သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပတၱျမားနဲ႔ လက္နက္ကိုင္ပဋိပကၡ


မိုးကုတ္နဲ႔ မိုင္းရႈး ရတနာေျမ (ဓါတ္ပံု -- Global Witness)

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ပတၱျမား၊ နီလာနဲ႔ အျခားေရာင္စုံရတနာေတြ ပါဝင္တဲ့ ျမန္မာ့ေက်ာက္မ်က္လုပ္ငန္းမွာ တပ္မေတာ္အပါအဝင္ လက္နက္ကိုင္အဖြဲ႕အစည္းေတြ အက်ိဳးအျမတ္ခံစားေနရပုံကို Global Witness အဖြဲ႕က မၾကာမီက စာမ်က္ႏွာ (၇၀) အစီရင္ခံစာ ထုတ္ျပန္ထားပါတယ္။ သတၱဳလုပ္ငန္းအစီရင္ခံစာ ေကာ္ပိုေရးရွင္းမွတ္တမ္း၊ ကုန္သြယ္ေရးမွတ္တမ္းေတြကို ေလ့လာတဲ့အျပင္ အစိုးရအရာထမ္း၊ ေက်ာက္မ်က္လုပ္ငန္းမွာ ပါဝင္သူေတြနဲ႔ ေဒသခံ (၁၅၀) ေက်ာ္ကို ေတြ႕ဆုံေမးျမန္းတဲ့အေပၚမွာ အေျခခံၿပီး Conflict Rubies ဆိုတဲ့ အစီရင္ခံစာကို အေသးစိတ္ ေရးသားထားတာ ျဖစ္ပါတယ္။

ေက်ာက္မ်က္လုပ္ငန္းမွာလည္း တရားဝင္ထုတ္လုပ္မႈနဲ႔ တရားမဝင္ ေမွာင္ခိုထုတ္ယူမႈဆိုၿပီး ႏွစ္မ်ိဳးႏွစ္စား ရွိပါတယ္။ ၂၀၁၄ ကေန ၂၀၁၇ အထိ ေလးႏွစ္ကာလအတြင္း တရားဝင္ထုတ္လုပ္မႈဟာ ႏွစ္စဥ္ပ်မ္းမွ် ေဒၚလာသန္း (၄၀၀) ေလာက္ ရွိတယ္လို႔ ဆိုပါတယ္။ ေမွာင္ခိုကုန္သြယ္မႈကို ထည့္ေပါင္းလိုက္ရင္ေတာ့ ႏွစ္စဥ္ပ်မ္းမွ်တန္းဖိုး ေဒၚလာသန္း (၁၅၀၀) နဲ႔ (၂၀၀၀) ၾကား ရွိတယ္လို႔ ခန႔္မွန္းပါတယ္။ အခုေတာ့ ဒီလုပ္ငန္းဟာ စစ္ေကာင္စီလက္ထဲ ေရာက္သြားဖြယ္ ရွိပါတယ္။ ျမန္မာ့စီးပြားေရး ဦးပိုင္ကုမၸဏီနဲ႔ လက္ေအာက္ခံ အစုအဖြဲ႕ေတြဟာ မိုးကုတ္ေက်ာက္မ်က္လုပ္ငန္းကို ႀကီးစိုးထားသူေတြ ျဖစ္ပါတယ္။

စစ္ေကာင္စီအာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း နားလည္မႈနဲ႔ ေက်ာက္မ်က္တူးတာဟာ အရွိန္အဟုန္နဲ႔ တိုးပြားလာတယ္လို႔ ဆိုပါတယ္။ စစ္တပ္နဲ႔ နီးစပ္လို႔ တူးေဖာ္ခြင့္ လိုင္စင္ရထားတဲ့ ကုမၸဏီႀကီးေတြဟာ သူတို႔ရထားတဲ့ လုပ္ကြက္ေတြထဲမွာ ေဒသခံေတြကို တႏိုင္တပိုင္ တူးေဖာ္ခြင့္ေပးၿပီး ေငြေၾကးေကာက္ယူၾကပါတယ္။ ဒါေပမဲ့ မိုးကုတ္ၿမိဳ႕နယ္ဟာ ေအးခ်မ္းတာေတာ့ မဟုတ္ပါဘူး။ အာဏာသိမ္းမႈ ဆန႔္က်င္ေရးဆႏၵျပပြဲေတြနဲ႔ ပစ္ခတ္ဖမ္းဆီးထိန္းသိမ္းမႈ ရွိေနပါတယ္။ စစ္ေကာင္စီတပ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ေတြလည္း မၾကာခဏ တိုက္ပြဲျဖစ္ပြားပါတယ္။ ေက်ာက္မ်က္ထြက္ရာမွာ နာမည္ႀကီးတဲ့ မိုင္းရႈးၿမိဳ႕နယ္ အလားတူ နားလည္မႈယူၿပီး တူးေဖာ္တာေတြ ရွိပါတယ္။ အဲဒီမွာလည္း ရွမ္းလက္နက္ကိုင္အခ်င္းခ်င္း တိုက္ခိုက္ၾကလို႔ ေနရပ္ကထြက္ေျပးၿပီး စစ္ေရွာင္သူေတြ မ်ားျပားလာပါတယ္။

ေက်ာက္မ်က္တူးေဖာ္ရာေဒသမွာ လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ပြားေနေပမယ့္ ဘန္ေကာက္၊ ေဟာင္ေကာင္၊ နယူးေယာက္နဲ႔ လန္ဒန္မွာေတာ့ ေဒၚလာသန္းေပါင္းေထာင္ခ်ီၿပီး ေက်ာက္မ်က္ေရာင္းဝယ္ေနၾကပါတယ္။ ျမန္မာ့ပတၱျမားနဲ႔ အျခားေက်ာက္မ်က္ေတြဟာ လက္လီေဈးကြက္မွာ အေရာင္းသြက္တယ္လို႔ ဆိုပါတယ္။ ျမန္မာျပည္က ေက်ာက္မ်က္အ႐ိုင္းတုံးကို ထိုင္းႏိုင္ငံမွာ စီမံျပဳျပင္ၿပီး ႏိုင္ငံတကာ ေက်ာက္မ်က္ကုမၸဏီေတြကတဆင့္ ေရာင္းဝယ္ၾကပါတယ္။ ႏိုင္ငံတကာ ေက်ာက္မ်က္ကုမၸဏီ (၃၀) ကို Global Witness က စုံစမ္းေမးျမန္းတဲ့အခါမွာ သူတို႔ ေရာင္းဝယ္တဲ့ေက်ာက္မ်က္မွာ ေသြးစြန္းေနတာကို မသိၾကတာမ်ားပါတယ္။ ျမန္မာျပည္ထြက္ ေက်ာက္မ်က္ကို ေရာင္းဝယ္မႈမျပဳဖို႔ အတိအလင္း ေၾကညာတဲ့ ကုမၸဏီ (၄) ခုသာ ရွိပါတယ္။ ကမာၻ႔ပတၱျမား ထုတ္လုပ္မႈမွာ ျမန္မာက (၉၀)% ရယူထားပါတယ္။

တပ္မေတာ္ပိုင္ကုမၸဏီေတြ ေက်ာက္မ်က္ေလာကမွာ အျမတ္ထုတ္ေနတာ ၾကာပါၿပီ။ တိုင္းရင္းသားလက္နက္ကိုင္ေတြလည္း ဒီလုပ္ငန္းကို စိတ္ဝင္စားၾကပါတယ္။ အပစ္ရပ္အဖြဲ႕ေတြျဖစ္တဲ့ ကိုးကန႔္နဲ႔ မိုင္းလားတပ္ဖြဲ႕ေတြဟ မိုင္းရႈးေက်ာက္တြင္းေတြမွာ အရင္ဆုံး ရင္းႏွီးျမဳပ္နံွၾကသူေတြ ျဖစ္ပါတယ္။ မိုးကုတ္နဲ႔မိုင္းရႈးမွာ ဝတပ္ဖြဲ႕နဲ႔ တပ္မေတာ္ဟာ စီးပြားဖက္ ျဖစ္ပါတယ္။ ပအို႔အမ်ိဳးသားအဖြဲ႕ခ်ဳပ္ဟာ မိုင္းရႈးမွာ ေက်ာက္တြင္းတခုရွိၿပီး မိုးကုတ္မွာ ဖက္စပ္လုပ္ငန္း (၃) ခု ရွိပါတယ္။ ေနျပည္ေတာ္မွာ ေက်ာက္ျဖတ္စက္႐ုံ တည္ေထာင္တဲ့အထိ ေက်ာက္မ်က္လုပ္ငန္းမွာ ထဲထဲဝင္ဝင္ ပါဝင္ေနပါတယ္။ ပတၱျမားနဂါးကုမၸဏီကိုလည္း ပအို႔အဖြဲ႕ကပိုင္ပါတယ္။ ေျမာက္ပိုင္းရွမ္းတပ္ဖြဲ႕ကလည္း မိုင္းရႈးမွာ ရင္းႏွီးထားပုံရပါတယ္။ တပ္ဖြဲ႕ဌာနခ်ဳပ္ အေျခစိုက္တဲ့ ဝမ္ဟိုင္းဟာ မိုင္းရႈးနဲ႔ မိုင္ (၂၀) သာ ကြာေဝးပါတယ္။

ေက်ာက္မ်က္လုပ္ငန္းနဲ႔ ပတ္သက္ၿပီး တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြ ပဋိပကၡ ျဖစ္ၾကသလို၊ တိုင္းရင္းသားအခ်င္းခ်င္းလည္း တိုက္ခိုက္ၾကပါတယ္။ အေသးစားတိုက္ပြဲေလးေတြ ျဖစ္ေနတဲ့အတြက္ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ရဲ႕ အက်ိဳးတူစီးပြားေရးကို သတိမျပဳမိၾကတာလို႔ ဆိုပါတယ္။ စီးပြားေရးေလာကတခုလုံးမွာ တပ္မေတာ္နဲ႔ စီးပြားဖက္ ဆက္ဆံေရးေတြ ရွိေနတဲ့အတြက္ရွိရင္းစြဲ အေျခအေနကိုသာ ဆက္လက္ထိန္းသိမ္းထားလိုၾကတယ္လို႔ ဆိုပါတယ္။ ကိုယ္က်ိဳးစီးပြားကိုသာ အဓိကဦးစားေပးၾကပါတယ္။ ဝတပ္ဖြဲ႕၊ မိုင္းလားတပ္ဖြဲ႕နဲ႔ ေျမာက္ပိုင္းရွမ္းတပ္ဖြဲ႕ေတြမွာ စစ္ေကာင္စီကို တိုက္ခိုက္ၿပီးျဖဳတ္ခ်ဖို႔ အစီအစဥ္ မရွိၾကပါဘူး။

ေတာင္ပိုင္းရွမ္းတပ္ဖြဲ႕ကေတာ့ ထိုင္းနယ္စပ္ေက်ာက္မ်က္ကုန္သြယ္မႈကို ထိန္းခ်ဳပ္ထားတယ္လို႔ ဆိုပါတယ္။ ေတာင္ပိုင္းရွမ္းတပ္ဖြဲ႕ရဲ႕ ဌာနခ်ဳပ္ဟာ ထိုင္းႏိုင္ငံနယ္စပ္ လြယ္တိုင္းလ်ံမွာ ရွိပါတယ္။ မိုင္းရႈးေက်ာက္မ်က္နဲ႔ ထိုင္းကုန္သည္ေတြအၾကား ဆက္သြယ္ေပးခဲ့တဲ့ သမိုင္းအစဥ္အလာ ရွိပါတယ္။ ဝန္ထမ္း (၄၀) ေလာက္ရွိတဲ့ ေက်ာက္မ်က္စီမံျပဳျပင္ေရးစက္႐ုံ လြယ္တိုင္းလွ်ံမွာ တည္ေထာင္ထားပါတယ္။ မိုးကုတ္နဲ႔ မိုင္းရႈးပတၱျမား ဝယ္လိုတဲ့ ထိုင္းကုန္သည္ေတြဟာ ေတာင္ပိုင္းရွမ္းတပ္ဖြဲ႕နဲ႔ ဆက္သြယ္ၿပီး လုပ္ကိုင္ၾကပါတယ္။ ပတၱျမားနဲ႔ လက္နက္ကိုင္ေတြ ဒြန္တြဲေနတာ သိသာထင္ရွားလွပါတယ္။

===Unicode ====

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ပတ္တမြား၊ နီလာနဲ့ အခြားရောင်စုံရတနာတွေ ပါဝင်တဲ့ မြန်မာ့ကျောက်မျက်လုပ်ငန်းမှာ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေ အကျိုးအမြတ်ခံစားနေရပုံကို Global Witness အဖွဲ့က မကြာမီက စာမျက်နှာ (၇၀) အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ သတ္တုလုပ်ငန်းအစီရင်ခံစာ ကော်ပိုရေးရှင်းမှတ်တမ်း၊ ကုန်သွယ်ရေးမှတ်တမ်းတွေကို လေ့လာတဲ့အပြင် အစိုးရအရာထမ်း၊ ကျောက်မျက်လုပ်ငန်းမှာ ပါဝင်သူတွေနဲ့ ဒေသခံ (၁၅၀) ကျော်ကို တွေ့ဆုံမေးမြန်းတဲ့အပေါ်မှာ အခြေခံပြီး Conflict Rubies ဆိုတဲ့ အစီရင်ခံစာကို အသေးစိတ် ရေးသားထားတာ ဖြစ်ပါတယ်။

ကျောက်မျက်လုပ်ငန်းမှာလည်း တရားဝင်ထုတ်လုပ်မှုနဲ့ တရားမဝင် မှောင်ခိုထုတ်ယူမှုဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ၂၀၁၄ ကနေ ၂၀၁၇ အထိ လေးနှစ်ကာလအတွင်း တရားဝင်ထုတ်လုပ်မှုဟာ နှစ်စဉ်ပျမ်းမျှ ဒေါ်လာသန်း (၄၀၀) လောက် ရှိတယ်လို့ ဆိုပါတယ်။ မှောင်ခိုကုန်သွယ်မှုကို ထည့်ပေါင်းလိုက်ရင်တော့ နှစ်စဉ်ပျမ်းမျှတန်းဖိုး ဒေါ်လာသန်း (၁၅၀၀) နဲ့ (၂၀၀၀) ကြား ရှိတယ်လို့ ခန့်မှန်းပါတယ်။ အခုတော့ ဒီလုပ်ငန်းဟာ စစ်ကောင်စီလက်ထဲ ရောက်သွားဖွယ် ရှိပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ လက်အောက်ခံ အစုအဖွဲ့တွေဟာ မိုးကုတ်ကျောက်မျက်လုပ်ငန်းကို ကြီးစိုးထားသူတွေ ဖြစ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်း နားလည်မှုနဲ့ ကျောက်မျက်တူးတာဟာ အရှိန်အဟုန်နဲ့ တိုးပွားလာတယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ နီးစပ်လို့ တူးဖော်ခွင့် လိုင်စင်ရထားတဲ့ ကုမ္ပဏီကြီးတွေဟာ သူတို့ရထားတဲ့ လုပ်ကွက်တွေထဲမှာ ဒေသခံတွေကို တနိုင်တပိုင် တူးဖော်ခွင့်ပေးပြီး ငွေကြေးကောက်ယူကြပါတယ်။ ဒါပေမဲ့ မိုးကုတ်မြို့နယ်ဟာ အေးချမ်းတာတော့ မဟုတ်ပါဘူး။ အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေနဲ့ ပစ်ခတ်ဖမ်းဆီးထိန်းသိမ်းမှု ရှိနေပါတယ်။ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း မကြာခဏ တိုက်ပွဲဖြစ်ပွားပါတယ်။ ကျောက်မျက်ထွက်ရာမှာ နာမည်ကြီးတဲ့ မိုင်းရှုးမြို့နယ် အလားတူ နားလည်မှုယူပြီး တူးဖော်တာတွေ ရှိပါတယ်။ အဲဒီမှာလည်း ရှမ်းလက်နက်ကိုင်အချင်းချင်း တိုက်ခိုက်ကြလို့ နေရပ်ကထွက်ပြေးပြီး စစ်ရှောင်သူတွေ များပြားလာပါတယ်။

ကျောက်မျက်တူးဖော်ရာဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေပေမယ့် ဘန်ကောက်၊ ဟောင်ကောင်၊ နယူးယောက်နဲ့ လန်ဒန်မှာတော့ ဒေါ်လာသန်းပေါင်းထောင်ချီပြီး ကျောက်မျက်ရောင်းဝယ်နေကြပါတယ်။ မြန်မာ့ပတ္တမြားနဲ့ အခြားကျောက်မျက်တွေဟာ လက်လီဈေးကွက်မှာ အရောင်းသွက်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်က ကျောက်မျက်အရိုင်းတုံးကို ထိုင်းနိုင်ငံမှာ စီမံပြုပြင်ပြီး နိုင်ငံတကာ ကျောက်မျက်ကုမ္ပဏီတွေကတဆင့် ရောင်းဝယ်ကြပါတယ်။ နိုင်ငံတကာ ကျောက်မျက်ကုမ္ပဏီ (၃၀) ကို Global Witness က စုံစမ်းမေးမြန်းတဲ့အခါမှာ သူတို့ ရောင်းဝယ်တဲ့ကျောက်မျက်မှာ သွေးစွန်းနေတာကို မသိကြတာများပါတယ်။ မြန်မာပြည်ထွက် ကျောက်မျက်ကို ရောင်းဝယ်မှုမပြုဖို့ အတိအလင်း ကြေညာတဲ့ ကုမ္ပဏီ (၄) ခုသာ ရှိပါတယ်။ ကမ္ဘာ့ပတ္တမြား ထုတ်လုပ်မှုမှာ မြန်မာက (၉၀)% ရယူထားပါတယ်။

တပ်မတော်ပိုင်ကုမ္ပဏီတွေ ကျောက်မျက်လောကမှာ အမြတ်ထုတ်နေတာ ကြာပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ဒီလုပ်ငန်းကို စိတ်ဝင်စားကြပါတယ်။ အပစ်ရပ်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်နဲ့ မိုင်းလားတပ်ဖွဲ့တွေဟ မိုင်းရှုးကျောက်တွင်းတွေမှာ အရင်ဆုံး ရင်းနှီးမြုပ်နံှကြသူတွေ ဖြစ်ပါတယ်။ မိုးကုတ်နဲ့မိုင်းရှုးမှာ ဝတပ်ဖွဲ့နဲ့ တပ်မတော်ဟာ စီးပွားဖက် ဖြစ်ပါတယ်။ ပအို့အမျိုးသားအဖွဲ့ချုပ်ဟာ မိုင်းရှုးမှာ ကျောက်တွင်းတခုရှိပြီး မိုးကုတ်မှာ ဖက်စပ်လုပ်ငန်း (၃) ခု ရှိပါတယ်။ နေပြည်တော်မှာ ကျောက်ဖြတ်စက်ရုံ တည်ထောင်တဲ့အထိ ကျောက်မျက်လုပ်ငန်းမှာ ထဲထဲဝင်ဝင် ပါဝင်နေပါတယ်။ ပတ္တမြားနဂါးကုမ္ပဏီကိုလည်း ပအို့အဖွဲ့ကပိုင်ပါတယ်။ မြောက်ပိုင်းရှမ်းတပ်ဖွဲ့ကလည်း မိုင်းရှုးမှာ ရင်းနှီးထားပုံရပါတယ်။ တပ်ဖွဲ့ဌာနချုပ် အခြေစိုက်တဲ့ ဝမ်ဟိုင်းဟာ မိုင်းရှုးနဲ့ မိုင် (၂၀) သာ ကွာဝေးပါတယ်။

ကျောက်မျက်လုပ်ငန်းနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပဋိပက္ခ ဖြစ်ကြသလို၊ တိုင်းရင်းသားအချင်းချင်းလည်း တိုက်ခိုက်ကြပါတယ်။ အသေးစားတိုက်ပွဲလေးတွေ ဖြစ်နေတဲ့အတွက် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ရဲ့ အကျိုးတူစီးပွားရေးကို သတိမပြုမိကြတာလို့ ဆိုပါတယ်။ စီးပွားရေးလောကတခုလုံးမှာ တပ်မတော်နဲ့ စီးပွားဖက် ဆက်ဆံရေးတွေ ရှိနေတဲ့အတွက်ရှိရင်းစွဲ အခြေအနေကိုသာ ဆက်လက်ထိန်းသိမ်းထားလိုကြတယ်လို့ ဆိုပါတယ်။ ကိုယ်ကျိုးစီးပွားကိုသာ အဓိကဦးစားပေးကြပါတယ်။ ဝတပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့နဲ့ မြောက်ပိုင်းရှမ်းတပ်ဖွဲ့တွေမှာ စစ်ကောင်စီကို တိုက်ခိုက်ပြီးဖြုတ်ချဖို့ အစီအစဉ် မရှိကြပါဘူး။

တောင်ပိုင်းရှမ်းတပ်ဖွဲ့ကတော့ ထိုင်းနယ်စပ်ကျောက်မျက်ကုန်သွယ်မှုကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ တောင်ပိုင်းရှမ်းတပ်ဖွဲ့ရဲ့ ဌာနချုပ်ဟာ ထိုင်းနိုင်ငံနယ်စပ် လွယ်တိုင်းလျံမှာ ရှိပါတယ်။ မိုင်းရှုးကျောက်မျက်နဲ့ ထိုင်းကုန်သည်တွေအကြား ဆက်သွယ်ပေးခဲ့တဲ့ သမိုင်းအစဉ်အလာ ရှိပါတယ်။ ဝန်ထမ်း (၄၀) လောက်ရှိတဲ့ ကျောက်မျက်စီမံပြုပြင်ရေးစက်ရုံ လွယ်တိုင်းလျှံမှာ တည်ထောင်ထားပါတယ်။ မိုးကုတ်နဲ့ မိုင်းရှုးပတ္တမြား ဝယ်လိုတဲ့ ထိုင်းကုန်သည်တွေဟာ တောင်ပိုင်းရှမ်းတပ်ဖွဲ့နဲ့ ဆက်သွယ်ပြီး လုပ်ကိုင်ကြပါတယ်။ ပတ္တမြားနဲ့ လက်နက်ကိုင်တွေ ဒွန်တွဲနေတာ သိသာထင်ရှားလှပါတယ်။

XS
SM
MD
LG