္ခ်ိန္ကစၿပီး ေက်ာက္မီးေသြးတြင္းမွာ ေသဆံုးသူ ႏွစ္သိန္းခြဲေက်ာ္ေနပါၿပီ။

ေက်ာက္မီးေသြးအသံုးမ်ားတဲ့ တရုတ္ျပည္ဟာ Carbon dioxide အမ်ားဆံုး ထုတ္လုပ္ရာေနရာ ျဖစ္လာပါတယ္။ ေက်ာက္မီးေသြးကို အေငြ႔အျဖစ္ အသြင္ေျပာင္းၿပီးသံုးတဲ့ လွ်ပ္စစ္ဓါတ္အားစက္ရံုကို ၂၀၀၉ မွာ ပထမဦးဆံုး အသံုးျပဳပါတယ္။ အင္ဒိုနီးရွားႏိုင္ငံထြက္ အေပ်ာ့စားေက်ာက္မီးေသြးကို အမ်ားဆံုးဝယ္ယူသူဟာလည္း တရုတ္ႏုိင္ငံ ျဖစ္ပါတယ္။ တရုတ္ျပည္ဟာ ေက်ာက္မီးေသြးအမာစားနဲ႔ အေပ်ာ့စား သံုးလာတာအေတာ္ၾကာပါၿပီ။ အေမရိကန္နဲ႔ ဂ်ာမဏီမွာလည္း အေပ်ာ့စားကို လွ်ပ္စစ္ဓါတ္အား ထုတ္လုပ္ရာမွာ သံုးပါတယ္။ ဒါေပမဲ့ အတတ္ပညာသံုးၿပီး ပတ္ဝန္းက်င္ကို မထိခိုက္ေအာင္ လုပ္ႏုိင္ၾကတာ ေတြ႔ရပါတယ္။

တီက်စ္ေက်ာက္မီးေသြးတြင္းကို နဝတ အစိုးရတက္လာၿပီး မၾကာမီ ၁၉၈၉ မွာ ေတြ႔ရိွပါတယ္။ ေက်ာက္မီးေသြးအေပ်ာ့စား တန္ခ်ိန္သန္း (၂၀) ေက်ာ္ ရိွမယ္လို႔ ခန္႔မွန္းၿပီး မလွမ္းမကမ္းမွာ ဓါတ္အားေပးစက္ရံု တည္ေဆာက္ဖို႔ စီစဥ္ပါတယ္။ တရုတ္အမ်ဳိးသားအႀကီးစား စက္မႈေကာ္ပိုေရးရွင္း (CHMC) နဲ႔ ခရိုနီအႀကီးစား ဦးခ်စ္ခိုင္ တည္ေထာင္ထားတဲ့ အီဒင္ကုမၸဏီအုပ္စုက အေကာင္အထည္ေဖာ္ပါတယ္။ ၂၀၀၂ မွာ စတင္တည္ေဆာက္ၿပီး သံုးႏွစ္အၾကာ ၂၀၀၅ မွာ ၿပီးစီးပါတယ္။ မဂၢါဝပ္ (၁၂၀) ထုတ္လုပ္တဲ့ ျမန္မာျပည္ရဲ ႔ ပထမဦးဆံုးျဖစ္ေသာ ေက်ာက္မီးေသြးသံုး လွ်ပ္စစ္ဓါတ္အားစက္ရံု ျဖစ္လာပါတယ္။ ဒါေပမဲ့ ေက်ာက္မီးေသြးစက္ရံုကထြက္တဲ့ မီးခိုး၊ အမႈန္႔၊ ျပာတို႔ဟာ ေလေရထုကို ညစ္ညမ္းေစတာမို႔ လူထုက်န္းမာေရးကို အႏၱရာယ္ေပးပါတယ္။

အေပ်ာ့စားျဖစ္တဲ့အတြက္ ေက်ာက္မီးေသြးပံု အလိုလိုမီးေလာင္လို႔ ထြက္လာတဲ့ အနံ႔ဆိုးဟာ အေတာ္ဒုကၡေပးပါတယ္။ စက္ရံုတဝိုက္မွာ အေရျပားေရာဂါကို ခံစားရသူေတြ မ်ားလာပါတယ္။
တီက်စ္ရဲ ႔ ေလေရ ညစ္ညမ္းမႈအေျခအေနဟာ ကမာၻ႔က်န္းမာေရးအဖြဲ႔ရဲ ႔ စံသတ္မွတ္ခ်က္ကို အမ်ားႀကီးေက်ာ္လြန္ေနပါတယ္။ ေက်ာက္မီးေသြးဓါတ္အားစက္ရံုကို ေဒသခံေတြ ကန္႔ကြက္ဆႏၵျပလာၾကပါတယ္။ ဒီၾကားထဲ နည္းပညာအားနည္းမႈနဲ႔ စက္ကရိယာပ်က္စီးမႈေၾကာင့္ စက္ရံုစတင္လည္ပတ္ၿပီး (၉) နွစ္အၾကာ ၂၀၁၄ မွာ ျပန္လည္မြမ္းမံဖို႔အတြက္ ရပ္တန္႔ပါတယ္။ ဒါေပမဲ့ ပတ္ဝန္းက်င္ ဆန္းစစ္ခ်က္ အစီရင္ခံစာ မၿပီးခင္ ၂၀၁၆ မွာ ျပန္လည္ဖြင့္လွစ္ၿပီး တရုတ္ကုမၸဏီတခုက ႀကီးၾကပ္ထုတ္လုပ္ေနပါတယ္။ သန္႔ရွင္းေရးအစီအစဥ္ကို မသိရလုိ႔ ေဒသခံနဲ႔ အရပ္ဘက္အဖြဲ႔အစည္းေတြက အခုအထိ ကန္႔ကြက္ေနဆဲ ျဖစ္ပါတယ္။

တီက်စ္လို႔ အေပ်ာ့စားေက်ာက္မီးေသြးသံုး ဓါတ္အားေပးစက္ရံု တည္ေဆာက္မယ္ဆုိရင္ ထြက္ေပၚလာမယ့္ ေကာင္းက်ဳိးဆုိးျပစ္ေတြကို ကၽြမ္းက်င္သူေတြက အရင္ဆံုးေလ့လာဖုိ႔ လိုအပ္ပါတယ္။ ဥပမာ ေက်ာက္မီးေသြးကထြက္လာမယ့္ အဆိပ္အေတာက္ေတြ နည္းႏုိင္သမွ်နည္းေအာင္လုပ္တဲ့ အတတ္ပညာကို သံုးတတ္ဖို႔လိုပါတယ္။ အဆိပ္သင့္တဲ့ ပတ္ဝန္းက်င္ကို ဘယ္လိုကာကြယ္မယ္ဆိုတာကို မေျပာႏိုင္ဘဲ တီက်စ္စက္ရံုကို ျပန္ၿပီးလည္ပတ္ခြင့္ေပးတာကို ေဒသခံေတြ လက္မခံႏိုင္ၾကပါဘူး။ ညစ္ညမ္းတဲ့ေလကို ရႈရိႈက္မိတဲ့အတြက္ ျဖစ္ေပၚလာတဲ့ က်န္းမာေရးျပႆနာေတြက အမ်ားႀကီးရိွပါတယ္။ အဆုတ္ေရာဂါ၊ ပန္းနာရင္က်ပ္၊ ေခ်ာင္းဆိုး၊ ေသြးတိုး၊ ေလျဖတ္၊ ႏွလံုးေရာဂါ၊ သေႏၶသား ပံုမွန္ႀကီးထြားေရး ျပႆနာ စတာေတြကို ေက်ာက္မီးေသြးက ဖန္တီးေပးႏုိင္ပါတယ္။

ေက်ာက္မီးေသြးလုပ္ငန္းေၾကာင့္ ေသဆံုးသူဦးေရဟာ တရုတ္ျပည္မွာ အမ်ားဆံုး ျဖစ္ပါတယ္။ အေမရိကန္ထက္ အဆေပါင္း (၁၃၀) ပိုမ်ားၿပီး၊ Australia ထက္ အဆေပါင္း (၂၅၀) ပိုမ်ားပါတယ္။ တရုတ္ေနာက္က ဒုတိယေနရာကို အိႏိၵယက ယူထားပါတယ္။ အခုလည္း တရုတ္ျပည္မွာ ေက်ာက္မီးေသြးသံုး လွ်ပ္စစ္ဓါတ္အားေပးစက္ရံုေတြ အမ်ားအျပား တည္ေဆာက္ေနပါတယ္။ စုစုေပါင္း မဂၢါဝပ္ တသိန္းခြဲေလာက္ စြမ္းအင္တိုးလာဖုိ႔ ရည္မွန္းေပမယ့္ ညစ္ညမ္းအႏၱရာယ္ကိုေတာ့ မခန္႔မွန္းႏိုင္ေသးပါဘူး။

ျမန္မာျပည္မွာ Lignite အေပ်ာ့စား ေက်ာက္မီးေသြးမ်ဳိးကိုသံုးၿပီး သန္႔ရွင္းတဲ့စြမ္းအင္ ထုတ္လုပ္ေနသူဟာ အေမရိကန္က North Dakota ျပည္နယ္ ျဖစ္ပါတယ္။ ကမာၻေပၚမွာ Lignite ဒုတိယအမ်ားဆံုးရိွတဲ့ေဒသ ျဖစ္ပါတယ္။ တန္ခ်ိန္ (၂၅) ဘီလ်ံေလာက္ရိွမယ္လို႔ ခန္႔မွန္းပါတယ္။ အေပ်ာ့စားေက်ာက္မီးေသြးကိုခ်ည္း သံုးေပမယ့္ ဖယ္ဒရယ္အစိုးရက ျပဌာန္းထားတဲ့ ေလသန္႔ရွင္းမႈ စံသတ္မွတ္ခ်က္ကို လို္က္နာႏိုင္ပါတယ္။ အေပ်ာ့စားေက်ာက္မီးေသြးသံုးတဲ့ North Dakota လွ်ပ္စစ္ဟာ အျခားလွ်ပ္စစ္ထက္ ေစ်းသက္သာတာ ေတြ႔ရပါတယ္။ ဒါေပမဲ့ သန္႔စင္ေရးအတြက္ ေဒၚလာသန္း (၁၀၀၀) ေက်ာ္ ကုန္က်ေနပါတယ္။

XS
SM
MD
LG