သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေပ်ာ့စားသက္ႏုေက်ာက္မီးေသြး


ဘန္းေခ်ာင္းေက်ာက္မီးေသြးမိုင္း
အေပ်ာ့စားသက္ႏုေက်ာက္မီးေသြး
please wait

No media source currently available

0:00 0:05:25 0:00
တိုက္႐ိုက္ လင့္ခ္

အာဆီယံဒေသမှာ ကျောက်မီးသွေးတန်ချိန် သန်းပေါင်းသုံးသောင်းနီးပါး ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ဒီအထဲမှာ အပျော့စားကျောက်မီးသွေးက (၆၀) ရာခိုင်နှုန်းနဲ့ အမာစာက (၄၀) ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနဲ့ ဗိယက်နမ်မှာ အများဆုံးရှိတယ်လို့ အာဆီယံ သန့်စင်ကျောက်မီးသွေး အတတ်ပညာလက်စွဲကျမ်း Asean Clean Coal Technology Handbook မှာ ဖော်ပြထားပါတယ်။ ၂၀၃၀ မှာ အာဆီယံစွမ်းအင်ပမာဏရဲ့ (၄၀) ရာခိုင်နှုန်းဟာ ကျောက်မီးသွေး ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ ရာခိုင်နှုန်းပြည့် မီးရနေတဲ့ အာဆီယံနိုင်ငံတွေထဲမှာ မလေးရှားနဲ့ ဗိယက်နမ် တို့ဟာ ကျောက်မီးသွေး အများဆုံးသုံးပါတယ်။

ဒုတိယအများဆုံးသုံးတဲ့ နိုင်ငံကတော့ အင်ဒိုနီးရှား နဲ့ ထိုင်းတို့ ဖြစ်ပါတယ်။ သန့်စင်တဲ့ ကျောက်မီးသွေးသုံးအတတ်ပညာ၊ Clean Coal Technology (CCT) ကို သုံးနိုင်အောင် ဒီနိုင်ငံတွေက ကြိုးပမ်းနေကြပါတယ်။ ကျောက်မီးသွေးသုံးမှု အနည်းဆုံးဟာ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်က တီကျစ် ကျောက်မီးသွေးဓါတ်အားစက်ရုံ တခုတည်းနဲ့တင် ကျောက်မီးသွေးစွမ်းအင် နာမည်ပျက်နေပုံ ရပါတယ်။ ထိုင်းနိုင်ငံရဲ့ ကျောက်မီးသွေး အပျော့စား (၉၅) ရာခိုင်နှုန်းဟာ မဲမော့ကထွက်လို့ မဲမော့ဓါတ်အားစက်ရုံဟာ ညစ်ညမ်းဆုံးနဲ့ အန္တရာယ်အပေးဆုံး ဖြစ်နေပါတယ်။ ထိုင်းရဲ့စွမ်းအင်မှာ ကျောက်မီးသွေးက (၁၃) ရာခိုင်နှုန်း ပါနေပါတယ်။

ထိုင်းနိုင်ငံမှာသုံးတဲ့ ကျောက်မီးသွေးစွမ်းအင်မှာ ပြည်တွင်းထွက်အပျော့စားကို သုံးတာကိုနည်းပြီး၊ နိုင်ငံခြားကတင်သွင်းတဲ့ အမာစား Bituminou ကို သုံးတာများပါတယ်။ ကျောက်မီးသွေးစွမ်းအင် (၁၃) ရာခိုင်နှုန်းရှိတဲ့အနက် ပြည်တွင်းထွက်အပျော့စားက (၁) ရာခိုင်နှုန်း၊ နိုင်ငံခြားကတင်သွင်းတဲ့ အမာစားက (၁၂) ရာခိုင်နှုန်း ဖြစ်နေပါတယ်။ မြန်မာပြည်မှာ ကျောက်မီးသွေး တွေ့နိုင်တဲ့နေရာက (၅၀၀) လောက်ရှိပြီး တန်သန်းချိန် (၅၄၀) ကျော် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ အမျိုးအစားကတော့ သက်နုအပျော့စား အညိုရောင်ဖြစ်တဲ့အတွက် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာမှာ မသုံးသင့်ဘူးလို့ ဂျပန် JICA ရဲ့ ၂၀၁၃ ခုနှစ်ထုတ် (၁၆၅) မျက်နှာ စာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အတတ်ပညာ မလုံလောက်ခင်မှာ ထိုင်းနိုင်ငံလို ကျောက်မီးသွေးအမာစားကို ပြည်ပက တင်သွင်းပြီးသုံးဖို့ ဂျပန်က အကြံပေးထားပါတယ်။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်မယ်ဆိုရင် Clean Coal Technology သုံးတဲ့ ဂျပန်ကုမ္ပဏီတွေ ရင်းနှီးမြုပ်နံှနိုင်ရေးကိုလည်း စဉ်းစားရမယ်လို့ JICA အေဂျင်စီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကျောက်မီးသွေးလောင်စာဟာ အညစ်အကြေးများတဲ့အတွက် ပတ်ဝန်းကျင်ကို ဘယ်လောက်ထိခိုက်နိုင်တယ်ဆိုတာကို စတင်လေ့လာတဲ့အချိန်ကစပြီး စက်ရုံလည်ပတ်တဲ့အချိန်အထိ (၆) နှစ်ကျော် ကြာပါတယ်။ မြန်မာ့ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေကတော့ လေ့လာတဲ့အဆင့်မှာပဲ ရှိနေသေးလို့ အန္တရာယ်မပေးအောင် ကြိုတင်ပြင်ဆင်ချိန် အများကြီးရပါတယ်။ ဓါတ်အားပေးစက်ရုံနဲ့ သင့်တော်တဲ့ ကျောက်မီးသွေး မှန်မှန်ရနိုင်မယ့်နေရာကို ရွေးချယ်ဖို့ လိုပါတယ်။ ကလေးဝနဲ့ ဆက်ထားတဲ့ ရထားလမ်း ဖောက်ထားဖို့ကလည်း ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးပါတယ်။

ဂျပန်မှာသုံးတဲ့ လျှပ်စစ်ဓါတ်အားစုစုပေါင်း (၂၅) ရာခိုင်နှုန်းဟာ ကျောက်မီးသွေးကရတာ ဖြစ်ပါတယ်။ တပြည်လုံးကို လျှပ်စစ်ဓါတ်အားပေးနိုင်တဲ့ နိုင်ငံတွေမှာ ကျောက်မီးသွေးစွမ်းအင်ကို အနည်းနဲ့အများသုံးကြပါတယ်။ စစ်ပြီးခေတ် ဂျပန်ကို ပြန်လည်ထူထောင်တဲ့ကာလမှာ စီးပွားရေးကိုသာ ဦးစားပေးခဲ့လို့ ကျောက်မီးသွေးစွမ်းအင် အသုံးများခဲ့ပါတယ်။ ဒါကြောင့် လေရေသဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်ကာလရောက်မှ ကျောက်မီးသွေး သန့်စင်တဲ့အတတ်ပညာကို သုံးခဲ့တာ ဖြစ်ပါတယ်။ ကျောက်မီးသွေးပါ အညစ်အကြေး အဆိပ်အတောက်တွေကို နည်းနိုင်သမျှနည်းအောင် ခေတ်မီနည်းပညာနဲ့ လုပ်တဲ့နည်းလမ်းကို ဂျပန်မှာသုံးလာတာ အနှစ် (၃၀) လောက်ရှိပြီ ဖြစ်ပေမယ့် တရုတ်ပြည်မှာစသုံးတာ သိပ်မကြာသေးဘူးလို့ သိရပါတယ်။

အပျော့စား Lignite ကျောက်မီးသွေးဟာ ပေါများပြီး ဈေးသက်သာတာကြောင့် သုံးသူရှိသလို၊ အညစ်အကြေးကင်းစင်အောင်လုပ်ရတဲ့ စရိတ်စကကလည်း ကြီးမားပါတယ်။ ဂျာမဏီက Brandenburg ပြည်နယ်အရှေ့ပိုင်းမှာ အပျော့စားကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ (၃) ရုံနဲ့ ပိုလန်နယ်စပ်မှာ စက်ရုံ (၂) ရုံ ရှိပါတယ်။ ဒီစက်ရုံ (၅) ခုဟာ နှစ်စဉ် Sulphur Dioxide တန်ချိန် (၈) သောင်းကျော် Notrogen Oxid တန်ချိန် (၅) သောင်းကျော်နဲ့ အခြားအမှုန်အမွှားတန်ချိန် (၂) ထောင်ကျော် ထုတ်လွှတ်နေပါတယ်။ ဒါကြောင့် ပြည်သူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နှစ်စဉ်ယူရိုငွေ သန်းငါးထောင်ကျော် ကုန်ကျနေတယ်လို့ ဘယ်ဂျီယမ်နိုင်ငံ အခြေစိုက် Health & Environment Alliance က ဆိုပါတယ်။

ကျောက်မီးသွေးအများဆုံးသုံးတဲ့ တရုတ်ပြည်မှာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူ (၇) သိန်းကျော် သေဆုံးတယ်လို့ ၂၀၁၆ ကမ္ဘာ့လေ့လာချက်မှာ ဖော်ပြထားပါတယ်။ ကျောက်မီးသွေးကို အရင်ဆုံး သန့်စင်တဲ့အတတ်ပညာနဲ့ ထုတ်လွှင့်လိုက်တဲ့ အညစ်အကြေးများကို ထိန်းသိမ်းတဲ့အတတ်ပညာ မကျွမ်းကျင်ဘဲ စက်ရုံမတည်ဆောက်သင့်ကြောင်း တရုတ်က သင်ခန်းစာ ပေးနေပါတယ်။ မြန်မာပြည်မှာ တည်ဆောက်ဖို့ ရည်ရွယ်တဲ့ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ စီမံကိန်းမှာ သင်ခန်းစာ ယူစရာတွေ အများကြီးရှိနေကြောင်း တင်ပြလိုက်ရပါတယ်။

--- ZawGyi---

အာဆီယံေဒသမွာ ေက်ာက္မီးေသြးတန္ခ်ိန္ သန္းေပါင္းသံုးေသာင္းနီးပါး ရိွမယ္လို႔ ခန္႔မွန္းၾကပါတယ္။ ဒီအထဲမွာ အေပ်ာ့စားေက်ာက္မီးေသြးက (၆၀) ရာခိုင္ႏႈန္းနဲ႔ အမာစာက (၄၀) ရာခိုင္ႏႈန္း ရိွတယ္လို႔ ဆိုပါတယ္။ အင္ဒိုနီးရွားနဲ႔ ဗိယက္နမ္မွာ အမ်ားဆံုးရိွတယ္လို႔ အာဆီယံ သန္႔စင္ေက်ာက္မီးေသြး အတတ္ပညာလက္စြဲက်မ္း Asean Clean Coal Technology Handbook မွာ ေဖာ္ျပထားပါတယ္။ ၂၀၃၀ မွာ အာဆီယံစြမ္းအင္ပမာဏရဲ ႔ (၄၀) ရာခိုင္ႏႈန္းဟာ ေက်ာက္မီးေသြး ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ရာခိုင္ႏႈန္းျပည့္ မီးရေနတဲ့ အာဆီယံႏိုင္ငံေတြထဲမွာ မေလးရွားနဲ႔ ဗိယက္နမ္ တို႔ဟာ ေက်ာက္မီးေသြး အမ်ားဆံုးသံုးပါတယ္။

ဒုတိယအမ်ားဆံုးသံုးတဲ့ ႏိုင္ငံကေတာ့ အင္ဒိုနီးရွား နဲ႔ ထိုင္းတို႔ ျဖစ္ပါတယ္။ သန္႔စင္တဲ့ ေက်ာက္မီးေသြးသံုးအတတ္ပညာ၊ Clean Coal Technology (CCT) ကို သံုးႏိုင္ေအာင္ ဒီႏိုင္ငံေတြက ႀကိဳးပမ္းေနၾကပါတယ္။ ေက်ာက္မီးေသြးသံုးမႈ အနည္းဆံုးဟာ ျမန္မာႏိုင္ငံ ျဖစ္ပါတယ္။ ရွမ္းျပည္နယ္က တီက်စ္ ေက်ာက္မီးေသြးဓါတ္အားစက္ရံု တခုတည္းနဲ႔တင္ ေက်ာက္မီးေသြးစြမ္းအင္ နာမည္ပ်က္ေနပံု ရပါတယ္။ ထိုင္းႏုိင္ငံရဲ ႔ ေက်ာက္မီးေသြး အေပ်ာ့စား (၉၅) ရာခိုင္ႏႈန္းဟာ မဲေမာ့ကထြက္လို႔ မဲေမာ့ဓါတ္အားစက္ရံုဟာ ညစ္ညမ္းဆံုးနဲ႔ အႏၱရာယ္အေပးဆံုး ျဖစ္ေနပါတယ္။ ထိုင္းရဲ ႔စြမ္းအင္မွာ ေက်ာက္မီးေသြးက (၁၃) ရာခိုင္ႏႈန္း ပါေနပါတယ္။

ထိုင္းႏိုင္ငံမွာသံုးတဲ့ ေက်ာက္မီးေသြးစြမ္းအင္မွာ ျပည္တြင္းထြက္အေပ်ာ့စားကို သံုးတာကိုနည္းၿပီး၊ ႏုိင္ငံျခားကတင္သြင္းတဲ့ အမာစား Bituminou ကို သံုးတာမ်ားပါတယ္။ ေက်ာက္မီးေသြးစြမ္းအင္ (၁၃) ရာခိုင္ႏႈန္းရိွတဲ့အနက္ ျပည္တြင္းထြက္အေပ်ာ့စားက (၁) ရာခိုင္ႏႈန္း၊ ႏိုင္ငံျခားကတင္သြင္းတဲ့ အမာစားက (၁၂) ရာခိုင္ႏႈန္း ျဖစ္ေနပါတယ္။ ျမန္မာျပည္မွာ ေက်ာက္မီးေသြး ေတြ႔ႏုိင္တဲ့ေနရာက (၅၀၀) ေလာက္ရိွၿပီး တန္သန္းခ်ိန္ (၅၄၀) ေက်ာ္ ရိွမယ္လို႔ ခန္႔မွန္းၾကပါတယ္။ အမ်ဳိးအစားကေတာ့ သက္ႏုအေပ်ာ့စား အညိဳေရာင္ျဖစ္တဲ့အတြက္ လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ရာမွာ မသံုးသင့္ဘူးလုိ႔ ဂ်ပန္ JICA ရဲ ႔ ၂၀၁၃ ခုႏွစ္ထုတ္ (၁၆၅) မ်က္ႏွာ စာတမ္းမွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ အတတ္ပညာ မလံုေလာက္ခင္မွာ ထိုင္းႏိုင္ငံလို ေက်ာက္မီးေသြးအမာစားကို ျပည္ပက တင္သြင္းၿပီးသံုးဖုိ႔ ဂ်ပန္က အႀကံေပးထားပါတယ္။

ေက်ာက္မီးေသြးသံုး လွ်ပ္စစ္ဓါတ္အားေပးစက္ရံုေတြ တည္ေဆာက္မယ္ဆုိရင္ Clean Coal Technology သံုးတဲ့ ဂ်ပန္ကုမၸဏီေတြ ရင္းႏီွးျမဳပ္ႏံွႏိုင္ေရးကိုလည္း စဥ္းစားရမယ္လို႔ JICA ေအဂ်င္စီ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ေက်ာက္မီးေသြးေလာင္စာဟာ အညစ္အေၾကးမ်ားတဲ့အတြက္ ပတ္ဝန္းက်င္ကို ဘယ္ေလာက္ထိခိုက္ႏိုင္တယ္ဆိုတာကို စတင္ေလ့လာတဲ့အခ်ိန္ကစၿပီး စက္ရံုလည္ပတ္တဲ့အခ်ိန္အထိ (၆) ႏွစ္ေက်ာ္ ၾကာပါတယ္။ ျမန္မာ့ေက်ာက္မီးေသြးသံုး ဓါတ္အားေပးစက္ရံုေတြကေတာ့ ေလ့လာတဲ့အဆင့္မွာပဲ ရိွေနေသးလုိ႔ အႏၱရာယ္မေပးေအာင္ ႀကိဳတင္ျပင္ဆင္ခ်ိန္ အမ်ားႀကီးရပါတယ္။ ဓါတ္အားေပးစက္ရံုနဲ႔ သင့္ေတာ္တဲ့ ေက်ာက္မီးေသြး မွန္မွန္ရႏိုင္မယ့္ေနရာကို ေရြးခ်ယ္ဖုိ႔ လိုပါတယ္။ ကေလးဝနဲ႔ ဆက္ထားတဲ့ ရထားလမ္း ေဖာက္ထားဖုိ႔ကလည္း ေက်ာက္မီးေသြး သယ္ယူပို႔ေဆာင္ေရးအတြက္ အေရးႀကီးပါတယ္။

ဂ်ပန္မွာသံုးတဲ့ လွ်ပ္စစ္ဓါတ္အားစုစုေပါင္း (၂၅) ရာခိုင္ႏႈန္းဟာ ေက်ာက္မီးေသြးကရတာ ျဖစ္ပါတယ္။ တျပည္လံုးကို လွ်ပ္စစ္ဓါတ္အားေပးႏိုင္တဲ့ ႏုိင္ငံေတြမွာ ေက်ာက္မီးေသြးစြမ္းအင္ကို အနည္းနဲ႔အမ်ားသံုးၾကပါတယ္။ စစ္ၿပီးေခတ္ ဂ်ပန္ကို ျပန္လည္ထူေထာင္တဲ့ကာလမွာ စီးပြားေရးကိုသာ ဦးစားေပးခဲ့လို႔ ေက်ာက္မီးေသြးစြမ္းအင္ အသံုးမ်ားခဲ့ပါတယ္။ ဒါေၾကာင့္ ေလေရသဘာဝ ပတ္ဝန္းက်င္ ညစ္ညမ္းမႈေတြ အႀကီးအက်ယ္ ျဖစ္ခဲ့ပါတယ္။ ၁၉၉၀ ျပည့္လြန္ကာလေရာက္မွ ေက်ာက္မီးေသြး သန္႔စင္တဲ့အတတ္ပညာကို သံုးခဲ့တာ ျဖစ္ပါတယ္။ ေက်ာက္မီးေသြးပါ အညစ္အေၾကး အဆိပ္အေတာက္ေတြကို နည္းႏုိင္သမွ်နည္းေအာင္ ေခတ္မီနည္းပညာနဲ႔ လုပ္တဲ့နည္းလမ္းကို ဂ်ပန္မွာသံုးလာတာ အႏွစ္ (၃၀) ေလာက္ရိွၿပီ ျဖစ္ေပမယ့္ တရုတ္ျပည္မွာစသံုးတာ သိပ္မၾကာေသးဘူးလုိ႔ သိရပါတယ္။

အေပ်ာ့စား Lignite ေက်ာက္မီးေသြးဟာ ေပါမ်ားၿပီး ေစ်းသက္သာတာေၾကာင့္ သံုးသူရိွသလို၊ အညစ္အေၾကးကင္းစင္ေအာင္လုပ္ရတဲ့ စရိတ္စကကလည္း ႀကီးမားပါတယ္။ ဂ်ာမဏီက Brandenburg ျပည္နယ္အေရွ ႔ပိုင္းမွာ အေပ်ာ့စားေက်ာက္မီးေသြး ဓါတ္အားေပးစက္ရံု (၃) ရံုနဲ႔ ပိုလန္နယ္စပ္မွာ စက္ရံု (၂) ရံု ရိွပါတယ္။ ဒီစက္ရံု (၅) ခုဟာ ႏွစ္စဥ္ Sulphur Dioxide တန္ခ်ိန္ (၈) ေသာင္းေက်ာ္ Notrogen Oxid တန္ခ်ိန္ (၅) ေသာင္းေက်ာ္နဲ႔ အျခားအမႈန္အမႊားတန္ခ်ိန္ (၂) ေထာင္ေက်ာ္ ထုတ္လႊတ္ေနပါတယ္။ ဒါေၾကာင့္ ျပည္သူ႔က်န္းမာေရးနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအတြက္ ႏွစ္စဥ္ယူရိုေငြ သန္းငါးေထာင္ေက်ာ္ ကုန္က်ေနတယ္လို႔ ဘယ္ဂ်ီယမ္ႏိုင္ငံ အေျခစိုက္ Health & Environment Alliance က ဆိုပါတယ္။

ေက်ာက္မီးေသြးအမ်ားဆံုးသံုးတဲ့ တရုတ္ျပည္မွာ ေလထုညစ္ညမ္းမႈေၾကာင့္ ႏွစ္စဥ္ လူ (၇) သိန္းေက်ာ္ ေသဆံုးတယ္လို႔ ၂၀၁၆ ကမာၻ႔ေလ့လာခ်က္မွာ ေဖာ္ျပထားပါတယ္။ ေက်ာက္မီးေသြးကို အရင္ဆံုး သန္႔စင္တဲ့အတတ္ပညာနဲ႔ ထုတ္လႊင့္လိုက္တဲ့ အညစ္အေၾကးမ်ားကို ထိန္းသိမ္းတဲ့အတတ္ပညာ မကၽြမ္းက်င္ဘဲ စက္ရံုမတည္ေဆာက္သင့္ေၾကာင္း တရုတ္က သင္ခန္းစာ ေပးေနပါတယ္။ ျမန္မာျပည္မွာ တည္ေဆာက္ဖုိ႔ ရည္ရြယ္တဲ့ ေက်ာက္မီးေသြးဓါတ္အားေပးစက္ရံု စီမံကိန္းမွာ သင္ခန္းစာ ယူစရာေတြ အမ်ားႀကီးရိွေနေၾကာင္း တင္ျပလိုက္ရပါတယ္။

XS
SM
MD
LG