သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ိဳးသားညီၫြတ္ေရးအစိုးရ ျဖစ္လာႏိုင္မလား


မြန္ညီညြတ္ေရးပါတီကို ေထာက္ခံသူမ်ား။ (ဓာတ္ပံု - Mon Unity Party - Central - ေအာက္တိုဘာ ၁၈၊ ၂၀၂၀)
အမ်ိဳးသားညီၫြတ္ေရးအစိုးရ ျဖစ္လာႏိုင္မလား
please wait

No media source currently available

0:00 0:12:09 0:00
တိုက္႐ိုက္ လင့္ခ္

အခုတစ္ပတ္ ျမန္မာ့အေရး သံုးသပ္ခ်က္အစီအစဥ္မွာေတာ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ေၾကြးေၾကာ္ေနတဲ့ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးအစိုးရ ဖြဲ႔စည္းေရးဆိုတာဟာ ေအာင္ေအာင္ျမင္ျမင္ ျဖစ္လာေလမလား၊ တဝက္တပ်က္ ျဖစ္လာေလမလား။ သို႔တည္းမဟုတ္ လံုးဝအဖ်ားရွဳးသြားေလမလားဆိုတာကို ျမန္မာ့ႏုိင္ငံေရးသံုးသပ္သူ ဦးရဲထြန္းနဲ႔ ဦးေက်ာ္ဇံသာတုိ႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။

ေမး ။ ။ ေရွ ႔ဦးစြာ NLD နဲ႔ တိုင္းရင္းသားပါတီေတြ ေဆြးေႏြးမႈ ကနဦးမွာပဲ ႀကံဳေတြ႔လာရတဲ့ အဖုအထစ္ေတြနဲ႔ ပတ္သက္လို႔ ဦးရဲထြန္းက အခုလို မွတ္ခ်က္ခ်ေျပာၾကားပါတယ္။

ေျဖ ။ ။ NLD အေနနဲ႔ ခ်ဥ္းကပ္ရာမွာ ပါတီကို ခ်ဥ္းကပ္တာ မဟုတ္ဘဲနဲ႔ ေရြးေကာက္ခံရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ခ်ဥ္းကပ္တာနဲ႔ ေနရာထိုင္ခင္းနဲ႔ ပတ္သက္လို႔ အေလွ်ာ့မေပးတာတို႔ အဲဒါမ်ဳိးေတြကို ၾကားလာရတဲ့အခါၾကေတာ့ တိုင္းရင္းသားပါတီေတြက သံသယ ရိွလာတာေပါ့။ အဆင္ေျပပါ့မလားဆိုၿပီး စိုးရိမ္လာတာေပါ့။

ေမး ။ ။ ေရွ ႔ကိုေရြးႏိုင္စရာ အေကာင္းျမင္ၿပီးေတာ့ စဥ္းစားၾကည့္ရေအာင္ပါ။ ဘယ္လိုလုပ္ၾကရင္ ေကာင္းမလဲေပါ့။

ေျဖ ။ ။ အျပဳသေဘာနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ ဒီမိုကေရစီ ဖယ္ဒရယ္စနစ္ကိုသြားတဲ့ ရည္ရြယ္ခ်က္ခ်င္း တူညီၾကတဲ့အတြက္ေၾကာင့္ အတူတူလက္တြဲ လုပ္ၾကရေအာင္လို႔ ေဆာ္ၾသတဲ့စာကို ထုတ္တာက NLD ပါတီက ျဖစ္တယ္။ ဒါေၾကာင့္မို႔ သူတို႔က ဒီဟာကို အေကာင္အထည္ေဖာ္ ေျခလွမ္းလွမ္းတဲ့အခါမွာ ကိုယ့္ပါတီ ဗဟိုအလုပ္အမႈေဆာင္အတြင္းမွာ တိက်တဲ့မူဝါဒ ခ်မွတ္ထားရမယ္။ သြားေတြ႔တဲ့အခါမွာ ဆုပ္ကိုင္ထားသင့္တဲ့ မူဝါဒက ႏိုင္ငံေရးပါတီေတြပဲ ေတြ႔မယ္။ ႏိုင္ငံေရးပါတီေတြပဲ အေၾကာင္းၾကားမယ္။ သြားၿပီးေတာ့ ေဆြးေႏြးတဲ့ ရည္ရြယ္ခ်က္က လာမယ့္ ၂၀၂၁ အစိုးရသစ္မွာဆိုိရင္ သင့္ေတာ္တဲ့ ပုဂၢိဳလ္ေတြကို ပါဝင္ဖုိ႔အတြက္ ကမ္းလွမ္းတယ္ဆုိတဲ့ဟာနဲ႔ ဘာကိုေဆြးေႏြးမယ္ဆိုတဲ့ဟာကို တိတိက်က် ဆံုးျဖတ္ရမယ္။ အခုနေျပာသလို ႏိုင္ငံေရးပါတီကိုပဲ ခ်ဥ္းကပ္တဲ့အခါမွာ ကိုယ္သေဘာက်တဲ့ ေရြးေကာက္ခံရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ရိွရင္လဲ တိုက္ရိုက္သူကို မခ်ဥ္းကပ္ဘဲနဲ႔ အဲဒီပါတီကိုပဲ ေျပာလိုက္တာမ်ဳိး - ခင္မ်ားတို႔ပါတီက ဒီ ပုဂၢိဳလ္ ဘယ္သူဘယ္ဝါကို သေဘာက်တယ္ စသည္ျဖင့္ ဆံုးျဖတ္တာက သက္ဆိုင္ရာပါတီက ဆံုးျဖတ္သင့္တာေပါ့။ အဲဒီလို ႏုိင္ငံေရးပါတီေတြကို အျပန္အလွန္ ေလးစားမႈနဲ႔ ခ်ဥ္းကပ္မွသာလွ်င္ စည္းလံုးညီညႊတ္ေရးအတြက္ အေထာက္အကူ ျဖစ္မယ္လို႔ က်ေနာ္က သံုးသပ္ပါတယ္။

ေမး ။ ။ တပ္မေတာ္ကေကာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ အဆင္ေျပေအာင္ လုပ္ေနတဲ့ ႀကိဳးစားေနတာေတြ ေတြ႔ရတယ္။ တခ်ဳိ ႔က ေရးၾကတယ္၊ သေဘာထားေျပာၾကတယ္။ စစ္တပ္နဲ႔ ေပါင္းခ်င္ရင္ ဒီမိုကေရစီနဲ႔ အလွမ္းေဝးသြားမွာေပါ့။ စစ္အာဏာရွင္စနစ္ကို မေမ့ၾကဘူးလား။ ဘာညာဆုိၿပီး ေရးၾကတယ္။ တကယ္တမ္း အဲဒီလိုသာ ေျပာေနေပမယ့္လဲ အခုၾကေတာ့ တပ္မေတာ္ဘက္ကို၊ စစ္တပ္ဘက္ကို ပိုၿပီးတြန္းပို႔ေနသလိုမ်ား ျဖစ္ေနသလား။

ေျဖ ။ ။ တပ္မေတာ္အေနနဲ႔ေတာ့ ဖယ္ဒရယ္စနစ္ဆိုတာကို လက္ခံလာတယ္။ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒထဲမွာ ဖယ္ဒရယ္စနစ္နဲ႔ မညီတဲ့၊ ဖယ္ဒရယ္စနစ္ မပီျပင္တဲ့ ကိစၥေတြကို ျပင္ဆင္သြားဖို႔အတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္ မင္းေအာင္လိႈင္က တိုက္တြန္းေနတာကိုလည္း ထင္ထင္ရွားရွား သိရတယ္။ ေနာက္တခါ သူက ၿငိမ္းခ်မ္းေရးရမယ္ဆိုလုိ႔ရိွရင္ ႏုိင္ငံေရးကေန ထြက္ခြါသြားမယ္ဆုိတာေတြလည္း တိတိလင္းလင္း ေျပာျပထားတာ ရိွတယ္။ ေနာက္တခါ ၿငိမ္းခ်မ္းေရးနဲ႔ မဆက္စပ္ဘဲနဲ႔ ဖြဲ႔စည္းပံု ျပင္ဆင္ေရးကို လႊတ္ေတာ္ထဲမွာ ႀကိဳးစားၾကတဲ့အခါမွာလဲ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးေတြ၊ သက္ဆိုင္ရာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ကေန သက္ဆိုင္ရာဝန္ႀကီးခ်ဳပ္ကို ေရြးဖို႔ကိစၥေတြမွာ သူတုိ႔က တက္တက္ၾကြၾကြ ေထာက္ခံခဲ့တဲ့ဟာမ်ဳိး၊ ဖယ္ဒရယ္စနစ္ကို လိုလားေၾကာင္း ျပသခဲ့တာေတြ ရိွတယ္။ ဆိုေတာ့ ဒီဟာေတြကို ေထာက္လိုက္လို႔ရိွရင္ေတာ့ သူက NLD ထက္ ႏုိ္င္ငံေရးအရ ေရွ ႔ကေျပးေနသလို ထင္ရတာေပါ့။ တျခားတဘက္မွာ NLD ကလည္း ေျပာတာဆုိတာေတြမွာ နည္းနည္းခၽြတ္ေခ်ာ္တာေတြ ရိွတာေပါ့။ ဥပမာအားျဖင့္ ေဒါက္တာမ်ဳိးညႊန္႔ကေျပာတဲ့ထဲမွာ က်ေနာ္တို႔ ဒီမိုကေရစီ မရမခ်င္း ဖယ္ဒရယ္စနစ္ မသြားဘူ၊ မေပးဘူးေပါ့။ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးလို႔ ကိစၥမ်ဳိးေတြ။ တပ္က လႊတ္ေတာ္တြင္းကေန မထြက္မခြါသေရြ ႔ မေပးႏုိင္ဘူးဆိုတာမ်ဳိး၊ မေျပာင္းလဲမေပးႏိုင္ဘူး ဆိုတာမ်ဳိး။ အဲဒီလိုဆုိေတာ့ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြ၊ တုိင္းရင္းသားႏိုင္ငံေရးပါတီေတြရဲ ႔ အာရံုက NLD ပါတီဘက္ကိုေတာင္မွ နည္းနည္းအာရံုက်လာသလို ျဖစ္လာတယ္။

ေမး ။ ။ က်ေနာ္ စဥ္းစားတာက NLD ပုဂၢိဳလ္ေတြ၊ NLD က strategists ေတြ ဒါကို မတြက္ဘူးလား။ သူတုိ႔ကို ငါတုိ႔ ဟိုဘက္ကို တြန္းပို႔သလို ျဖစ္ေနတယ္လို႔။ ဒါေပမဲ့လဲ တိုင္းရင္းသားေတြက စစ္တပ္နဲ႔ ဘယ္ေလာက္ပဲ နီးစပ္သြားသြား၊ သူတုိ႔ဘက္ကို ဘယ္ေလာက္ပဲ အားကိုးသြားသြား ေနာက္ေရြးေကာက္ပြဲလုပ္ရင္ေတာ့ ငါတုိ႔ NLD ပဲ အႏိုင္ရမွာပဲဆိုတဲ့ ဂိုဏ္းဂနပါတီႀကီးစိတ္ဓါတ္နဲ႔မ်ား မာနေထာင္ေနသလား။ အဲဒီလိုေျပာရင္ သိပ္လြန္ရာက်မလား။ သူတုိ႔ ဘာေၾကာင့္ ဒီဟာကို မညိွႏိုင္သလဲ။ အဲဒီသူတို႔ပါတီရဲ ႔ သေဘာထားကို ဘယ္လိုသံုးသပ္လို႔ ရပါသလဲ။

ေျဖ ။ ။ တပ္မေတာ္က တကယ္တမ္းၾကေတာ့ သူတို႔နဲ႔ ၿပိဳင္ဘက္ေတာ့ မဟုတ္ဘူး။ USDP ကသာ အဓိကၿပိဳင္ဘက္ ျဖစ္တာ။ အဲဒီေတာ့ ဘာပဲျဖစ္ျဖစ္ တပ္မေတာ္နဲ႔ တိုင္းရင္းသားေတြနဲ႔ နားလည္မႈရၿပီးေတာ့ ၿငိမ္းခ်မ္းေရးအတြက္လည္း အက်ဳိးျဖစ္မယ္ဆိုလို႔ရိွရင္ေတာ့ NLD အတြက္လည္း ေကာင္းတာေပါ့။ ေကာင္းတယ္လို႔ က်ေနာ္တို႔က ျမင္ပါတယ္။ သို႔ေသာ္ က်ေနာ္ျမင္တဲ့ ဘက္တစ္ခုကေတာ့ တိုင္းရင္းသားပါတီေတြအေနနဲ႔ USDP တို႔ NLD တို႔ကို ဗမာေတြကို ကိုယ္စားျပဳတဲ့ ပါတီႀကီး၊ ဗမာပါတီေတြလို႔ ေျပာၾကေပမယ့္ ဒီပါတီႀကီးေတြကေတာ့ တိုင္းရင္းသားအားလံုးကို ကိုယ္စားျပဳတယ္လို႔ အဲဒီလိုယူဆၾကတယ္။ အဲဒီလိုယူဆၾကေတာ့ ေရရွည္မွာ သူတုိ႔ပါတီႀကီးေတြက တကယ္တမ္း တိုင္းရင္းသားေတြရဲ ႔ အက်ဳိးစီးပြားကို ေဖာ္ေဆာင္ေပးႏုိင္လို႔ရိွရင္ တန္းတူမႈကို တကယ္တမ္း ေဆာင္ရြက္ေပးႏုိင္တယ္ဆိုရင္ ဒီနုိင္ငံေရးပါတီေလးေတြဟာ တျဖည္းျဖည္းေပ်ာက္သြားမယ္ဆိုတဲ့ အျမင္မ်ဳိး ရိွေကာင္းရိွႏိုင္တယ္။
ေမး ။ ။ အဲဒီလိုမ်ဳိးသား တကယ္တမ္း ျဖစ္လာမယ္ဆိုရင္ေတာ့ သိပ္ေကာင္းတာေပါ့။ NLD သည္ ျပည္ေထာင္စုတစ္ခုလံုးကို ကိုယ္စားျပဳေသာ ပါတီႀကီးအျဖစ္ တိုင္းရင္းသားေတြက လက္ခံလာႏိုင္မယ့္ အလားအလာေကာ ရိွပါသလား။

ေျဖ ။ ။ ႏိုင္ငံေရးေလ့လာသံုးသပ္ေနသူေတြ၊ research သုေတသနလုပ္ေနသူေတြရဲ႔ အျမင္မွာေတာ့ NLD အေနနဲ႔ ၿပီးခဲ့တဲ့ (၅) ႏွစ္အတြင္း လုပ္ကိုင္ေဆာင္ရြက္ခ်က္ေတြဟာ တုိင္းရင္းသားေတြနဲ႔ စည္းလံုးညီညႊတ္မႈကို ပိုၿပီးေတာ့ ေဝးကြာသြားေစၿပီးေတာ့ တုိင္းရင္းသား ျပည္သူလူထုအတြက္ အက်ဳိးမရိွတဲ့ ကိစၥေတြ ေတာ္ေတာ္မ်ားမ်ား လုပ္ခဲ့တယ္ဆိုတဲ့ဟာမ်ဳိးေတြ သံုးသပ္ခ်က္ ရိွတာေပါ့။ ဒါေပမဲ့လဲ ၂၀၂၀ ေရြးေကာက္ပြဲ လုပ္လိုက္တဲ့အခါၾကေတာ့ အဲဒီေနရာေတြမွာ သူႏိုင္တဲ့ေနရာ အေရအတြက္ ေလ်ာ့နည္းသြားလိမ့္မယ္လို႔ တြက္ဆထားတာက မေလ်ာ့သြားတဲ့အျပင္ အရင္ (၅) ႏွစ္ကထက္ (၆) ေနရာေလာက္ ပိုႏုိင္လာတယ္။ (၃၉၆) ေနရာ ႏိုင္လာတဲ့အခါမွာ သူတုိ႔ NLD ပါတီအေနနဲ႔က သူတုိ႔ကို ေထာက္ခံလို႔ဆိုၿပီး တြက္မွာပဲ။ အဲဒါေၾကာင့္မို႔ သူတို႔အေနနဲ႔က သူတုိ႔ေလွ်ာက္တဲ့လမ္းက မွန္တယ္။ တုိင္းရင္းသားႏုိင္ငံေရးပါတီေတြကို သိပ္ၿပီးေတာ့ ဂရုစိုက္စရာ မလိုဘူး။ အမ်ားႀကီးေအာက္က်ဳိ ႔ခံၿပီးေတာ့ စည္းရံုးစရာ မလိုဘူးဆိုတဲ့စိတ္မ်ဳိး ရိွေကာင္းရိွႏိုင္ပါတယ္။

ေမး ။ ။ က်ေနာ္ ၾကားျဖတ္ေမးခ်င္တာက ဦးရဲထြန္းအေနနဲ႔ ဘယ္လုိသံုးသပ္သလဲ။ တိုင္းရင္းသားေတြကေတာ့ NLD ႏိုင္တယ္ဆိုတာက တိုင္းရင္းသားေတြအျမင္ကို ေျပာတာေပါ့။ သူတုိ႔အခ်င္းခ်င္း မညီညႊတ္လို႔ ပါတီကြဲေတြ ေပၚလာလုိ႔ဆိုၿပီးေတာ့ ေျပာတာေတြလည္း ၾကားရပါတယ္။ NLD ေၾကာင့္လား၊ တုိင္းရင္းသားေတြ မညီညႊတ္လို႔လား။

ေျဖ ။ ။ ဒီကိစၥကိုေတာ့ တစ္ခ်က္တည္းေတာ့ ေျပာလို႔မရဘူး။ က်ေနာ္ထင္တယ္ အခ်က္ ႏွစ္ခ်က္သံုးခ်က္ေလာက္ေတာ့ ရိွလိမ့္မယ္။ အထူးသျဖင့္ ျမန္မာစာေရခ်ိန္နိမ့္က်တဲ့ တိုင္းရင္းသားေဒသေတြမွာဆိုရင္ေတာ့ ဘယ္လႊတ္ေတာ္က ဘယ္လိုအေရးပါတယ္။ ဘယ္လႊတ္ေတာ္က ကိုယ့္ေဒသအုပ္ခ်ဳပ္မယ့္လူ စသည္ျဖင့္ ဒီလိုကြဲကြဲျပားျပား မသိတဲ့အခါၾကေတာ့ သူက တျပည္လံုး အႏုိင္ရႏိုင္တဲ့ဟာဆီကိုပဲ သူတုိ႔က မဲထည့္ဖုိ႔ အားသန္ၾကတာေပါ့။ ဒုတိယတစ္ခ်က္ကေတာ့ စည္းရံုးလံႈေဆာ္တဲ့ဘက္မွာ တုိင္းရင္းသားပါတီေတြက အားနည္းတယ္လုိ႔ ထင္တယ္။ အထူးသျဖင့္ ကိုဗစ္-၁၉ ကပ္ေရာဂါ ျဖစ္ေနတဲ့အတြက္ ေရြးေကာက္ပြဲစည္းရံုးခြင့္ကလဲ နည္းတဲ့အခါၾကေတာ့ သိပ္ၿပီးေတာ့ ဒါကိုထိထိေရာက္ေရာက္ မလုပ္ႏို္င္ၾကတာလဲ ပါလိမ့္မယ္။ ေနာက္တစ္ခ်က္ကေတာ့ သူတုိ႔အခ်င္းခ်င္း စည္းလံုးညီညႊတ္ေရးက ပါတီေတြအကြဲကြဲအျပားျပား ျဖစ္ေနၿပီးေတာ့ ျပန္လည္ေပါင္းစည္းႏိုင္တယ္ဆိုတဲ့ဟာကလဲ သိပ္မၾကာေသးဘူး။ သိပ္မၾကာေသးေတာ့ ေပါင္းစည္းၿပီးတဲ့အခါၾကေတာ့ တစ္ပါတီထဲအေနနဲ႔ ေရြးေကာက္ပြဲဝင္တယ္ဆိုတာကိုသိတဲ့ တုိင္းရင္းသားေတြက အလြန္နည္းတယ္။ ဒါေၾကာင့္မို႔လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႔ ပုဂၢိဳလ္ေရးေရပန္းစားမႈေအာက္မွာ NLD ကိုပဲ စုၿပံဳၿပီးေတာ့ မဲေပးၾကတယ္လို႔ က်ေနာ္က အဲဒီလိုပဲ သံုးသပ္လုိပါတယ္။

ေမး ။ ။ ေနာက္ၿပီးေတာ့ သူတုိ႔ပါတီရံွဳးမယ္။ တိုင္းရင္းသားပါတီေတြ ႏုိင္မယ္လို႔ ေသခ်ာေျပာၾကတဲ့ မဲဆႏၵနယ္ေျမတခ်ဳိ ႔ နမူနာအားျဖင့္ ရခိုင္ျပည္နယ္မွာဆိုပါေတာ့ အဲဒီေနရာေတြမွာ ေရြးေကာက္ပြဲ မက်င္းပဘဲ ထားခဲ့တာ။ က်င္းပႏုိင္မယ့္ အေျခအေန ရိွပါတယ္လို႔ ေျပာရက္သားနဲ႔ အခုမက်င္းပေတာ့ဘူးလို႔ ေျပာေနတဲ့ကိစၥေတြကို ဘယ္လိုေျပာမလဲ။

ေျဖ ။ ။ မွန္ပါတယ္။ အဲဒီကိစၥေတြကို ေျပာတဲ့အခါမွာေတာ့ NLD အေနနဲ႔ ေသခ်ာေပါက္ ဒီေနရာေတြက ရွဳံးမွာ၊ သက္ဆိုင္ရာ တုိင္းရင္းသားပါတီ ANP ရခိုင္တုိင္းရင္းသားပါတီေတြက ႏိုင္မွာ ေသခ်ာတဲ့အတြက္ေၾကာင့္မို႔ ေရြးေကာက္ပြဲေကာ္မရွင္က ေအာက္ေျခက ေရြးေကာက္ပြဲ ၿမိဳ ႔နယ္ေရြးေကာက္ပြဲ ေကာ္မရွင္က တင္လာတဲ့ အေျခအေနေတြနဲ႔ တပ္မေတာ္နဲ႔ ကာကြယ္ေရးဝန္ႀကီးဌာနကေပးတဲ့ အေျခအေနေတြကို ေပါင္းစပ္ၿပီးေတာ့ သံုးသပ္တာမ်ဳိး မဟုတ္ဘဲနဲ႔ သူက အေပၚကေန စိတ္ထင္သလို ဆံုးျဖတ္လိုက္တယ္ဆိုတာကို က်ေနာ္တို႔ ေတြ႔ရတယ္။ အထူးသျဖင့္ က်ေနာ္ သတိထားလိုက္မိတာက ရွမ္းျပည္နယ္မွာဆိုရင္ တျခားလူမဟုတ္ဘူး ဦးထြန္းထြန္းစိန္နဲ႔ ညီလားအကိုလား မသိဘူး - ေက်ာက္မဲမွာ ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ လုပ္တယ္။ သူကိုယ္တုိင္က ထုတ္ေျပာထားတဲ့ အင္တာဗ်ဴးတစ္ခုကို နားေထာင္လုိက္ရတယ္။ အဲဒီမွာ ေက်ာက္မဲ မဲဆႏၵနယ္ေျမတခ်ဳိ ႔ ေက်းရြာတခ်ဳိ ႔ ဖ်က္သိမ္းတာနဲ႔ ပတ္သက္ၿပီးေတာ့ ေရြးေကာက္ပြဲမလုပ္ႏိုင္ဘူး ခိုင္းတာနဲ႔ ပတ္သက္ၿပီး သူတုိ႔ဘာမွ မသိရဘူး၊ သူတုိ႔တင္တာ မဟုတ္ဘူးဆိုတာကို ရွင္းျပထားတာ ရိွတယ္။ အဲဒါက နမူနာတစ္ခုအေနနဲ႔ ေထာက္ျပတာပါ။ က်န္တဲ့ေနရာေတြမွာလဲ ဒီလိုပါပဲ။ ေျပာခ်င္တာက ေရြးေကာက္ပြဲေကာ္မရွင္သည္ ေရြးေကာက္ပြဲ လုပ္ႏုိင္ေျခ ရိွမရိွဆိုတာကို ေအာက္ေျခက ထင္ျမင္ခ်က္ေတြကို မေစာင့္ဘဲနဲ႔ ေအာက္ေျခက ႏုိင္ငံေရးပါတီေတြနဲ႔ မတုိင္ပင္ဘူးဆိုတာကို ေထာက္ျပေနျခင္း ျဖစ္ပါတယ္။ ဒါေတြက အခုနေျပာသလိုမ်ဳိး အထူးသျဖင့္ေတာ့ ရခိုင္မွာ ျဖစ္သြားတဲ့ကိစၥတစ္ခုမွာ NLD အရင္က ႏိုင္ထားတဲ့ ၿမိဳ ႔နယ္ၾကေတာ့ သူက ေရြးေကာက္ပြဲ က်င္းပဖို႔ စာရင္းထဲ ထည့္ထားတယ္။ NLD မႏိုင္တဲ့ ေဒသကိုေတာ့ ေရြးေကာက္ပြဲ ပယ္ဖ်က္ထားတာကို ေတြ႔ရတယ္။ ဒါေၾကာင့္မို႔ ဒါေတြကလဲ NLD အေနနဲ႔ တိုင္းရင္းသားေတြ လႊတ္ေတာ္ထဲမေရာက္ေအာင္ လုပ္ေဆာင္ေနတယ္လုိ႔ ယူဆပါတယ္။

ေမး ။ ။ ဒီလာမယ့္ (၅) နွစ္အတြင္းမွာ ျဖစ္လာႏုိင္မယ့္ အမ်ဳိးသားညီညႊတ္ေရးအစိုးရဆိုတာ တိုင္းရင္းသားပါတီေတြနဲ႔ တကယ္ညိွႏိႈင္းလို႔ရတဲ့ အစိုးရ ျဖစ္မလား။ သို႔တည္းမဟုတ္ တုိင္းရင္းသားေဒသတခ်ဳိ ႔က လူေတြကေတာ့ လက္ခံၿပီးေတာ့ က်န္တခ်ဳိ ႔ေဒသက လူေတြကေတာ့ က်န္ရစ္ခဲ့တဲ့ ပံုစံမ်ဳိးနဲ႔ တဝက္တပ်က္ ညီညႊတ္ေသာအစိုးရ ျဖစ္သြားမလား။ သို႔တည္းမဟုတ္ ညီညႊတ္ေသာအစိုးရ ျဖစ္လာႏုိင္ေခ် မရိွဘူးလားဆိုတာကို အက်ဥ္းရံု နိဂံုးခ်ဳပ္သံုးသပ္ေပးပါ။

ေျဖ ။ ။ တခ်ဳိ ႔ေသာ လူ ပုဂၢိဳလ္မ်ားကို ပထမ (၅) နွစ္မွာတုန္းလုိပဲ ဆြဲေဆာင္စည္းရံုးၿပီးေတာ့ အစိုးရဖြဲ႔တာမ်ုိး ျဖစ္လာႏိုင္တယ္။ အဲဒီလို ျဖစ္တဲ့အတြက္ေၾကာင့္မို႔ လြန္ခဲ့တဲ့ (၅) ႏွစ္ထက္ အေျခအေန သိပ္ထူးမယ္လို႔ မထင္ပါဘူး။ အဲဒီအတိုင္းပဲ ျပန္ျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္။


== Unicode ==

အခုတစ်ပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြွေးကြော်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ ဖွဲ့စည်းရေးဆိုတာဟာ အောင်အောင်မြင်မြင် ဖြစ်လာလေမလား၊ တဝက်တပျက် ဖြစ်လာလေမလား။ သို့တည်းမဟုတ် လုံးဝအဖျားရှုးသွားလေမလားဆိုတာကို မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ရှေ့ဦးစွာ NLD နဲ့ တိုင်းရင်းသားပါတီတွေ ဆွေးနွေးမှု ကနဦးမှာပဲ ကြုံတွေ့လာရတဲ့ အဖုအထစ်တွေနဲ့ ပတ်သက်လို့ ဦးရဲထွန်းက အခုလို မှတ်ချက်ချပြောကြားပါတယ်။

ဖြေ ။ ။ NLD အနေနဲ့ ချဉ်းကပ်ရာမှာ ပါတီကို ချဉ်းကပ်တာ မဟုတ်ဘဲနဲ့ ရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ချဉ်းကပ်တာနဲ့ နေရာထိုင်ခင်းနဲ့ ပတ်သက်လို့ အလျှော့မပေးတာတို့ အဲဒါမျိုးတွေကို ကြားလာရတဲ့အခါကြတော့ တိုင်းရင်းသားပါတီတွေက သံသယ ရှိလာတာပေါ့။ အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်လာတာပေါ့။

မေး ။ ။ ရှေ့ကိုရွေးနိုင်စရာ အကောင်းမြင်ပြီးတော့ စဉ်းစားကြည့်ရအောင်ပါ။ ဘယ်လိုလုပ်ကြရင် ကောင်းမလဲပေါ့။

ဖြေ ။ ။ အပြုသဘောနဲ့ ပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီ ဖယ်ဒရယ်စနစ်ကိုသွားတဲ့ ရည်ရွယ်ချက်ချင်း တူညီကြတဲ့အတွက်ကြောင့် အတူတူလက်တွဲ လုပ်ကြရအောင်လို့ ဆော်သြတဲ့စာကို ထုတ်တာက NLD ပါတီက ဖြစ်တယ်။ ဒါကြောင့်မို့ သူတို့က ဒီဟာကို အကောင်အထည်ဖော် ခြေလှမ်းလှမ်းတဲ့အခါမှာ ကိုယ့်ပါတီ ဗဟိုအလုပ်အမှုဆောင်အတွင်းမှာ တိကျတဲ့မူဝါဒ ချမှတ်ထားရမယ်။ သွားတွေ့တဲ့အခါမှာ ဆုပ်ကိုင်ထားသင့်တဲ့ မူဝါဒက နိုင်ငံရေးပါတီတွေပဲ တွေ့မယ်။ နိုင်ငံရေးပါတီတွေပဲ အကြောင်းကြားမယ်။ သွားပြီးတော့ ဆွေးနွေးတဲ့ ရည်ရွယ်ချက်က လာမယ့် ၂၀၂၁ အစိုးရသစ်မှာဆိုရင် သင့်တော်တဲ့ ပုဂ္ဂိုလ်တွေကို ပါဝင်ဖို့အတွက် ကမ်းလှမ်းတယ်ဆိုတဲ့ဟာနဲ့ ဘာကိုဆွေးနွေးမယ်ဆိုတဲ့ဟာကို တိတိကျကျ ဆုံးဖြတ်ရမယ်။ အခုနပြောသလို နိုင်ငံရေးပါတီကိုပဲ ချဉ်းကပ်တဲ့အခါမှာ ကိုယ်သဘောကျတဲ့ ရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ရှိရင်လဲ တိုက်ရိုက်သူကို မချဉ်းကပ်ဘဲနဲ့ အဲဒီပါတီကိုပဲ ပြောလိုက်တာမျိုး - ခင်များတို့ပါတီက ဒီ ပုဂ္ဂိုလ် ဘယ်သူဘယ်ဝါကို သဘောကျတယ် စသည်ဖြင့် ဆုံးဖြတ်တာက သက်ဆိုင်ရာပါတီက ဆုံးဖြတ်သင့်တာပေါ့။ အဲဒီလို နိုင်ငံရေးပါတီတွေကို အပြန်အလှန် လေးစားမှုနဲ့ ချဉ်းကပ်မှသာလျှင် စည်းလုံးညီညွှတ်ရေးအတွက် အထောက်အကူ ဖြစ်မယ်လို့ ကျနော်က သုံးသပ်ပါတယ်။

မေး ။ ။ တပ်မတော်ကကော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အဆင်ပြေအောင် လုပ်နေတဲ့ ကြိုးစားနေတာတွေ တွေ့ရတယ်။ တချို့က ရေးကြတယ်၊ သဘောထားပြောကြတယ်။ စစ်တပ်နဲ့ ပေါင်းချင်ရင် ဒီမိုကရေစီနဲ့ အလှမ်းဝေးသွားမှာပေါ့။ စစ်အာဏာရှင်စနစ်ကို မမေ့ကြဘူးလား။ ဘာညာဆိုပြီး ရေးကြတယ်။ တကယ်တမ်း အဲဒီလိုသာ ပြောနေပေမယ့်လဲ အခုကြတော့ တပ်မတော်ဘက်ကို၊ စစ်တပ်ဘက်ကို ပိုပြီးတွန်းပို့နေသလိုများ ဖြစ်နေသလား။

ဖြေ ။ ။ တပ်မတော်အနေနဲ့တော့ ဖယ်ဒရယ်စနစ်ဆိုတာကို လက်ခံလာတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဖယ်ဒရယ်စနစ်နဲ့ မညီတဲ့၊ ဖယ်ဒရယ်စနစ် မပီပြင်တဲ့ ကိစ္စတွေကို ပြင်ဆင်သွားဖို့အတွက် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က တိုက်တွန်းနေတာကိုလည်း ထင်ထင်ရှားရှား သိရတယ်။ နောက်တခါ သူက ငြိမ်းချမ်းရေးရမယ်ဆိုလို့ရှိရင် နိုင်ငံရေးကနေ ထွက်ခွါသွားမယ်ဆိုတာတွေလည်း တိတိလင်းလင်း ပြောပြထားတာ ရှိတယ်။ နောက်တခါ ငြိမ်းချမ်းရေးနဲ့ မဆက်စပ်ဘဲနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော်ထဲမှာ ကြိုးစားကြတဲ့အခါမှာလဲ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးတွေ၊ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကနေ သက်ဆိုင်ရာဝန်ကြီးချုပ်ကို ရွေးဖို့ကိစ္စတွေမှာ သူတို့က တက်တက်ကြွကြွ ထောက်ခံခဲ့တဲ့ဟာမျိုး၊ ဖယ်ဒရယ်စနစ်ကို လိုလားကြောင်း ပြသခဲ့တာတွေ ရှိတယ်။ ဆိုတော့ ဒီဟာတွေကို ထောက်လိုက်လို့ရှိရင်တော့ သူက NLD ထက် နိုင်ငံရေးအရ ရှေ့ကပြေးနေသလို ထင်ရတာပေါ့။ တခြားတဘက်မှာ NLD ကလည်း ပြောတာဆိုတာတွေမှာ နည်းနည်းချွတ်ချော်တာတွေ ရှိတာပေါ့။ ဥပမာအားဖြင့် ဒေါက်တာမျိုးညွှန့်ကပြောတဲ့ထဲမှာ ကျနော်တို့ ဒီမိုကရေစီ မရမချင်း ဖယ်ဒရယ်စနစ် မသွားဘူ၊ မပေးဘူးပေါ့။ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးလို့ ကိစ္စမျိုးတွေ။ တပ်က လွှတ်တော်တွင်းကနေ မထွက်မခွါသရွေ့ မပေးနိုင်ဘူးဆိုတာမျိုး၊ မပြောင်းလဲမပေးနိုင်ဘူး ဆိုတာမျိုး။ အဲဒီလိုဆိုတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ အာရုံက NLD ပါတီဘက်ကိုတောင်မှ နည်းနည်းအာရုံကျလာသလို ဖြစ်လာတယ်။

မေး ။ ။ ကျနော် စဉ်းစားတာက NLD ပုဂ္ဂိုလ်တွေ၊ NLD က strategists တွေ ဒါကို မတွက်ဘူးလား။ သူတို့ကို ငါတို့ ဟိုဘက်ကို တွန်းပို့သလို ဖြစ်နေတယ်လို့။ ဒါပေမဲ့လဲ တိုင်းရင်းသားတွေက စစ်တပ်နဲ့ ဘယ်လောက်ပဲ နီးစပ်သွားသွား၊ သူတို့ဘက်ကို ဘယ်လောက်ပဲ အားကိုးသွားသွား နောက်ရွေးကောက်ပွဲလုပ်ရင်တော့ ငါတို့ NLD ပဲ အနိုင်ရမှာပဲဆိုတဲ့ ဂိုဏ်းဂနပါတီကြီးစိတ်ဓါတ်နဲ့များ မာနထောင်နေသလား။ အဲဒီလိုပြောရင် သိပ်လွန်ရာကျမလား။ သူတို့ ဘာကြောင့် ဒီဟာကို မညှိနိုင်သလဲ။ အဲဒီသူတို့ပါတီရဲ့ သဘောထားကို ဘယ်လိုသုံးသပ်လို့ ရပါသလဲ။

ဖြေ ။ ။ တပ်မတော်က တကယ်တမ်းကြတော့ သူတို့နဲ့ ပြိုင်ဘက်တော့ မဟုတ်ဘူး။ USDP ကသာ အဓိကပြိုင်ဘက် ဖြစ်တာ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် တပ်မတော်နဲ့ တိုင်းရင်းသားတွေနဲ့ နားလည်မှုရပြီးတော့ ငြိမ်းချမ်းရေးအတွက်လည်း အကျိုးဖြစ်မယ်ဆိုလို့ရှိရင်တော့ NLD အတွက်လည်း ကောင်းတာပေါ့။ ကောင်းတယ်လို့ ကျနော်တို့က မြင်ပါတယ်။ သို့သော် ကျနော်မြင်တဲ့ ဘက်တစ်ခုကတော့ တိုင်းရင်းသားပါတီတွေအနေနဲ့ USDP တို့ NLD တို့ကို ဗမာတွေကို ကိုယ်စားပြုတဲ့ ပါတီကြီး၊ ဗမာပါတီတွေလို့ ပြောကြပေမယ့် ဒီပါတီကြီးတွေကတော့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်လို့ အဲဒီလိုယူဆကြတယ်။ အဲဒီလိုယူဆကြတော့ ရေရှည်မှာ သူတို့ပါတီကြီးတွေက တကယ်တမ်း တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်လို့ရှိရင် တန်းတူမှုကို တကယ်တမ်း ဆောင်ရွက်ပေးနိုင်တယ်ဆိုရင် ဒီနိုင်ငံရေးပါတီလေးတွေဟာ တဖြည်းဖြည်းပျောက်သွားမယ်ဆိုတဲ့ အမြင်မျိုး ရှိကောင်းရှိနိုင်တယ်။
မေး ။ ။ အဲဒီလိုမျိုးသား တကယ်တမ်း ဖြစ်လာမယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့။ NLD သည် ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုသော ပါတီကြီးအဖြစ် တိုင်းရင်းသားတွေက လက်ခံလာနိုင်မယ့် အလားအလာကော ရှိပါသလား။

ဖြေ ။ ။ နိုင်ငံရေးလေ့လာသုံးသပ်နေသူတွေ၊ research သုတေသနလုပ်နေသူတွေရဲ့ အမြင်မှာတော့ NLD အနေနဲ့ ပြီးခဲ့တဲ့ (၅) နှစ်အတွင်း လုပ်ကိုင်ဆောင်ရွက်ချက်တွေဟာ တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွှတ်မှုကို ပိုပြီးတော့ ဝေးကွာသွားစေပြီးတော့ တိုင်းရင်းသား ပြည်သူလူထုအတွက် အကျိုးမရှိတဲ့ ကိစ္စတွေ တော်တော်များများ လုပ်ခဲ့တယ်ဆိုတဲ့ဟာမျိုးတွေ သုံးသပ်ချက် ရှိတာပေါ့။ ဒါပေမဲ့လဲ ၂၀၂၀ ရွေးကောက်ပွဲ လုပ်လိုက်တဲ့အခါကြတော့ အဲဒီနေရာတွေမှာ သူနိုင်တဲ့နေရာ အရေအတွက် လျော့နည်းသွားလိမ့်မယ်လို့ တွက်ဆထားတာက မလျော့သွားတဲ့အပြင် အရင် (၅) နှစ်ကထက် (၆) နေရာလောက် ပိုနိုင်လာတယ်။ (၃၉၆) နေရာ နိုင်လာတဲ့အခါမှာ သူတို့ NLD ပါတီအနေနဲ့က သူတို့ကို ထောက်ခံလို့ဆိုပြီး တွက်မှာပဲ။ အဲဒါကြောင့်မို့ သူတို့အနေနဲ့က သူတို့လျှောက်တဲ့လမ်းက မှန်တယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကို သိပ်ပြီးတော့ ဂရုစိုက်စရာ မလိုဘူး။ အများကြီးအောက်ကျို့ခံပြီးတော့ စည်းရုံးစရာ မလိုဘူးဆိုတဲ့စိတ်မျိုး ရှိကောင်းရှိနိုင်ပါတယ်။

မေး ။ ။ ကျနော် ကြားဖြတ်မေးချင်တာက ဦးရဲထွန်းအနေနဲ့ ဘယ်လိုသုံးသပ်သလဲ။ တိုင်းရင်းသားတွေကတော့ NLD နိုင်တယ်ဆိုတာက တိုင်းရင်းသားတွေအမြင်ကို ပြောတာပေါ့။ သူတို့အချင်းချင်း မညီညွှတ်လို့ ပါတီကွဲတွေ ပေါ်လာလို့ဆိုပြီးတော့ ပြောတာတွေလည်း ကြားရပါတယ်။ NLD ကြောင့်လား၊ တိုင်းရင်းသားတွေ မညီညွှတ်လို့လား။

ဖြေ ။ ။ ဒီကိစ္စကိုတော့ တစ်ချက်တည်းတော့ ပြောလို့မရဘူး။ ကျနော်ထင်တယ် အချက် နှစ်ချက်သုံးချက်လောက်တော့ ရှိလိမ့်မယ်။ အထူးသဖြင့် မြန်မာစာရေချိန်နိမ့်ကျတဲ့ တိုင်းရင်းသားဒေသတွေမှာဆိုရင်တော့ ဘယ်လွှတ်တော်က ဘယ်လိုအရေးပါတယ်။ ဘယ်လွှတ်တော်က ကိုယ့်ဒေသအုပ်ချုပ်မယ့်လူ စသည်ဖြင့် ဒီလိုကွဲကွဲပြားပြား မသိတဲ့အခါကြတော့ သူက တပြည်လုံး အနိုင်ရနိုင်တဲ့ဟာဆီကိုပဲ သူတို့က မဲထည့်ဖို့ အားသန်ကြတာပေါ့။ ဒုတိယတစ်ချက်ကတော့ စည်းရုံးလှုံဆော်တဲ့ဘက်မှာ တိုင်းရင်းသားပါတီတွေက အားနည်းတယ်လို့ ထင်တယ်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲစည်းရုံးခွင့်ကလဲ နည်းတဲ့အခါကြတော့ သိပ်ပြီးတော့ ဒါကိုထိထိရောက်ရောက် မလုပ်နိုင်ကြတာလဲ ပါလိမ့်မယ်။ နောက်တစ်ချက်ကတော့ သူတို့အချင်းချင်း စည်းလုံးညီညွှတ်ရေးက ပါတီတွေအကွဲကွဲအပြားပြား ဖြစ်နေပြီးတော့ ပြန်လည်ပေါင်းစည်းနိုင်တယ်ဆိုတဲ့ဟာကလဲ သိပ်မကြာသေးဘူး။ သိပ်မကြာသေးတော့ ပေါင်းစည်းပြီးတဲ့အခါကြတော့ တစ်ပါတီထဲအနေနဲ့ ရွေးကောက်ပွဲဝင်တယ်ဆိုတာကိုသိတဲ့ တိုင်းရင်းသားတွေက အလွန်နည်းတယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးရေပန်းစားမှုအောက်မှာ NLD ကိုပဲ စုပြုံပြီးတော့ မဲပေးကြတယ်လို့ ကျနော်က အဲဒီလိုပဲ သုံးသပ်လိုပါတယ်။

မေး ။ ။ နောက်ပြီးတော့ သူတို့ပါတီရံှုးမယ်။ တိုင်းရင်းသားပါတီတွေ နိုင်မယ်လို့ သေချာပြောကြတဲ့ မဲဆန္ဒနယ်မြေတချို့ နမူနာအားဖြင့် ရခိုင်ပြည်နယ်မှာဆိုပါတော့ အဲဒီနေရာတွေမှာ ရွေးကောက်ပွဲ မကျင်းပဘဲ ထားခဲ့တာ။ ကျင်းပနိုင်မယ့် အခြေအနေ ရှိပါတယ်လို့ ပြောရက်သားနဲ့ အခုမကျင်းပတော့ဘူးလို့ ပြောနေတဲ့ကိစ္စတွေကို ဘယ်လိုပြောမလဲ။

ဖြေ ။ ။ မှန်ပါတယ်။ အဲဒီကိစ္စတွေကို ပြောတဲ့အခါမှာတော့ NLD အနေနဲ့ သေချာပေါက် ဒီနေရာတွေက ရှုံးမှာ၊ သက်ဆိုင်ရာ တိုင်းရင်းသားပါတီ ANP ရခိုင်တိုင်းရင်းသားပါတီတွေက နိုင်မှာ သေချာတဲ့အတွက်ကြောင့်မို့ ရွေးကောက်ပွဲကော်မရှင်က အောက်ခြေက ရွေးကောက်ပွဲ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က တင်လာတဲ့ အခြေအနေတွေနဲ့ တပ်မတော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကပေးတဲ့ အခြေအနေတွေကို ပေါင်းစပ်ပြီးတော့ သုံးသပ်တာမျိုး မဟုတ်ဘဲနဲ့ သူက အပေါ်ကနေ စိတ်ထင်သလို ဆုံးဖြတ်လိုက်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ အထူးသဖြင့် ကျနော် သတိထားလိုက်မိတာက ရှမ်းပြည်နယ်မှာဆိုရင် တခြားလူမဟုတ်ဘူး ဦးထွန်းထွန်းစိန်နဲ့ ညီလားအကိုလား မသိဘူး - ကျောက်မဲမှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ လုပ်တယ်။ သူကိုယ်တိုင်က ထုတ်ပြောထားတဲ့ အင်တာဗျူးတစ်ခုကို နားထောင်လိုက်ရတယ်။ အဲဒီမှာ ကျောက်မဲ မဲဆန္ဒနယ်မြေတချို့ ကျေးရွာတချို့ ဖျက်သိမ်းတာနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲမလုပ်နိုင်ဘူး ခိုင်းတာနဲ့ ပတ်သက်ပြီး သူတို့ဘာမှ မသိရဘူး၊ သူတို့တင်တာ မဟုတ်ဘူးဆိုတာကို ရှင်းပြထားတာ ရှိတယ်။ အဲဒါက နမူနာတစ်ခုအနေနဲ့ ထောက်ပြတာပါ။ ကျန်တဲ့နေရာတွေမှာလဲ ဒီလိုပါပဲ။ ပြောချင်တာက ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲ လုပ်နိုင်ခြေ ရှိမရှိဆိုတာကို အောက်ခြေက ထင်မြင်ချက်တွေကို မစောင့်ဘဲနဲ့ အောက်ခြေက နိုင်ငံရေးပါတီတွေနဲ့ မတိုင်ပင်ဘူးဆိုတာကို ထောက်ပြနေခြင်း ဖြစ်ပါတယ်။ ဒါတွေက အခုနပြောသလိုမျိုး အထူးသဖြင့်တော့ ရခိုင်မှာ ဖြစ်သွားတဲ့ကိစ္စတစ်ခုမှာ NLD အရင်က နိုင်ထားတဲ့ မြို့နယ်ကြတော့ သူက ရွေးကောက်ပွဲ ကျင်းပဖို့ စာရင်းထဲ ထည့်ထားတယ်။ NLD မနိုင်တဲ့ ဒေသကိုတော့ ရွေးကောက်ပွဲ ပယ်ဖျက်ထားတာကို တွေ့ရတယ်။ ဒါကြောင့်မို့ ဒါတွေကလဲ NLD အနေနဲ့ တိုင်းရင်းသားတွေ လွှတ်တော်ထဲမရောက်အောင် လုပ်ဆောင်နေတယ်လို့ ယူဆပါတယ်။

မေး ။ ။ ဒီလာမယ့် (၅) နှစ်အတွင်းမှာ ဖြစ်လာနိုင်မယ့် အမျိုးသားညီညွှတ်ရေးအစိုးရဆိုတာ တိုင်းရင်းသားပါတီတွေနဲ့ တကယ်ညှိနှိုင်းလို့ရတဲ့ အစိုးရ ဖြစ်မလား။ သို့တည်းမဟုတ် တိုင်းရင်းသားဒေသတချို့က လူတွေကတော့ လက်ခံပြီးတော့ ကျန်တချို့ဒေသက လူတွေကတော့ ကျန်ရစ်ခဲ့တဲ့ ပုံစံမျိုးနဲ့ တဝက်တပျက် ညီညွှတ်သောအစိုးရ ဖြစ်သွားမလား။ သို့တည်းမဟုတ် ညီညွှတ်သောအစိုးရ ဖြစ်လာနိုင်ချေ မရှိဘူးလားဆိုတာကို အကျဉ်းရုံ နိဂုံးချုပ်သုံးသပ်ပေးပါ။

ဖြေ ။ ။ တချို့သော လူ ပုဂ္ဂိုလ်များကို ပထမ (၅) နှစ်မှာတုန်းလိုပဲ ဆွဲဆောင်စည်းရုံးပြီးတော့ အစိုးရဖွဲ့တာမျိုး ဖြစ်လာနိုင်တယ်။ အဲဒီလို ဖြစ်တဲ့အတွက်ကြောင့်မို့ လွန်ခဲ့တဲ့ (၅) နှစ်ထက် အခြေအနေ သိပ်ထူးမယ်လို့ မထင်ပါဘူး။ အဲဒီအတိုင်းပဲ ပြန်ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

XS
SM
MD
LG