သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ႏွင့္ ျမန္မာ့စီးပြါးေရးခြန္အား


A man wearing a face mask rides a bike on an empty road,
COVID-19 ႏွင့္ ျမန္မာ့စီးပြါးေရးခြန္အား
please wait

No media source currently available

0:00 0:10:53 0:00
တိုက္႐ိုက္ လင့္ခ္

COVID-19 ျပႆနာ ကိုင္တြယ္ေျဖရွင္းေရးအတြက္ ျမန္မာႏိုင္ငံမွာ စီးပြါးေရးအင္အား အလုံအေလာက္ ရိွပါရဲ႕လား၊ က်န္းမာေရး အသုံးစရိတ္ ပိုမိုရွိေအာင္ ဘယ္လို လုပ္ေဆာင္သင့္သလဲ စတာေတြကို ျမန္မာ့အေရးသုံးသပ္သူ ေဒါက္တာတင္ေမာင္သန္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးထားပါတယ္။ ေလာေလာဆယ္ အခက္ႀကဳံေနရတဲ့ ဆင္းရဲသားေတြကို ကူညီပံ့ပိုးမႈေတြေကာ ဘယ္ေလာက္ ထိေရာက္သလဲဆိုတာကို ေဒါက္တာတင္ေမာင္သန္း က အခုလို စေျပာပါတယ္။


ေျဖ ။ ။ က်ေနာ္ကေတာ့ ထိေရာက္တယ္လို႔ ထင္ပါတယ္။ လံုးဝရာႏႈန္းျပည့္ ျဖစ္တယ္လို႔ေတာ့ မထင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔မွာက အခြန္ေဆာင္တဲ့စနစ္၊ ဝင္ေငြေၾကညာတဲ့စနစ္ေတြ မရိွပါဘူး။ ေနာက္တခါ ဆင္းရဲမႈပေပ်ာက္ေရး လုပ္ငန္းစဥ္မွာလဲ ဘယ္သူေတြက ဆင္းရဲတယ္ဆိုတာကို ေဖာ္ထုတ္သတ္မွတ္ထားတာ မရိွပါဘူး။ ၂၀၁၂ တုန္းက ဆင္းရဲမႈပေပ်ာက္ေရး ေဆြးေႏြးပြဲႀကီးလုပ္တယ္။ အဲဒီတုန္းက သမၼတဦးသိန္းစိန္နဲ႔ အတိုက္အခံေခါင္းေဆာင္၊ NLD ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ ေတြ႔ၾကတယ္။ တဆက္တည္းမွာပဲ ေနာက္တႏွစ္ေလာက္ၾကာမွာ လူမႈ႔ဖူလံုေရး အလုပ္ရံုေဆြးေႏြးပြဲႀကီး လုပ္တယ္။ ဒါေပမဲ့ က်ေနာ္တို႔မွာ ဘယ္သူေတြက တကယ္ေထာက္ပံ့မႈ လိုအပ္သလဲဆိုတာ သတ္မွတ္ေဖာ္ထုတ္ထားတာ မရိွပါဘူး။ စံႏႈန္းလည္း မရိွပါဘူး။

ကပ္ေရာဂါျဖစ္တဲ့အခါမွာ အလ်င္အျမန္ လုပ္ေဆာင္ရတာပါ။ ဒီအေျခအေနထဲကေန ကိုင္တြယ္ပံုကို နားလည္ဖို႔ လိုမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ အခုကေတာ့ အစိုးရက အလုပ္မရိွတဲ့လူေတြ၊ ဝင္ေငြမရိွတဲ့ လူေတြကို ကူညီေထာက္ပံ့တယ္။ စားနပ္ရိကၡာေတြ ေဝေပးတယ္။ ေစတနာဝန္ထမ္းအဖြဲ႔ေတြလည္း ရိွတယ္။ ေနာက္ ဥေရာပသမဂၢကလည္း အလုပ္လက္မဲ့ျဖစ္သြားတဲ့ လူ (၄) ေသာင္းခြဲအတြက္ ေဒၚလာဘယ္ေလာက္ေပးမယ္ စသျဖင့္ အဲဒါေတြကေရာ ေနရာမွန္မွန္ကန္ကန္ကို ေရာက္မယ္ထင္ပါသလား။ ျပည္ပအကူအညီေတြနဲ႔ ေစတနာဝန္ထမ္းေတြ ကူညီေနၾကတာေတြက ဘယ္ေလာက္အထိ ထိေရာက္တယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ အမ်ားစုကေတာ့ ေရာက္မွာပါ။ ရာႏႈန္းျပည့္မွာ လႊဲေခ်ာ္တာေလးေတြေတာ့ ရိွႏိုင္ပါတယ္။ အခြင့္အေရး ယူသြားႏိုင္တာေတြလဲ ရိွႏုိင္ပါတယ္။ ဒါေပမဲ့ ရာႏႈန္းေတာ္ေတာ္မ်ားမ်ားကေတာ့ တကယ္လိုလားေနသူေတြဆီ ေရာက္မွာပါ။

ေမး ။ ။ ဆင္းရဲႏြမ္းပါးတဲ့လူေတြကို ကူညီေနတဲ့အျပင္ စီးပြားေရးလုပ္ငန္းေတြ ရွင္သန္ေရးအတြက္လဲ ႏိုင္ငံေတာ္အစိုးရက ပံ့ပိုးေပးမယ္လို႔ ၾကားသိရပါတယ္။

ေျဖ ။ ။ အေသးစိတ္ေတာ့ က်ေနာ္မသိဘူး။ တခ်ဳိ ႔ႏိုင္ငံေတြမွာ လုပ္တာကေတာ့ အဲဒီလို စီးပြားေရးလုပ္ငန္းေတြကို ေထာက္ပံ့ကူညီတဲ့အခါမွာ လက္ရိွဝန္ထမ္းေတြကို ဆက္လက္ထိန္းသိမ္းထားမယ္ဆိုတဲ့ အေျခအေန။ ၿပီးရင္ လက္ရိွ ဝန္ထမ္းေတြကို လစာတစံုတရာ ဆက္လက္ေပးမယ္ဆိုရင္ စသျဖင့္ သတ္မွတ္ခ်က္ေတြနဲ႔ အကူအညီေတြကို လုပ္ပါတယ္။ ျမန္မာႏုိင္ငံမွာေတာ့ အဲဒီလိုလုပ္တယ္လို႔ အခုထက္ထိေတာ့ မၾကားမိေသးပါဘူး။ တနည္းေျပာလို႔ရိွရင္ အလုပ္လက္မဲ့ မျဖစ္ေစဖို႔၊ တားဆီးကာကြယ္ဖုိ႔ဆိုတဲ့ မူဝါဒနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ေထာက္ပံ့ကူညီေရးကို ေဆာင္ရြက္တာကို ေတြ႔ရပါတယ္။ ျမန္မာႏုိင္ငံမွာလဲ အဲဒီလို စဥ္းစားစရာ ေကာင္းမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ ပုဂၢလိကက႑မွာ လုပ္ေနတဲ့ အလုပ္သမားေတြၾကေတာ့ သူတို႔မွာ ပုဂၢလိကလုပ္ငန္းေတြ ရပ္ဆိုင္းသြားတယ္။ တခ်ဳိ ႔ဆို စက္ရံုပိတ္လိုက္ရလို႔ အလုပ္လက္မဲ့ ျဖစ္သြားတယ္။ အဲဒီလိုကိစၥရပ္ေတြ ရိွေနေတာ့ တကယ္တမ္း အေရးႀကီးတာကေတာ့ ပုဂၢလိကလုပ္ငန္းေတြ မရပ္ဆိုင္းသြားေအာင္ ပုဂၢလိကက႑ကို ကူညီပံ့ပိုးရမယ့္ အပိုင္းေတြ လိုမယ္ထင္ပါတယ္။ အဲဒါကို ျမန္မာႏုိင္ငံက ဘယ္ေလာက္လုပ္ႏို္င္တယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ လုပ္ငန္းေတြ ရပ္ဆိုင္းသြားတာကေတာ့ ေယဘုယ်အားျဖင့္ တျခားႏုိင္ငံေတြမွာလဲ ဒီလိုကပ္ေရာဂါ ျပႆနာေတြ ႀကံဳလာတယ္။ ဒါေၾကာင့္မို႔ Supply Chain လို႔ေျပာတဲ့ ဆက္ႏႊယ္မႈအားလံုးမွာ ထိခိုက္မႈ သေဘာပါပဲ။ ဆိုတဲ့အခါၾကေတာ့ အဲဒီလုပ္ငန္းေတြ ပ်က္သြားမလဲ။ မပ်က္ဘူးလားဆိုတာက သူတုိ႔ရဲ ႔ Supply Chain တေလွ်ာက္မွာရိွတဲ့ Chain ႀကီးတခုလံုးမွာ ဆက္ၿပီးေကာင္းေနမွ ရိွမွာပါ။ အဲဒီေတာ့ ဒါက ဘယ္လိုေျပာမလဲ အစိုးရတရပ္ရဲ ႔ လက္လွမ္းမမီတဲ့ကိစၥေတြ ေတာ္ေတာ္မ်ားမ်ား ရိွပါတယ္။ အဲဒီေတာ့ စီးပြားေရးလုပ္ငန္းေတြ ထိခိုက္နစ္နာသြားမယ္ဆိုလို႔ရိွရင္ အဲဒီထိခိုက္နစ္နာသြားတာက ဘာေၾကာင့္လဲ။ ဒါကို ေဖာ္ထုတ္ဖို႔ လုိပါတယ္။ ဘယ္ေနရာမွာ ကူညီေပးမွာလဲ သတ္မွတ္ဖို႔ လိုလိမ့္မယ္ထင္ပါတယ္။ အခ်ိန္နည္းနည္း ေလ့လာဖို႔ လိုမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ တခ်ဳိ ႔ႏုိင္ငံေတြမွာဆိုရင္ ဒီလိုလုပ္ငန္းရွင္ေတြက အစိုးရကို ေပးေဆာင္ရမယ့္ အခြန္ေတြကို ဆိုင္းငံထားတာ၊ ေလွ်ာ့ေပါ့လိုက္တာတို႔ ေနာက္ၿပီးေတာ့ လိုအပ္တဲ့ အရင္းအႏီွးေတြလည္း ေထာက္ပံ့တယ္လို႔ ၾကားရပါတယ္။ ျမန္မာႏုိင္ငံမွာေကာ အဲဒီလိုလုပ္ေဆာင္တာေတြ ၾကားရပါသလား။ ျဖစ္ေကာျဖစ္ႏိုင္မလား။

===Unicode ==

COVID-19 ပြဿနာ ကိုင်တွယ်ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံမှာ စီးပွါးရေးအင်အား အလုံအလောက် ရှိပါရဲ့လား၊ ကျန်းမာရေး အသုံးစရိတ် ပိုမိုရှိအောင် ဘယ်လို လုပ်ဆောင်သင့်သလဲ စတာတွေကို မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးထားပါတယ်။ လောလောဆယ် အခက်ကြုံနေရတဲ့ ဆင်းရဲသားတွေကို ကူညီပံ့ပိုးမှုတွေကော ဘယ်လောက် ထိရောက်သလဲဆိုတာကို ဒေါက်တာတင်မောင်သန်း က အခုလို စပြောပါတယ်။
ဖြေ ။ ။ ကျနော်ကတော့ ထိရောက်တယ်လို့ ထင်ပါတယ်။ လုံးဝရာနှုန်းပြည့် ဖြစ်တယ်လို့တော့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာက အခွန်ဆောင်တဲ့စနစ်၊ ဝင်ငွေကြေညာတဲ့စနစ်တွေ မရှိပါဘူး။ နောက်တခါ ဆင်းရဲမှုပပျောက်ရေး လုပ်ငန်းစဉ်မှာလဲ ဘယ်သူတွေက ဆင်းရဲတယ်ဆိုတာကို ဖော်ထုတ်သတ်မှတ်ထားတာ မရှိပါဘူး။ ၂၀၁၂ တုန်းက ဆင်းရဲမှုပပျောက်ရေး ဆွေးနွေးပွဲကြီးလုပ်တယ်။ အဲဒီတုန်းက သမ္မတဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင်၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ကြတယ်။ တဆက်တည်းမှာပဲ နောက်တနှစ်လောက်ကြာမှာ လူမှု့ဖူလုံရေး အလုပ်ရုံဆွေးနွေးပွဲကြီး လုပ်တယ်။ ဒါပေမဲ့ ကျနော်တို့မှာ ဘယ်သူတွေက တကယ်ထောက်ပံ့မှု လိုအပ်သလဲဆိုတာ သတ်မှတ်ဖော်ထုတ်ထားတာ မရှိပါဘူး။ စံနှုန်းလည်း မရှိပါဘူး။

ကပ်ရောဂါဖြစ်တဲ့အခါမှာ အလျင်အမြန် လုပ်ဆောင်ရတာပါ။ ဒီအခြေအနေထဲကနေ ကိုင်တွယ်ပုံကို နားလည်ဖို့ လိုမယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ အခုကတော့ အစိုးရက အလုပ်မရှိတဲ့လူတွေ၊ ဝင်ငွေမရှိတဲ့ လူတွေကို ကူညီထောက်ပံ့တယ်။ စားနပ်ရိက္ခာတွေ ဝေပေးတယ်။ စေတနာဝန်ထမ်းအဖွဲ့တွေလည်း ရှိတယ်။ နောက် ဥရောပသမဂ္ဂကလည်း အလုပ်လက်မဲ့ဖြစ်သွားတဲ့ လူ (၄) သောင်းခွဲအတွက် ဒေါ်လာဘယ်လောက်ပေးမယ် စသဖြင့် အဲဒါတွေကရော နေရာမှန်မှန်ကန်ကန်ကို ရောက်မယ်ထင်ပါသလား။ ပြည်ပအကူအညီတွေနဲ့ စေတနာဝန်ထမ်းတွေ ကူညီနေကြတာတွေက ဘယ်လောက်အထိ ထိရောက်တယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ အများစုကတော့ ရောက်မှာပါ။ ရာနှုန်းပြည့်မှာ လွှဲချော်တာလေးတွေတော့ ရှိနိုင်ပါတယ်။ အခွင့်အရေး ယူသွားနိုင်တာတွေလဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရာနှုန်းတော်တော်များများကတော့ တကယ်လိုလားနေသူတွေဆီ ရောက်မှာပါ။

မေး ။ ။ ဆင်းရဲနွမ်းပါးတဲ့လူတွေကို ကူညီနေတဲ့အပြင် စီးပွားရေးလုပ်ငန်းတွေ ရှင်သန်ရေးအတွက်လဲ နိုင်ငံတော်အစိုးရက ပံ့ပိုးပေးမယ်လို့ ကြားသိရပါတယ်။

ဖြေ ။ ။ အသေးစိတ်တော့ ကျနော်မသိဘူး။ တချို့နိုင်ငံတွေမှာ လုပ်တာကတော့ အဲဒီလို စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ကူညီတဲ့အခါမှာ လက်ရှိဝန်ထမ်းတွေကို ဆက်လက်ထိန်းသိမ်းထားမယ်ဆိုတဲ့ အခြေအနေ။ ပြီးရင် လက်ရှိ ဝန်ထမ်းတွေကို လစာတစုံတရာ ဆက်လက်ပေးမယ်ဆိုရင် စသဖြင့် သတ်မှတ်ချက်တွေနဲ့ အကူအညီတွေကို လုပ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလိုလုပ်တယ်လို့ အခုထက်ထိတော့ မကြားမိသေးပါဘူး။ တနည်းပြောလို့ရှိရင် အလုပ်လက်မဲ့ မဖြစ်စေဖို့၊ တားဆီးကာကွယ်ဖို့ဆိုတဲ့ မူဝါဒနဲ့ ချိတ်ဆက်ပြီးတော့ ထောက်ပံ့ကူညီရေးကို ဆောင်ရွက်တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလဲ အဲဒီလို စဉ်းစားစရာ ကောင်းမယ်လို့ ထင်ပါတယ်။

မေး ။ ။ ပုဂ္ဂလိကကဏ္ဍမှာ လုပ်နေတဲ့ အလုပ်သမားတွေကြတော့ သူတို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်။ တချို့ဆို စက်ရုံပိတ်လိုက်ရလို့ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ အဲဒီလိုကိစ္စရပ်တွေ ရှိနေတော့ တကယ်တမ်း အရေးကြီးတာကတော့ ပုဂ္ဂလိကလုပ်ငန်းတွေ မရပ်ဆိုင်းသွားအောင် ပုဂ္ဂလိကကဏ္ဍကို ကူညီပံ့ပိုးရမယ့် အပိုင်းတွေ လိုမယ်ထင်ပါတယ်။ အဲဒါကို မြန်မာနိုင်ငံက ဘယ်လောက်လုပ်နိုင်တယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာကတော့ ယေဘုယျအားဖြင့် တခြားနိုင်ငံတွေမှာလဲ ဒီလိုကပ်ရောဂါ ပြဿနာတွေ ကြုံလာတယ်။ ဒါကြောင့်မို့ Supply Chain လို့ပြောတဲ့ ဆက်နွှယ်မှုအားလုံးမှာ ထိခိုက်မှု သဘောပါပဲ။ ဆိုတဲ့အခါကြတော့ အဲဒီလုပ်ငန်းတွေ ပျက်သွားမလဲ။ မပျက်ဘူးလားဆိုတာက သူတို့ရဲ့ Supply Chain တလျှောက်မှာရှိတဲ့ Chain ကြီးတခုလုံးမှာ ဆက်ပြီးကောင်းနေမှ ရှိမှာပါ။ အဲဒီတော့ ဒါက ဘယ်လိုပြောမလဲ အစိုးရတရပ်ရဲ့ လက်လှမ်းမမီတဲ့ကိစ္စတွေ တော်တော်များများ ရှိပါတယ်။ အဲဒီတော့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နစ်နာသွားမယ်ဆိုလို့ရှိရင် အဲဒီထိခိုက်နစ်နာသွားတာက ဘာကြောင့်လဲ။ ဒါကို ဖော်ထုတ်ဖို့ လိုပါတယ်။ ဘယ်နေရာမှာ ကူညီပေးမှာလဲ သတ်မှတ်ဖို့ လိုလိမ့်မယ်ထင်ပါတယ်။ အချိန်နည်းနည်း လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်။

မေး ။ ။ တချို့နိုင်ငံတွေမှာဆိုရင် ဒီလိုလုပ်ငန်းရှင်တွေက အစိုးရကို ပေးဆောင်ရမယ့် အခွန်တွေကို ဆိုင်းငံထားတာ၊ လျှော့ပေါ့လိုက်တာတို့ နောက်ပြီးတော့ လိုအပ်တဲ့ အရင်းအနှီးတွေလည်း ထောက်ပံ့တယ်လို့ ကြားရပါတယ်။ မြန်မာနိုင်ငံမှာကော အဲဒီလိုလုပ်ဆောင်တာတွေ ကြားရပါသလား။ ဖြစ်ကောဖြစ်နိုင်မလား။

XS
SM
MD
LG