ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္
ရွစ္ေလးလံုးအေရးေတာ္ပံု ႏိွမ္နင္းခံလိုက္ရၿပီး မၾကာမီ တုိင္းရင္းသားလက္နက္ကိုင္အခ်ဳိ ႔နဲ႔ အပစ္အခတ္ ရပ္စဲတဲ့အခ်ိန္ကစၿပီး ယေန႔အထိ ကခ်င္-ယူနန္နယ္စပ္မွာ ျဖစ္ေပၚလာတဲ့ အေျပာင္းအလဲအေၾကာင္း လြန္ခဲ့တဲ့ မတ္လက စာတမ္းတေစာင္ ထြက္လာပါတယ္။ ကန္ပိုက္တီ၊ လြယ္ဂ်ယ္နဲ႔ မူဆယ္ေဒသက အေျပာင္းအလဲေတြကို သုေတသန လုပ္ထားတာပါ။ Conflicts and Development in Myanmar-China Border Region ဆိုတဲ့ စာတမ္းျဖစ္ၿပီး Dan Seng Lawn နဲ႔ Patrick Meehan ဦးေဆာင္တဲ့ သုေတသနအဖြဲ႔က ေရးသားထားတာ ျဖစ္ပါတယ္။ ေဒသခံေတြကို ေတြ႔ဆံုေမးျမန္းၿပီး ေရးထားတာလို႔ ဆိုပါတယ္။
လက္နက္ကိုင္ပဋိပကၡေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ မတည္မၿငိမ္ ျဖစ္ခဲ့ရာက ရင္းႏီွးျမဳပ္ႏံွမႈနဲ႔ ဖြံ႔ၿဖိဳးမႈေတြ ရိွလာတဲ့အတြက္ ေဒသခံေတြ ရင္ဆိုင္ရတဲ့ ျပႆနာေတြကို ဆန္းစစ္ထားပါတယ္။ ဆက္သြယ္မႈအား ေကာင္းလာလို႔ အခြင့္အလမ္းေတြ မ်ားလာတဲ့ အက်ဳိးကို ခံစားရပါတယ္။ ဒါေပမဲ့ တခ်ိန္တည္းမွာပဲ စီးပြားေရးမညီမွ်မႈ၊ လူမႈေရးတင္းမာမႈ၊ ေျမယာမလံုၿခံဳမႈနဲ႔ ပတ္ဝန္းက်င္ ပ်က္စီးမႈေတြကို ရင္ဆိုင္လာၾကရတယ္လို႔ ဆိုပါတယ္။ ကန္ပိုက္တီ၊ လြယ္ဂ်ယ္နဲ႔ မူဆယ္ေဒသမွာ အတိတ္ကာလက ပဋိပကၡေတြဟာ အသြင္အမ်ဳိးမ်ဳိးနဲ႔ ဆက္လက္ရွင္သန္ေနေသးတာ ေတြ႔ရတယ္လို႔ ဆိုပါတယ္။
ကန္ပိုက္တီ၊ လြယ္ဂ်ယ္နဲ႔ မူဆယ္ဟာ အရင္က 'ဗကပ' ကြန္ျမဴနစ္ ႀကီးစိုးခဲ့တဲ့ ေနရာေတြပါ။ ဗကပ ၿပိဳကြဲသြားတဲ့အခါမွာ ဒီေနရာကို တုိင္းရင္းသားလက္နက္ကိုင္ အုပ္စုအမ်ဳိးမ်ဳိး ဝင္လာၾကၿပီး အကြဲကြဲအၿပဲၿပဲေတြ ျဖစ္ၾကပါတယ္။ အတိတ္က ျပႆနာကို မေျဖရွင္းႏိုင္ဘဲ နယ္စပ္ကို ခ်ဳပ္ကိုင္ဖို႔ ႀကိဳးပမ္းၾကပါတယ္။ အပစ္ရပ္ၿပီး ေစ်းကြက္ဖြင့္တဲ့အခါမွာ နယ္စပ္ေဒသဟာ စီးပြားေရးအခ်က္အခ်ာ ျဖစ္လာပါတယ္။ အၾကမ္းဖက္မႈ ေလ်ာ့နည္းသြားေပမယ့္ လက္နက္ကိုင္ေတြ ၾသဇာႀကီးမားေနပါတယ္။ တရုတ္ကုန္ပစၥည္းေတြ လိွမ့္ဝင္လာလို႔ ေဒသခံေတြ အက်ဳိးခံစားရေပမဲ့ ႏုိင္ငံေရးျပႆနာ မေျဖရွင္းႏိုင္တဲ့အတြက္ မွ်တတဲ့ တိုးတက္မႈကို မရႏုိင္ဘူးလို႔ ဆိုပါတယ္။ ေက်ာင္းေတြ၊ ေဆးရံုေတြ မ်ားလာလို႔ ခံစားရတဲ့ အက်ဳိးအျမတ္ဟာ ပတ္ဝန္းက်င္ ပ်က္စီးမႈနဲ႔ အာဏာပိုင္ အက်င့္ပ်က္မႈေတြကို ေပ်ာက္ျပယ္ေအာင္ မလုပ္ႏိုင္ပါဘူး။
ျမန္မာ-တရုတ္ နယ္စပ္ကုန္သြယ္ေရးဟာ တရုတ္လႊမ္းမိုးတဲ့ တဘက္ေစာင္းနင္း ေရာင္းဝယ္ေရး ျဖစ္ေနပါတယ္။ ျမန္မာဘက္က သဘာဝသယံဇာတနဲ႔ ကုန္ၾကမ္းပစၥည္းေလာက္သာ တရုတ္ဘက္ကို တင္ပို႔ႏုိင္တာမုိ႔ နယ္စပ္ကုန္သြယ္မႈကို တရုတ္က လက္ဝါးႀကီး အုပ္ထားပါတယ္။ တရုတ္လုပ္ငန္းရွင္ေတြလို နယ္စပ္အာဏာပိုင္ေတြနဲ႔ မဟာမိတ္လုပ္တာမ်ဳိးကို ေဒသခံေတြက မလုပ္ႏိုင္တဲ့အတြက္ တပန္းရွံဳးေနပါတယ္။ အထူးစီးပြားေရးဇုန္နဲ႔ နယ္စပ္စီးပြားေရးဇုန္ ဖြင့္ေပးတာကို ေကာင္းတဲ့ဘက္က ျမင္သူေတြ ရိွသလို၊ မေကာင္းတဲ့ဘက္က ျမင္သူလည္း ရိွပါတယ္။ ယူနန္ျပည္နယ္နဲ႔ ျမန္မာျပည္ေနရာအႏံွ႔အျပားက ေရႊ ႔ေျပာင္းလုပ္သားေတြ ေရာက္လာတာဟာ အစဥ္အလာ အဖြဲ႔အစည္းကို ေျပာင္းလဲေစပါတယ္။
တရုတ္-ျမန္မာ စီးပြားေရးစႀကၤန္မွာ နယ္စပ္ကုန္သြယ္ေရးဟာ အဓိက ပါဝင္ပါတယ္။ နယ္စပ္ကုန္သြယ္ေရးစခန္း (၁၈) ခုရဲ ႔ ၂၀၂၁ ပထမ (၃) လပတ္ တန္းဖိုးဟာ ေဒၚလာသန္း ၉၂၈၀၀) ရိွတဲ့အနက္ မူဆယ္ကတင္ ေဒၚလာသန္း (၁၅၀၀) ရိွေနပါတယ္။ တိုင္းျပည္ရဲ ႔ နယ္စပ္ကုန္သြယ္ေရး တဝက္ေက်ာ္ မူဆယ္က ယူထားတာပါ။ ကန္ပိုက္တီဟာလည္း အေရးပါလာတဲ့အတြက္ ျမစ္ႀကီးနားစက္မႈဇုန္နဲ႔ ဆက္စပ္ဖုိ႔ အေရးႀကီးလာပါတယ္။ မႏၱေလး-မူဆယ္ မီးရထားလမ္းစီမံကိန္းဟာ ေဒၚလာသန္း (၉၀၀၀) ကုန္က်မယ္လို႔ ခန္႔မွန္းထားပါတယ္။ ဒါေပမဲ့ နယ္စပ္ေဒသမွာ လက္နက္ကိုင္ပဋိပကၡ နယ္ေျမ ျဖစ္ေနပါတယ္။ တပ္မေတာ္နဲ႔ ေဒသခံလက္နက္ကိုင္ေတြ ႀကီးစိုးတာမို႔ အာဏာပိုင္အမ်ဳိးမ်ဳိး ရိွေနပါတယ္။ မူဆယ္နဲ႔ ကန္ပိုက္တီၾကားက လြယ္ဂ်ယ္ဟာ KIA ထိန္းခ်ဳပ္တဲ့နယ္ေျမ ျဖစ္ပါတယ္။
ကန္ပိုက္တီဟာ ပန္ဝါအေျခစိုက္ ကခ်င္နယ္ျခားေစာင့္ ထိန္းခ်ဳပ္တဲ့ေဒသ ျဖစ္တာမို႔ ျပည္သူ႔စစ္အုပ္စုေတြ ၿပိဳင္ဆိုင္စြက္ဖက္တာကို ရင္ဆိုင္ေနရဆဲ ျဖစ္ပါတယ္။ မူဆယ္မွာဆိုလည္း ျပည္သူ႔စစ္ေတြ ဆက္ေၾကးေကာက္တာကို ခံေနရဆဲ ျဖစ္ပါတယ္။ တပ္မေတာ္ကလည္း ဒီျပည္သူစစ္ေတြကို လိုရင္လုိသလို အသံုးျပဳေနတုန္း ျဖစ္ပါတယ္။ ျပည္သူ႔စစ္ေတြကလည္း အခြင့္အလမ္း ပြင့္ရင္ပြင့္သလို ကိုယ္က်ဳိးရွာေနတုန္းပါ။ စီးပြားေရး အၿပိဳင္အဆိုင္လုပ္တဲ့ေဒသမွာ ျပည္သူစစ္ေတြဟာ ၾကားပြဲစားလုပ္ၿပီး အျမတ္ထုတ္တတ္ပါတယ္။ ေဒသခံ တရုတ္လုပ္ငန္းရွင္ေတြ တည္ေထာင္ထားတဲ့ ျပည့္သူစစ္ေတာင္ ရိွေနပါတယ္။
လြယ္ဂ်ယ္၊ ဗန္းေမာ္၊ ကန္ပိုက္တီ၊ ျမစ္ႀကီးနား၊ မူဆယ္၊ မႏၱေလး ကားလမ္းေတြ ေကာင္းလာလို႔ နယ္စပ္စီးပြားေရး တုိးပြားလာေပမယ့္ ေဒသခံျပည္သူ႔ဘဝဟာ မထူးျခားလာပါဘူး။ လုပ္ငန္းအႀကီးစားနဲ႔ အလတ္စားဟာ တရုတ္ပိုင္ေတြ မ်ားပါတယ္။ ျမန္မာႏုိင္ငံသား တရုတ္နဲ႔ ဖက္စပ္လုပ္ၿပီး မူဆယ္မွာ ေျမယာအမ်ားအျပား ဝယ္ယူၾကပါတယ္။ ေဒသခံအာဏာပိုင္ေတြရဲ ႔ အလြဲသံုးစားလုပ္မႈနဲ႔ သဘာဝပတ္ဝန္းက်င္ ပ်က္စီးမႈကို ျပည္သူေတြ ႀကံဳေတြ႔ေနရပါတယ္။ ဒါေၾကာင့္ ႏုိင္ငံေရးအရ ေျဖရွင္းဖို႔ စိတ္မကူးဘဲ စီးပြားေရးကိုသာ အဓိကထားတာဟာ ေရလတ္နဲ႔ ေရရွည္မွာ အႏၱရာယ္ရိွႏိုင္ေၾကာင္း ကခ်င္သုေတသနဌာနက သံုးသပ္ထားပါတယ္။
==== Unicode ====
ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်
ရှစ်လေးလုံးအရေးတော်ပုံ နှိမ်နင်းခံလိုက်ရပြီး မကြာမီ တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့ အပစ်အခတ် ရပ်စဲတဲ့အချိန်ကစပြီး ယနေ့အထိ ကချင်-ယူနန်နယ်စပ်မှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲအကြောင်း လွန်ခဲ့တဲ့ မတ်လက စာတမ်းတစောင် ထွက်လာပါတယ်။ ကန်ပိုက်တီ၊ လွယ်ဂျယ်နဲ့ မူဆယ်ဒေသက အပြောင်းအလဲတွေကို သုတေသန လုပ်ထားတာပါ။ Conflicts and Development in Myanmar-China Border Region ဆိုတဲ့ စာတမ်းဖြစ်ပြီး Dan Seng Lawn နဲ့ Patrick Meehan ဦးဆောင်တဲ့ သုတေသနအဖွဲ့က ရေးသားထားတာ ဖြစ်ပါတယ်။ ဒေသခံတွေကို တွေ့ဆုံမေးမြန်းပြီး ရေးထားတာလို့ ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခကြောင့် နှစ်ပေါင်းများစွာ မတည်မငြိမ် ဖြစ်ခဲ့ရာက ရင်းနှီးမြုပ်နံှမှုနဲ့ ဖွံ့ဖြိုးမှုတွေ ရှိလာတဲ့အတွက် ဒေသခံတွေ ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ဆန်းစစ်ထားပါတယ်။ ဆက်သွယ်မှုအား ကောင်းလာလို့ အခွင့်အလမ်းတွေ များလာတဲ့ အကျိုးကို ခံစားရပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ စီးပွားရေးမညီမျှမှု၊ လူမှုရေးတင်းမာမှု၊ မြေယာမလုံခြုံမှုနဲ့ ပတ်ဝန်းကျင် ပျက်စီးမှုတွေကို ရင်ဆိုင်လာကြရတယ်လို့ ဆိုပါတယ်။ ကန်ပိုက်တီ၊ လွယ်ဂျယ်နဲ့ မူဆယ်ဒေသမှာ အတိတ်ကာလက ပဋိပက္ခတွေဟာ အသွင်အမျိုးမျိုးနဲ့ ဆက်လက်ရှင်သန်နေသေးတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ကန်ပိုက်တီ၊ လွယ်ဂျယ်နဲ့ မူဆယ်ဟာ အရင်က 'ဗကပ' ကွန်မြူနစ် ကြီးစိုးခဲ့တဲ့ နေရာတွေပါ။ ဗကပ ပြိုကွဲသွားတဲ့အခါမှာ ဒီနေရာကို တိုင်းရင်းသားလက်နက်ကိုင် အုပ်စုအမျိုးမျိုး ဝင်လာကြပြီး အကွဲကွဲအပြဲပြဲတွေ ဖြစ်ကြပါတယ်။ အတိတ်က ပြဿနာကို မဖြေရှင်းနိုင်ဘဲ နယ်စပ်ကို ချုပ်ကိုင်ဖို့ ကြိုးပမ်းကြပါတယ်။ အပစ်ရပ်ပြီး ဈေးကွက်ဖွင့်တဲ့အခါမှာ နယ်စပ်ဒေသဟာ စီးပွားရေးအချက်အချာ ဖြစ်လာပါတယ်။ အကြမ်းဖက်မှု လျော့နည်းသွားပေမယ့် လက်နက်ကိုင်တွေ သြဇာကြီးမားနေပါတယ်။ တရုတ်ကုန်ပစ္စည်းတွေ လှိမ့်ဝင်လာလို့ ဒေသခံတွေ အကျိုးခံစားရပေမဲ့ နိုင်ငံရေးပြဿနာ မဖြေရှင်းနိုင်တဲ့အတွက် မျှတတဲ့ တိုးတက်မှုကို မရနိုင်ဘူးလို့ ဆိုပါတယ်။ ကျောင်းတွေ၊ ဆေးရုံတွေ များလာလို့ ခံစားရတဲ့ အကျိုးအမြတ်ဟာ ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ အာဏာပိုင် အကျင့်ပျက်မှုတွေကို ပျောက်ပြယ်အောင် မလုပ်နိုင်ပါဘူး။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဟာ တရုတ်လွှမ်းမိုးတဲ့ တဘက်စောင်းနင်း ရောင်းဝယ်ရေး ဖြစ်နေပါတယ်။ မြန်မာဘက်က သဘာဝသယံဇာတနဲ့ ကုန်ကြမ်းပစ္စည်းလောက်သာ တရုတ်ဘက်ကို တင်ပို့နိုင်တာမို့ နယ်စပ်ကုန်သွယ်မှုကို တရုတ်က လက်ဝါးကြီး အုပ်ထားပါတယ်။ တရုတ်လုပ်ငန်းရှင်တွေလို နယ်စပ်အာဏာပိုင်တွေနဲ့ မဟာမိတ်လုပ်တာမျိုးကို ဒေသခံတွေက မလုပ်နိုင်တဲ့အတွက် တပန်းရှုံးနေပါတယ်။ အထူးစီးပွားရေးဇုန်နဲ့ နယ်စပ်စီးပွားရေးဇုန် ဖွင့်ပေးတာကို ကောင်းတဲ့ဘက်က မြင်သူတွေ ရှိသလို၊ မကောင်းတဲ့ဘက်က မြင်သူလည်း ရှိပါတယ်။ ယူနန်ပြည်နယ်နဲ့ မြန်မာပြည်နေရာအနံှ့အပြားက ရွှေ့ပြောင်းလုပ်သားတွေ ရောက်လာတာဟာ အစဉ်အလာ အဖွဲ့အစည်းကို ပြောင်းလဲစေပါတယ်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်မှာ နယ်စပ်ကုန်သွယ်ရေးဟာ အဓိက ပါဝင်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်း (၁၈) ခုရဲ့ ၂၀၂၁ ပထမ (၃) လပတ် တန်းဖိုးဟာ ဒေါ်လာသန်း ၉၂၈၀၀) ရှိတဲ့အနက် မူဆယ်ကတင် ဒေါ်လာသန်း (၁၅၀၀) ရှိနေပါတယ်။ တိုင်းပြည်ရဲ့ နယ်စပ်ကုန်သွယ်ရေး တဝက်ကျော် မူဆယ်က ယူထားတာပါ။ ကန်ပိုက်တီဟာလည်း အရေးပါလာတဲ့အတွက် မြစ်ကြီးနားစက်မှုဇုန်နဲ့ ဆက်စပ်ဖို့ အရေးကြီးလာပါတယ်။ မန္တလေး-မူဆယ် မီးရထားလမ်းစီမံကိန်းဟာ ဒေါ်လာသန်း (၉၀၀၀) ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသမှာ လက်နက်ကိုင်ပဋိပက္ခ နယ်မြေ ဖြစ်နေပါတယ်။ တပ်မတော်နဲ့ ဒေသခံလက်နက်ကိုင်တွေ ကြီးစိုးတာမို့ အာဏာပိုင်အမျိုးမျိုး ရှိနေပါတယ်။ မူဆယ်နဲ့ ကန်ပိုက်တီကြားက လွယ်ဂျယ်ဟာ KIA ထိန်းချုပ်တဲ့နယ်မြေ ဖြစ်ပါတယ်။
ကန်ပိုက်တီဟာ ပန်ဝါအခြေစိုက် ကချင်နယ်ခြားစောင့် ထိန်းချုပ်တဲ့ဒေသ ဖြစ်တာမို့ ပြည်သူ့စစ်အုပ်စုတွေ ပြိုင်ဆိုင်စွက်ဖက်တာကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ မူဆယ်မှာဆိုလည်း ပြည်သူ့စစ်တွေ ဆက်ကြေးကောက်တာကို ခံနေရဆဲ ဖြစ်ပါတယ်။ တပ်မတော်ကလည်း ဒီပြည်သူစစ်တွေကို လိုရင်လိုသလို အသုံးပြုနေတုန်း ဖြစ်ပါတယ်။ ပြည်သူ့စစ်တွေကလည်း အခွင့်အလမ်း ပွင့်ရင်ပွင့်သလို ကိုယ်ကျိုးရှာနေတုန်းပါ။ စီးပွားရေး အပြိုင်အဆိုင်လုပ်တဲ့ဒေသမှာ ပြည်သူစစ်တွေဟာ ကြားပွဲစားလုပ်ပြီး အမြတ်ထုတ်တတ်ပါတယ်။ ဒေသခံ တရုတ်လုပ်ငန်းရှင်တွေ တည်ထောင်ထားတဲ့ ပြည့်သူစစ်တောင် ရှိနေပါတယ်။
လွယ်ဂျယ်၊ ဗန်းမော်၊ ကန်ပိုက်တီ၊ မြစ်ကြီးနား၊ မူဆယ်၊ မန္တလေး ကားလမ်းတွေ ကောင်းလာလို့ နယ်စပ်စီးပွားရေး တိုးပွားလာပေမယ့် ဒေသခံပြည်သူ့ဘဝဟာ မထူးခြားလာပါဘူး။ လုပ်ငန်းအကြီးစားနဲ့ အလတ်စားဟာ တရုတ်ပိုင်တွေ များပါတယ်။ မြန်မာနိုင်ငံသား တရုတ်နဲ့ ဖက်စပ်လုပ်ပြီး မူဆယ်မှာ မြေယာအများအပြား ဝယ်ယူကြပါတယ်။ ဒေသခံအာဏာပိုင်တွေရဲ့ အလွဲသုံးစားလုပ်မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ပြည်သူတွေ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် နိုင်ငံရေးအရ ဖြေရှင်းဖို့ စိတ်မကူးဘဲ စီးပွားရေးကိုသာ အဓိကထားတာဟာ ရေလတ်နဲ့ ရေရှည်မှာ အန္တရာယ်ရှိနိုင်ကြောင်း ကချင်သုတေသနဌာနက သုံးသပ်ထားပါတယ်။